by Dr. Nyunt Wai (Victor)

အသက်ပြင်းပြင်းအကြိမ်နည်းနည်းရှူတာ နဲ့ အသက်ပျော့ပျော့ အကြိမ်များများရှူတာ ဘယ်ဟာ ပိုအောက်စီဂျင် ရလဲ
တစ်ကြိမ်ရှူ လေ ၆၀၀ မီလီလီတာ
တစ်မိနစ် ၁၀ ကြိမ်ရှူ လျင်တစ်မိနစ်ရှူသွင်းလေ = ၆၀၀ x ၁၀ = ၆၀၀၀ မီလီလီတာ
တစ်ကြိမ်ရှူ လေ ၂၀၀ မီလီလီတာ
တစ်မိနစ် ၃၀ ကြိမ်ရှူ လျင်တစ်မိနစ်ရှူသွင်းလေ = ၂၀၀ x ၃၀ = ၆၀၀၀ မီလီလီတာ
တစ်မိနစ်ရှူသွင်းလေ ချင်းတူတူပဲ။ ၆၀၀၀ မီလီလီတာ။
သို့သော်အောက်စီဂျင်စိမ့်ဝင်နိုင်သောလေအိပ်များဆီရောက်သည့်လေ ပမာဏချင်းကွာခြားပါသည်။
တစ်ကြိမ်ရှူ လေ ၆၀၀ မီလီလီတာ တွင်အောက်စီဂျင် စိမ့်ဝင်နိုင်ခြင်းမရှိသော လေပြွန်များ (နေရာသေ) တွင် ၁၅၀ မီလီမီတာ နေရစ်ခဲ့သောကြောင့်၆၀၀ -၁၅၀ = ၄၅၀ မီလီမီတာ သာ လေအိပ်များဆီရောက်ပါသည်။ အောက်စီဂျင်ရပါသည်။တစ်မိနစ် ၁၀ ကြိမ်ရှူ သောကြောင့် တစ်မိနစ် လျင်လေ ၄၅၀ x ၁၀ = ၄၅၀၀ မီလီမီတာ လေအိပ်များဆီ ရောက် ပါသည်။
တစ်ကြိမ်ရှူ လေ ၂၀၀ မီလီလီတာ တွင်အောက်စီဂျင် စိမ့်ဝင်နိုင်ခြင်းမရှိသော လေပြွန်များ (နေရာသေ) တွင် ၁၅၀ မီလီမီတာ နေရစ်ခဲ့သောကြောင့်၂၀၀ – ၁၅၀ = ၅၀ မီလီမီတာ သာ လေအိပ်များဆီရောက်ပါသည်။ အောက်စီဂျင်ရပါသည်။တစ်မိနစ် ၃၀ ကြိမ်ရှူ သောကြောင့် တစ်မိနစ် လျင်လေ ၅၀ x ၃၀ = ၁၅၀၀ မီလီမီတာ လေအိပ်များဆီရောက် ပါသည်။
အသက်ပြင်းပြင်းအကြိမ်နည်းနည်း(ဥပမာ တစ်ကြိမ်ရှူ လေ ၆၀၀ မီလီလီတာတစ်မိနစ် ၁၀ ကြိမ်) ရှူတာ ကအသက်ပျော့ပျော့ အကြိမ်များများ(ဥပမာ တစ်ကြိမ်ရှူ လေ ၂၀၀ မီလီလီတာတစ်မိနစ် ၃၀ ကြိမ်) ရှူတာထက်အောက်စီဂျင် ပိုရပါသည်။
ပြင်းပြင်းရှည်ရှည်လေး အသက်ရှူကြပါစို့။
Categories: A B C