Mi Aung

MA : Mi Aung (35)

အမှတ်ရမိတယ်

ထူးခြားတဲ့စွမ်းရည်ရှိတယ်ဆိုတာ သူ့ရဲ့ပင်ကိုယ်ဗီဇမို့ လုပ်ယူလို့မရပါဘူး။ အားကျလို့ကြိုးစားရင်တော့ ရနိုင်ပေမဲ့ သူ့လောက်တော့အစွမ်းထက်မှာမဟုတ်ပါ။

အော်၊ ဒီမနက်ပုဇွန်ဆီလေးကို ကြက်သွန်ဖြူလေးဆီသတ်ရင်းနဲ့ အမေကြိုက်တတ်တာလေးမို့သတိတွေရပြီးလွမ်းမိသွားတာ။ ကျမတို့ဒဂုံကိုပြောင်းလာပြီး မကြာခင်မှာဘဲ ကျမတို့အိမ်ရှေ့အိမ်ကမီးစပြီးလောင်ပါရော။ နေ့လည်ဆို အမေတစ်ယောက် ထဲအိမ်မှာကျန်ခဲ့တာမို့၊ အိမ်ရှေ့တံခါးမကြီးကပိတ်ထားရပါတယ်။ အဲ့ဒီအချိန်မှာ အမေက နေ့လည်စာခေါက်ဆွဲပြုတ် လေးထိုင် သောက်နေတုန်း ခေါင်ရင်းပြူတင်းပေါက်လေးကို ကြည့်နေတာ၊ အိမ်ရှေ့အိမ်က မမြင့်က သူ့ရဲ့”ချိ”နေတဲ့သ္မီးလေးကို မနိုင်မနင်းနဲ့ဆွဲပြေးတာတွေ့လို့ထွက်ကြည့်မှမီးလောင်နေမှန်းသိရတာ။ အမေက နားလေးတော့ အော်သံမကြားရရှာဘူးလေ။ အမေလဲအိမ်ပေါ်ထပ်ကသေတ္တာကိုတက်ဆွဲသေးတာတဲ့။ မနိုင်တော့ ဒီအတိုင်းထားခဲ့ပြီး၊ဘေးပေါက်ကထွက်လို့ သော့ခတ်၊ အိမ်ရှေ့က ခြံစည်းရိိုးခတ်ထားတဲ့ ဝါးကပ်တွေကိုတွန်းလှဲပစ်တာ၊ ပြီးတော့မှနောက်ဖေးခြံစည်းရိုးက်ိုပါတွန်းလှဲပြီး၊ နောက်ဖေးခပ်လှမ်းလှမ်းကနေ အိမ်ကိုစောင့်ကြည့်နေရတယ်တဲ့။ မီးလောင်တယ်ဆိုလို့ ပြေးလာကြတဲ့ ဦးအေးသိန်းနဲ့ ဦးလှရွှေတို့က “အမေကြီးမကြောက်နဲ့” ဆိုပြီး၊လက်ကိုဆွဲထားကြတာ၊အိမ်ကိုဆွမ်းခံကြွတဲ့ဘုန်းကြီးနဲ့ကိုရင်လေးတွေကလဲ အိမ်က အုတ်ကန်ထဲကရေတွေနဲ့ခပ်ပြီး၊ပက်ကြတာပေါ့။ (အုတ်ကန်ကို ကျမတို့ညီအစ်မကအမြဲ ရေပြည့်အောင်ဖြည့်ထားတတ် လို့တော်ပါသေးရဲ့။ အလုပ်ကပြန်လာရင် ရေတုံကင်လေးကို သူအချက်တစ်ရာ၊ကိုယ်အချက်တစ်ရာနှိပ်ပြီး ရေဖြည့်ရတာ။) မီးသတ်ကားကလဲ လမ်းကိုပတ်ပြီးရှာနေရတာနဲ့အိမ်၂လုံးခွဲလောက်ကုန်သွားပြီးမှ မီးငြိမ်းသွားတာ။ အဲ့ဒီအချိန်က “မြို့”ဆိုပြီး သာ ပြီး၊ရေခပ်တိုက်ရသေးတာ။ ဥာဏ်ကလဲအတော်ပြေးတဲ့အမေ။ မီးလောင်တဲ့အကြောင်းကိုလာပြီး စစ်ကြ၊မေးမြန်းကြတော့ ကျမတို့အိမ်ထဲကို ဝင်ပြီးထိုင်ကြတော့ အမေကအိမ်ပေါ်ထပ်တက်တဲ့လှေခါးမှာထိုင်ကြည့်နေတာတဲ့။ အိမ်ပေါ်ကို လူတက်လို့ မရအောင်ပိတ်ပြီးထိုင်ထားတာပါတဲ့လေ။ သူဘဲတွေးမိတယ်။

တနေ့လုံး အိမ်မှာတစ်ယောက်ထဲထားခဲ့ရတာစိတ်မချပေမဲ့လဲ၊ အလုပ်လုပ်မှဖြစ်မှာမို့ ထားခဲ့ရတာပါဘဲ။ ထားခဲ့ရင်လဲ ကျမတို့ လမ်းထိပ်မရောက်သေးဘူး၊ အမေက ဓါးတစ်ချောင်းနဲ့အပြင်ရောက်နေပြီ။ မြက်ကိုတစ်ပင်မှမကျန်အောင်ရှင်းတာ။ အမြစ်ပါကုန်မှ ပြန်မထွက်မှာလို့လဲပြောတတ်သေးတာ။ “အပြင်မထွက်ပါနဲ့အမေရယ်” လို့ပြောရင် “အေးပါ၊အေးပါအေ၊ အမေ့ကိုစိတ်မပူနဲ့၊အလုပ်ကိုသာဖြောင့်ဖြောင့်သွားလို့” ပြောပြီးထင်ရာလုပ်တော့တာ။

နောက်တော့ အမေ အပြင်မထွက်အောင် ဥာဏ်ကူရတယ်။ စာစောင်တွေမှ ပြည်သူ့ခေတ်၊ ဆဲဗင်းဒေး၊ Good Health,စတဲ့ စာစောင်တွေ ဝယ်လာပေးရတာ။ စာဖတ်နေရင် အပြင်မထွက်တော့ဘူးလေ။ စာစောင်ဘဲဖြစ်ဖြစ် သတင်းစာဘဲဖြစ်ဖြစ် ဖတ်ပြီဆိုရင်တော့ အစကနေအဆုံးဖတ်တာ။ မှတ်လဲမှတ်မိပါ့။ တခါတလေ အမေရေ ရုရှားသမတကဘယ်သူပါလိမ့်ဆို “ပူတင်း”လေအေလို့ပြောလို့ရယ်ရသေးတာ။ (နားလေးတော့ အသံထွက်မမှန်တာပေါ့။) မိုးရွာနေရင်အပြင်မထွက်တော့ မိုးရွာနေပါစေလို့ ဘဲဆုတောင်းရမလို။ အမေကသိပ်ချမ်းတတ်တာ။ ကျမတို့တွေငယ်ငယ်ကဆို အမေချမ်းတယ်ဆိုရင် လိုက်ချမ်းရပြီး၊ အနွေးထည်ဝတ်ခိုင်းတတ်တာ။တခါတလေ ကျမတို့တွေကအနွေးထည်မဝတ်ချင်ရင်စိတ်တိုရတာပေါ့။ ဒါပေမဲ့ အမြဲတမ်းသူ့အလိုကိုလိုက်ခဲ့ကြရတာမို့ ခဏတော့ ဟန်ပြဝတ်လိုက်ကြရတာပါဘဲ။~

အုန်းသီးခူးနည်းလေးလဲပေးပါရစေ။ကျ မတို့အလုပ်ကပြန်ရောက်တော့ လမ်းထိပ်ကမအေးကိုခေါ်ပေးစမ်း၊ အမေ အုန်းသီး တွေရောင်းမလို့”ဆိုတော့ အံ့သြပြီး၊ ဘယ်သူခူးပေးပါလိမ့်ပေါ့။ အမယ်လေး၊ အုန်းသီးကို အောက်ကနေ ဝါးလုံးနဲ့ထိုးချတာတဲ့။ အဲ့ဒီလို ဆိုးပါတယ်ဆို။ဝါးလုံးနဲ့ထိုးပြီးအမေကထွက်ပြေးတာပေါ့တဲ့လေ။ အမေ့ဆီမှာ ခြံရှင်းတဲ့လက်နက်အစုံရှိတယ်။ ကျမတို့ က လမ်းသွားခါနီးရင် အကုန်ဖွက်ထားခဲ့ကြရတာ။ ပြန်ရောက်ရင်တော့ သူ့ပစ္စည်းတွေရှာမတွေ့လို့ ပူညံ၊ပူညံ။ အပင်တွေရေ လောင်းရင်လဲ ကျမတို့ကအပူရှပ်မှာစိုးရိမ်လို့အော်၊ အမေကတော့ဂရုကိုမစိုက်တာ။ သရက်ပင်ကို တောင်ရေ လောင်းပါ တယ်ဆိုမှတော့။ ကလေးငယ်ငယ်မရှိပေမဲ့ အမြဲတမ်းအသံထွက်နေတာ ဒေါ်ခင်မေ တို့အိမ်ပါ။

အမှတ်ရမိတာလေးတချို့ပါ။ ပြောလို့ကုန်နိုင်မှာမဟုတ်လို့ – – – –
တကယ်တော့ အမေ တော်လို့သာ ဒီအခြေအနေအထိနေနိုင်တာပါ။သိပ်လွမ်းတာဘဲ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s