Sports

TN : Khin Runner

တာဝန်ကြေ ခဲ့ပါသည်

by Ko Thein (Tokyo)

Khin Runner .မြန်မာ့ အပြေးမယ် (ဒေါ် )ခင်ခင်ထွေး( မာဆယ် )။ ဖေ့ဘုတ်အမည် Khin Runner (၅၄နှစ်)သည်အသဲရောဂါဖြင့် (၃၀-၉-၂၀၂၁) ည ၁၁နာရီ၁၅မိနစ်တွင်ကွယ်လွန်သွားကြောင်းသည်သိရသည်။ စိတ်မကောင်ပါ။ ဟိုးရှေးယခင်က မြန်မာ အမျိုးသမီးလေးများမှာ ဗိုင်ကောင်းကျောက်ဖိ။ ခြေတစ်လှမ်း ကုဋေတစ်သန်း။ မိန်းမတို့အိန္ဒြေ ရွှေပေးလို့မရ။ စသည့် စကားပုံများအတိုင်းနေကြထိုင်ကြသည်။ အများကလည်းထိုသို့နေမှ အဖိုးတန်ဟုသတ်မှတ်ခဲ့ကြသည်။ အားကစားမှာ မြန်မာမလေးတို့အလှမ်းဝေးခဲ့သည်။ ဦဇော်ဝိတ်တို့ကမြန်မာ အမျိုးသမီးများကမ္ဘာ နှင့်အတူရင်ဘောင်တန်း ယှဉ်ပြိုင်နိုင် ရေးအားပေးခဲ့သည်။ စည်းရုံးခဲ့ကြသည်။ အမျိုးသမီးအားကစားသင်တန်းများ။ ပြိုင်ပွဲများစလုပ်ပေးခဲ့သည်။

စမ်ချောင်း ပဒုမ္မာကွင်းမှာမိန်းခလေးငယ်များဘောင်းဘီတိုဖြင့်အားကစားလေ့ကျင့်နေမှုကိုအထူးအဆန်းဖြစ်နေခဲ့ကြသည်။ ဝေဖန်ကဲ့ရဲ့ ပစ်တင်ကြသူကမနဲ။ ၁၉၄၁ဘီအေအေကွင်းမှာမြန်မာ့အမျိုးသမီးအားကစား ပြိုင်ပွဲကျင်းပရာ အမျိုးသမီး ငယ်၈၀ ခန့်ဝင်ပြိုင်ခဲ့ကြသည်။ ကရင်မယ် ရိုလင်သာ ရွှေသွင်က တံခွန်စိုက်ဆုရသည်။ ၁၉၅၄ မနီလာတတိယအကြိမ်အာရှ အားကစား ပြိုင်ပွဲမှာမှ မခင်ဌေးနှင့်လီလီကြာညွန့်တို့ကသံပြားဝိုင်းနှင့်သံလုံးပစ် စဝင်ပြိုင်ခွင့်ရခဲ့သည်။ ၁၉၆၂ ဂျာကာတာ အာရှအားကစား ပြိုင်ပွဲတွင်မြင့်မြင့်အေးကငွေတံဆိပ်ရခဲ့သည်။ နောက်ပိုင်းတဖြေးဖြေးအရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲမှာ မြန်မာ့ အမျိုးသမီးအားကစားမယ်များဆုတံဆိပ်များဆွပ်ခူးလာနိုင်ခဲ့ကြသည်။

ထိုအထဲတွင်ခင်ခင်ထွေးက ဆူပါ။ ၁၉၈၃မှ ၁၉၉၁ အရှေ့တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲများမှာတာလတ်အပြေး မီတာ ၈၀၀ ရွှေ(၁) မီတာ၁၅၀၀ရွှေ(၃) မီတာ၃၀၀၀ရွှေ(၄) မီတာ၅၀၀၀ရွှေ(၁) မီတာ၁၀၀၀၀ရွှေ(၁) ။ စုစုပေါင်းရွှေဆယ်ကြိမ် အပြင် ငွေ(၃)ကြေး(၃)ရခဲ့သည်။ အာရှအဆင့်တွင်ရွှေ(၁)ငွေ(၁)ကြေး(၄)ရခဲ့သည်။ ပြိုင်ပွဲပေါင်းစုံတွင်ရွှေ ၂၈ဆုရခဲ့သည်။ ၁၉၈၈ဆိုးလ်။ ၁၉၉၂ဘာစီလိုနာ။ ၁၉၉၆အတ္တလန္တာ အိုလံပစ်တို့မှာဝင်ပြိုင်ခွင့်ရခဲ့သည်။ ခင်ခင်ထွေး၏မီတာ၁၅၀၀ နှင့်၃၀၀၀အပြေးစံချိန် မှာယနေ့ထိ မြန်မာ့စံချိန်ဖြစ်နေသည်။

ခင်ခင်ထွေးမှာ Assistant Director at Ministry of Agriculture Livestock & Irragation မှာတာဝန်ထမ်ဆောင်းခဲ့ပြီး မြန်မာ့အမျိုးသမီးပြေးခုန်ပစ် နည်းပြတာဝန်လည်းယူထားသည်။ ၂၀၂၀ တိုကျိုအိုလံပစ်အတွက်မြန်မာ့ အိမ်ရှင် (Host Town) အဖြစ်ဆိုင်းတမခရိုင်။ ဆူရူဂါရှီးမားမြို့လေးက တာဝန်ယူသည်။ ထိုမြို့လေးမှာကျနော်တို့မြန်မာ ကျောင်းသားများကို စကော် လားရှစ်ဆုပေးသော ဆေးဂျိ အီမအီဇုမိစံကနေသည်။ အီမအီဇုမိ စံထံကျွန်တော်တို့မြန်မာကျောင်းသူ/ သားများကဝင် ထွက်သွား လာ နေကြရင်းထိုမြို့လေးနှင့်မြန်မာကအဆက်အသွယ်ရပြီးသူတို့မြို့လေး ကမြန်မာအားကစား အသင်းက ဝန်ယူခဲ့ခြင်းဖြစ်သည်။ အိုလံပစ်အကြို မြန်မာအားကစားသမားများကို သူတို့ကဖိတ်သည်။ဂျူဒိုနည်းပြ ဦးညာဏ်စိုးဦးဆောင်သော ဂျူဒိုအဖွဲ့နှင့်ဒေါ်ခင်ခင်ထွေးဦးဆောင်သောပြေးခုန်ပစ်အဖွဲ့(၂၆-၈-၂၀၁၉)နေ့ကရောက်လာသည်။သူတို့ရှိတုန်း(၁-၉-၂၀၁၉)နေ့ကရေတကယ်ပက်သောသင်္ကြန်ပွဲကိုမြို့နယ်ကကျင်းပပေးသည်။ သူတို့မြန်မာအားကစားအဖွဲ့ကို ဂျပန်ရောက့်မြန်မာအများ ကဝမ်းပန်းတသာကြိုဆိုဧည့်ခံကြသည်။ ရက်နဲနဲမှာပွဲစဉ်ကမပြတ်။ဆုငွေ။လက်ဆောင်အများပေးကြသည်။ ဦးညာဏ်စိုးက “ခင်ခင်ထွေးက မြင်းဝင်စားတာ” ဟုကင်ပွန်းတပ်သည်။ ထို့အတွက်ကျနော်ကမှတ်မှတ်ရရ ဂျပန်မြင်းရုပ်ကလေးတစ်ကောင်နှင့် ဂျပန်ကီမိုနိုထမီ တစ်ထည်ပေးလိုက်သည်။ သူ့မှာပျော်လို့။ တလောကဆေးရုံတက်နေရသည်ဟုကြားသည်။ ပြန်လည်သက်သာ လာပြီဟုလည်းသိလိုက်ရသည်။ ခုတော့ရုပ်တရက် ကွယ်လွန်သွားရှာပြီတဲ့။ဝမ်းနည်းရပါ၏။ စိတ်မကောင်းပါ။ သူ့လူ့ဘဝသက်တန်းလေးမှာမြန်မာ့အမျိုးသမီးအားကစားလောကအတွက်တာဝန်ကြေခဲ့ပါ၏။ Khin Runner တရောက် ကောင်းရာသုဂတိလားပါစေ။

ကိုသိန်း ( တိုကျို ) (၁-၁၀-၂၀၂၁)

Khin Khin Htwe
Khin Khin Htwe and Thein Ngwe

Categories: Sports

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s