Poems and Translations

Knee (Poem) *

သည်ယနေ့ ၁၆ အောက်တိုဘာ ၂၀၂၁

“ဒူး.. ” ဆိုင်ရာ ကဗျာကို ၁၁ ဩဂုတ် ၂၀၂၁ရက်စွဲဖြင့် ဖြစ်ရပ်တစ်ခုအတွက် ရေးသားခဲ့။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွက် ဤ “ဒူး “ကဗျာကပဲ ဖြစ်စဥ်တစ်ခုအား ကိုယ်စားပြုလာပြန်သောကြောင့် …” ဒူး…” ဇာတ်လမ်း (ဇာတ်ညွှန်း) ကိုပင် ဇာတ်ကွက်မတူ ကွဲပြားသော ဇာတ်လမ်းတွဲ အဖြစ် ရေးသားရိုက်ကူးရတော့မည်လားမသိ…။

” ဒူး ”

ဒူး ဆိုတာဟာ….
ထောက်စရာအင်္ဂါတစ်ခု မဟုတ်။

ကလေးငယ်တွေ
ခုန်ပေါက်နေကျ
ပြေးလွှားကြနဲ့
ပွန်းပဲ့ ထိခိုက်
နာကျဥ် စူးရှိုက်သံ
ဟစ်အော်ညံလည်း
တစ်ဖန် ရုန်းကြွ
ကျားကန်ထ….
ဘဝ အားမာန် ပြယုဂ်တကား။

လောကမှာ….
ဒူးဆိုတာဟာ
ကွေးစရာ
ဆန့်တန်း ​မျှော်မှန်းတဲ့
ပစ်မှတ် ပို့ပေးတတ်တယ်။

လောကကြီးမှာ
ဒူး ဆိုတဲ့အင်္ဂါဟာ
ထောက်စရာဘယ်တော့မှ
ဖြစ်လာကြမှာ မဟုတ်..
သရုပ် ပီပီ
ယုံကြည်ချက်မှန်
ပြင်းထန်သူတွေရဲ့ စွဲကိုင်ရာ။ ။

တက္က သို လ် မိုး ဝါ
၁၁ ဩဂုတ် ၂၀၂၁ ( မွန်းလွဲ ၁: ၂၀ )

Knee

Knee is …
not a body part to yield and surrender [by kneeling]

Children
while jumping, leaping
running, playing
might get bruises and aches
might moan and wail
for a while
but bounce back [bravely]
in no time …
display of life’s strength and durability

In life …
knee can be
used effectively for flexing
aiming and directly hitting a target [in sports and martial arts]
straight on

In the world [of the just and the brave]
knee is a body part that
that will never ever surrender …
pragmatic, realistic
deeply committed people’s
tool [for displaying valor and dedication]

Tekkatho Moe War

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s