U - Z

MARB : Zartar (2)

မြန်မာနိုင်ငံလွတ်လပ်ရေးဇာတာ (၂)

ဗြိစ္ဆာလဂ်သခင်မှာ ၃င်္ဂါဂြိုဟ်ဖြစ်သည်။ ၃င်္ဂါဂြိုဟ်သည် ၆တန့်ဘာဝ၊ မကောင်းသော ဒုဌာနဘာဝသခင်ဂြိုဟ်လည်း ဖြစ်သည်။ လဂ်သခင်ဂြိုဟ်သည် မကောင်းသော ဒုဌာနသခင်ဂြိုဟ်လည်းဖြစ်မူ လဂ်ဘာဝရပ်တည်လျှင် (သို့မဟုတ်) ၆တန့်ဘာဝရပ်တည်လျှင် ၃င်္ဂါဂြိုဟ်၏ဒသာကာလ၌ ကောင်းကျိုးများ ရရှိတတ်သည်။ အခြားဘာဝတွင် ရပ်တည်ခဲ့ပါက မူလတြိဂုဏ်းရာသီ ကျရောက်သောဘာဝ၏ အကျိုးရလဒ်များကို ပိုမိုဖြစ်ပွားစေတတ်သည်။ လောကီရေးရာနက္ခတ္တဗေဒပညာရပ်တွင် ၃င်္ဂါဂြိုဟ်သည် စစ်သားများ၊ ခွဲစိတ်ကုသသူများ၊ ကာကွယ်ရေးဌာနအမှုထမ်းများ၊ ကြည်းတပ်၊ ရေတပ်၊ စစ်မက်ဖြစ်ပွားခြင်း၊ ငြင်းခုန်ခိုက်ရန်ဖြစ်ပွားခြင်း၊ ပဋိပက္ခများ စသည်တို့နှင့် သက်ဆိုင်သည်။ လောကီရေးရာနက္ခတ္တဗေဒပညာရပ်တွင် ၆တန့်ဘာဝသည် နာမကျန်းဖြစ်မှုများ၊ ပြည်သူ့ကျန်းမာရေး၊ တပ်မတော်၊ စစ်တပ်၊ ကြည်းတပ်၊ ရေတပ်၊ စစ်သဘ်ာများ၊ အလုပ်သမားလူတန်းစားစသည်တို့ကိုညွှန်ပြသည်။

၁၀တန့်ဘာဝသည် မင်းအစိုးရ၊ တော်ဝင်မိသားစု၊ အုပ်ချုပ်ရေးအာဏာ၊ အထက်တန်းလွှာ၊ မြင့်မြတ်သောဂုဏ်အသရေရှိ လူမှုအဖွဲ့အစည်း စသည်တို့ကို ညွှန်ပြသည်။ လဂ်သခင်, ၆တန့်သခင် ၃င်္ဂါဂြိုဟ်သည် လဂ်မှ၁၀တန့်ဘာဝ သိဟ်ရာသီတွင်ရပ်တည်သည်။ သိဟ်ရာသီသည် ခြသေ့်ရုပ်ပုံ ကြယ်နက္ခတ်အစုအဝေး ရှိသောတေဇောရာသီ၊ မင်းသမ္မတ တေဇောဂြိုဟ် ၁နွဂြိုဟ်ပိုင် တော်ဝင်ရာသီဖြစ်သည်။ တေဇောဂြိုဟ် လဂ်သခင်, ၆တန့်သခင် ၃င်္ဂါဂြိုဟ်ရပ်တည်သောအခါ တေဇောဓာတ် လွှမ်းမိုးမှုများသည် မြန်မာပြည်သူများနှင့် တပ်မတော်သည် လွတ်လပ်ရေး တည်တန့်ခိုင်မြဲရေး၊ တိုင်းပြည်ကြီးပွား တိုးတက်ရေးတို့ကို စိတ်အားထက်သန်စွာနှင့် ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ လဂ်သခင် ၃င်္ဂါဂြိုဟ် ၁၀တန့်ဘာဝ ရပ်တည်ခြင်းမှာ တိုင်းပြည်နှင့်ပြည်သူတို့ အဆင့်အတန်းရှိရန်၊ ထင်ရှားကျော်ဇောရန် ဖြစ်သည်။ သိုသော် ၃င်္ဂါဂြိုဟ်သည် သဘာဝပါပဂြိုဟ်ဖြစ်ခြင်း၊ ၆တန့်ဘာဝ ဒုဌာနသခင်ဖြစ်ခြင်း၊ ၆တန့်ဘာဝဒုဌာနကာရကဂြိုဟ်ဖြစ်ခြင်း၊ ပထဝီမြေဓာတ်ရာသီနှင့်ပဋိဃတ်မတည့်သော လေဓာတ်အဆက်တွင် တည်ရှိသော တတွဒေါသသင့်နေသော နက္ခတ်ပါဒ်များ သခင်ဂြိုဟ် ဖြစ်သည်။ ပါပဂြိုဟ်သည် ရပ်တည်ရာ၊ မြင်ရာ၊ ယှဉ်ရာ၊ ရာသီ ဘာဝတို့၏ အင်အားကိုဆုတ်ယုတ်စေသည်မှာ အခြေခံဥပဒေသ ဖြစ်သည်။ သို့သော် ဘာဝသခင်ဂြိုဟ်သည် ပါပဖြစ်စေ၊ သောမဖြစ်စေ မိမိပိုင်ရာသီကိုပြန်၍ မြင်ပါက ထိုဘာဝ၏ အင်အားကို တိုးတက်စေသည်။ သို့ဖြစ်၍ လဂ်သခင်၃င်္ဂါဂြိုဟ်သည် မိမိပိုင်ဗြိစ္ဆာရာသီ လဂ်ဘာဝကို ပြန်မြင်သောကြောင့်အများပြည်သူနှင့် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော တပ်မတော်တို့ တိုက်ခိုက်ရယူထားသော လွတ်လပ်ရေးမှာ ဆုံးရှုံခြင်းမရှိတော့ပေ။

လွတ်လပ်ရေးဇာတာအရ ၁၉၄၈ခုဇန်နဝါရီ၄ရက်မှ ၁၉၅၄ခု မတ်လ၁၁ရက်နေအထိ ၃င်္ဂါဂြိုဟ်ထူလဒသာ စားသည်။ ၃င်္ဂါဂြိုဟ်သည် ၆တန့်ဘာဝ ဒုဌာနသခင်ဂြိုဟ်လည်း ဖြစသည်။ လဂ်မှ၁၀တန့်ဘာဝ သိဟ်ရာသီတွင် ဝဂ္ဂုတ္တမနဝင်း စီးနင်းရပ်တည်သည်။ ဒုဌာနသခင် ပါပဂြိုဟ်သည် ရပ်တည်ရာ မြင်ရာ၊ ယှဉ်ရာ၊ ရာသီဘာဝဂြိုဟ်နက္ခတ်တို့၏အင်အားကို ဆုတ်ယုတ်စေသည်။ သို့ဖြစ်၍ ၆တန့်သခင် ၃င်္ဂါဂြိုဟ်သည် မိမိရပ်တည်သော သိဟ်ရာသီ ၁၀တန့်ဘာဝ၊ အထူးမြင်သော ဗြိစ္ဆာရာသီ လဂ်ဘာဝ၊ မိန်ရာသီ၊ ၅တန့်ဘာဝ သမသတ်မြင်သောကုံရာသီ ၄တန့်ဘာဝတို့ အင်အား ဆုတ်ယုတ်နည်းပါးသည်။ လွတ်လပ်ရေးရပြီး မကြာမီရောင်စုံသူပုန်များ ထကြွကာ ပြည်တွင်းစစ်ကြီးစတင်ဖြစ်ပွားသည်။ မြန်မာ့တပ်မတော်နှင့် အစိုးရတို့မှာ ပတ်ချာလည် ဝိုင်းနေသောရန်သူများကို အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။ ရန်ကုန်တစ်မြို့တည်းသာကျန်တော့၍ ရန်ကုန်အစိုးရဟု သရော်ခြင်းခံရသည်။ ။(စာရေးဆရာမြတ်ထန် ရေးသားသော တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန်စာအုပ်ကို ဖတ်ကြည့်ပါ။)

ဒေါက်တာကံညွန့်

မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့

May be an image of text

Categories: U - Z

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s