RIT Saya

Tekkatho Moe War (15)

အလွမ်းတကာ့ အလွမ်းထဲမှာ….

” အလွမ်းထဲမှာ ”
ကိုယ့်အလွမ်းထဲမှာ….
သူပါလာမလားရယ်လို့
စကားမျှင် နှောင်မဖွဲ့ပြီလာ့
မကြားချင် အယောင်ဆောင်ခဲ့သူရေ….
အလှည့်ကျ မနွဲ့ရစတမ်းနော်
ကိုယ့်အလွမ်းတွက် ဖြေပြေရာ
ငှက်ခြေရာ ဖွေရှာခက်ချည်ရဲ့
အိပ်မက်တို့ ​ပြယ်လွင့်ကျန်။
ကိုယ့်အလွမ်းများစွာ…
ကျောင်းပေါ်မှာ- ဆရာပေါ်မှာ
မိတ်ဆွေသူငယ်ချင်းပေါ်မှာ..
တပည့်ပေါ်မှာ မိသားစုပေါ်မှာ…
ရင်ထဲမှာ နှလုံးသားထဲမှာဖြင့်
ကဲ​မောက် ပြည့်လျှံ။

အလွမ်းရယ်ဆယ်ပြန်…
ဒဏ်ရာထင်ကျန်သွား..။
ကိုယ့်အလွမ်းထဲမှာ
သူပြန်လာမလားရယ်လို့
ထားသစ္စာ မတိုင်သာတိမ်းလေတော့
စကားအနှစ်ဗလာ ယိုင်ကာယိမ်းတာကြောင့်
သူစိမ်းဆန် အသေအချာဝေးခဲ့ထင့်
ဝေဒနာပေးသူရဲ့ဇာတ်ဝင်ခန်း…
ကိုယ့်အလွမ်းမှာ ပါမလာနိုင်တော့…
ကမ္ဘာ ကမ္ဘာတိုင်ခြား။ ။

တက္ကသိုလ် မိုးဝါ ၁၂ – ၇- ၂၀၁၆

Categories: RIT Saya

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s