Update : January 4, 2022


On August 21, 2018, Saya U Moe Aung (Tekkatho Moe War) wrote :
ကိုစိန်ဝင်း- ပုတီးကုန်း က မနက်ဖြန် လှည်းတန်းစင်တာတွင်
စာပေဟောပြောရန်လာမည်ဖြစ်၍
သူ့အတွက် ကဗျာတစ်ပုဒ်…..။
စာပေခရီးအတူလျှောက်ခဲ့ခြင်း အမှတ်တရ…။
” ဝေးဝေးနီးနီး ဆူးခက်ပြီးသောခရီးလမ်း “
နီးနေကြ၍
တမ်းတ မနေတတ်၊ လူ့ဇာတ် ထွေးရှုပ်
သရုပ် သကန်၊ ဖော်ကျူးရန်တွက်
ဈာန်ဝင် အနုစာပေ၊ မျှဝေ ရင်းနှီး
ဆူးခက်ပြီးသော၊ ခရီး တိုစ
ဘဝ တစ်ပိုင်း၊ ထန်လှိုင်း ဝှန်ဆူ
အတူ လှော်ခတ် ခဲ့သည့်နောက်…။
ဝေးနေကြသည်….
ခရီး ရှည်လျား၊ လ စား နှစ်မျို
ငိုမလို ဖြစ်
အသစ်သည် အဟောင်း၊ အဟောင်းသည် အသစ်
ပျက်ပြီး ဖြစ်ပြီး၊ လှိုင်းကြီး လေကြီး
မုန်တိုင်း စီးမျော၊ ညံ သောသောမှာ
ထန်သောရင် ဘဝင်လန်းပါတဲ့
ပြန်မပြောခင် အသွင်ဆန်းစေမယ့်
(စာပေအနုပညာရဲ့….)
သံယောဇဉ် အမျှင်တန်း….။ ။
(စာပေကဗျာခရီးအတူလျှောက်ခဲ့သည့်
မောင်စိန်ဝင်း-ပုတီးကုန်း….သို့)
တက္ကသိုလ် မိုးဝါ
(၂၁-၈-၂ဝ၁၈)
ညနေ ၆:၃ဝ နာရီ။
Categories: Poem