A - E

HM : Cartoon Box

U Myint Pe (M72) wrote :

RIT ခေတ်တောက်လျှောက်မှာ cartoon box ဟာ ကျောင်းသားနဲ့ ဆရာ ဆက်ဆံရေး၊ ဝေဖန်ရေးအတွက် ထောက်တိုင်တစ်ခု ဖြစ်ခဲ့တဲ့အပြင် တခြားသော ပြင်ပသတင်းစာများမှာ ပိတ်ပင်ခြင်းခံရသော ကာတွန်းများကို လွတ်လပ်စွာ ဖော်ပြနိုင်တဲ့ သမိုင်းဝင် နေရာတစ်ခုဖြစ်ပါတယ်။

လက်ရှိ YTUမှာ ကာတွန်းယဉ်ကျေးမှုဟာ ယခင်RIT နဲ့ စာရင် စိတ်မကောင်းဖွယ် မှေးမှိန်နေတာ အမှန်ပါ။ ဒါ့ကြောင့် မှေးမှိန်နေတဲ့ ကျောင်းတော်ကြီးရဲ့ ကာတွန်းယဉ်ကျေးမှုကို ပြန်လည်မြှင့်တင်ဖို့ အချိန်ကျရောက်နေပြီ ဖြစ်တဲ့အတွက် ဒီ Rebirth of cartoon box ကို အခုအချိန်ကနေစတင်ဆောင်ရွက်တော့မှာပါ။

Cartoon box တစ်ဖန် မွေးဖွားရာမှာ
၁။ကျောင်းသားဟောင်းများနှင့် လက်ရှိ ကျောင်းသားများအကြား ပိုမိုချိတ်ဆက်နိုင်ရေး၊
၂။ကျောင်းတွင်းအခြေအနေအရပ်ရပ်ကို ထိရောက်စွာ ဝေဖန်နိုင်ရေး၊
၃။စွယ်တော်မြေ၏ ကာတွန်းယဉ်ကျေးမှုပြန်လည်ရှင်သန်ရေး ဆိုတဲ့ ရည်မှန်းချက်သုံးရပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။

ဒီ့အတွက် Cartoon box ရဲ့ မျက်နှာစာလေးခုအနက်
က။ ပထမစာမျက်နှာမှာ လက်ရှိကျောင်းသားတွေရဲ့ ကာတွန်းနဲ့ စာပေ၊အနုပညာလက်ရာတွေ
ခ။ ဒုတိယစာမျက်နှာမှာ ကျောင်းသားဟောင်းတွေရဲ့ ကာတွန်းအသစ်တွေ
ဂ။ တတိယမှာ RIT ခေတ် ကာတွန်းတွေ
ဃ။ စတုတ္ထမှာ တခြားသော ပြင်ပမှ လာရောက် ပြသလိုသူတွေရဲ့ ကာတွန်းတွေကို ပြသသွားမှာပါ။ အသေးစိတ်ကိုလည်း လစ်ဟာချက်များကို မူတည်ပြီး ထပ်မံဆွေးနွေးပြင်ဆင်သွားမှာပါ။

ကဲ အားလုံးပဲ အခုအချိန်က စပြီး YTU ရဲ့ cartoon box မှာ မိမိပြသလိုတဲ့ ကာတွန်းကို ပြသရင်း ကျောင်းတော်ကြီးရဲ့ ကာတွန်းယဉ်ကျေးမှုနဲ့ cartoon box ပြန်လည်မွေးဖွားရာမှာ ပါဝင်ကြပါလို့ တိုက်တွန်းလိုပါတယ်။

Categories: A - E

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s