Update : December 4, 2021
စာရေးသူရေးခဲ့သော ကဗျာပေါင်းမြောက်မြားစွာအနက်အကြိုက်နှစ်သက်ဆုံး ကဗျာများထဲမှ တစ်ပုဒ်….
ချစ်သောသူအတွက် အမှတ်တရလည်း ဖြစ်၊
စီးပွားရေး တဖြည်းဖြည်း ချွတ်ခြုံကျ သွားသော နိုင်ငံ့သမိုင်းစာမျက်နှာ တစ်မျက်နှာကိုလည်း လှစ်ဟပြနေသည့် ကဗျာလည်းဖြစ် သောကြောင့်အနှစ်သက်ဆုံးဟု ပြောရခြင်းဖြစ်သည်။
ယင်းကဗျာကို အမေရိကမှ ကိုလှမင်း (Ec 69) က အင်္ဂလိပ်သို့လှပစွာ ဘာသာပြန်ပေးထားသည်ကို ဖတ်ရှုခံစားကြည့်ကြပါ။
” ကဗျာ လက်ဆောင် “
သံယောဇဉ် ကြိုး၊ လွန့်စ ပျိုးသော
လှုပ်နှိုးထိယှက်၊ သူ့ မွေးရက်တွင်
‘လျှို့ဝှက်သဲဖို’ မဂ္ဂဇင်း
ရင်တွင်း သိမ့်အေး၊ ပိုးကြေး ပန်းကြေး
လက်ဆောင်ပေးဆက် ဖူးပါသည်။
မေတ္တာမျှပြီး
သမီိးရည်းစား ဘဝ၊ ယုယကြည်မွေ့
ခင့် မွေးနေ့တွက်၊ ရွှေလက်စွပ် တစ်ကွင်း
လက်ဆောင်နှင်းဆက် ဖူးပါသည်။
တွဲညှာ ရွှေလက်
မင်္ဂလာဦး ရက်လွန်၊ ရွေ့ကျွံ လျင်မြန်
ရောက်ပြန် အောက်မေ့၊ ခင့်မွေးနေ့မှာ
ဂိုယာ ရေမွှေး
လက်ဆောင်ပေးဆက် ဖူးပါသည်။
တို့ ခရီးသည်
သိပ်သည်း ထူထပ်၊ ရင်လှပ် မောလျ
အမှောင်ည တည့်
ဝေးစွ ပန်းတိုင်၊ ယိုင်သည်လည်း ရှိ
ကြည့်လည်း မမြင်၊ ဆင်ခြင် ထောက်ရှု
ကျွေးမှု ဆင်မှု၊ အဖု အထုံး
လွန့်ရုန်း မရ၊ ပစ္စက္ခ အလယ်
မျက်နှာငယ်ကြား၊ မမေ့အား သင့်
ခင့် ရည်စူးချက်၊ မွေးနေ့ရက်မှာ
ရတနာ ပစ္စည်း၊ ကျပ်တည်း လဲယိုင်
မပေးနိုင်ပါ
သည် ကဗျာနုပ်၊ လက်ဆောင်ထုပ်ကြောင့်
ဂုဏ်ပုဒ် ညှိုးနွမ်း သွားမည်လား။ ။
(ချစ်ဇနီး….သို့ )
တက္ကသိုလ် မိုးဝါ
( ကလျာ – ၁၉၈၈ခု )
Kabyar Let Saung
by Saya U Moe Aung (Tekkatho Moe War)
String of attachment — then in its infancy
grew beyond proportion — on her birthday
to express my deepest feelings — while courting her
I gave “Sho Whet The Pho” (Mystery/Thriller) Magazine
as a birthday gift to my beloved.
We shared our metta
with true devotion
I presented a golden ring
to my yee-sar as a birthday gift.
Hand in hand we entered the “married” land
on her birthday past the Honeymoon
I presented Goya fragrance as a birthday gift
Traveling together
Often facing dark nights
Yonder looked thick and rough
Goal seemed distant [and not straight]
[Tired and] weary
[Often] look but could not see
Struggle just to keep alive
Despite the challenges I feel
I owe my beloved a nice birthday gift
But …
Precious jewels are out of reach
I can only offer a gift from my heart
Kabyar
inexpensive — not meaning to underrate her love
Will she accept as a priceless treasure?
Translated by Hla Min (Ec 69)
Categories: Hla Min