RU Saya

Dr. Khin Maung Nyunt

Update : October 22, 2021

Dr. Khin Maung Nyunt

by Zayar Oo

ဆရာကြီးဒေါက်တာခင်မောင်ညွန့်ဟာယခုအသက် (၉၁) နှစ်ရှိသည့်တိုင် ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှာ လာရောက်စာသင် ပေးနေဆဲပါ။ ဆရာကြီးဟာ မန္တလေးတက္ကသိုလ်သမိုင်းပါမောက္ခတာဝန်၊ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ချုပ်တာဝန် တွေထမ်းဆောင်ခဲ့သူဖြစ်လို့ သမိုင်းပညာရှင်အဖြစ်လူသိများပေမယ့် ဆရာကြီးရဲ့ကျောင်းဆရာဘဝ အစဟာရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ part-time tutor အဖြစ်စတင်ခဲ့ကြောင်းသိသူနည်းပါလိမ့်မယ်။

ယခုအသက် (၉၁)နှစ်ရှိသည်တိုင်ကျောင်းဆရာဘဝကိုခုံမင်ပြီးစာသင်ရလျှင်ပျော်နေတတ်သော ဆရာကြီးကိုမြင်ရတော့ လွန်ခဲ့သော (၆၇) နှစ်၊ ဆရာကြီးဘွဲ့ရပြီးစအချိန်ကနိုင်ငံခြားရေးဝန်ကြီးဌာန တတိယအတွင်းဝန်လုပ်ဖို့ကြိုးစားရင်း ကံဇာတ် ဆရာက သင့်တော်မည့် လမ်းကြောင်းပေါ်သို့ဆရာကြီးအားတင်ပေးခဲ့သဖြင့် ယနေ့တိုင်ကျောင်းဆရာအဖြစ်ပျော်ရွှင်စွာ လျှောက်လမ်းနေ ပုံများကို ပြန်လည်စဥ်းစားမိ တော့ အတိတ်ကအဖြစ်အပျက်တွေ ဟာကျွန်တော့်စိတ်အာရုံမှာရုပ်ရှင်တစ် ကားကြည့်သလိုမြင်ယောင်လာမိပါတယ်။

ဆရာကြီးဒေါက်တာခင်မောင်ညွန့်ဟာ (၁၉၅ ၂ )ခုနှစ်မှာ ခေတ်သစ်သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်စာပေ ဘာသာတွဲတို့ဖြင့် BA ဘွဲ့ရတဲ့အခါ နိုင်ငံခြားရေးရုံး၊ တတိယအတွင်းဝန်ရာထူးလျှောက်ဖို့ ရန်ကုန်သို့ဆင်းလာခဲ့ပါတယ်။ ရန်ကုန်မှာ၎င်းနှင့်ရင်းနှီး ကျွမ်းဝင်တဲ့ လောဂျစ်ဆရာဦးဖေအောင် (နောင်အခါ YU ၏ philosophy ပါမောက္ခ) အဆောင်မှူးအဖြစ်ဆောင် ရွက်နေတဲ့ စစ်ကိုင်းဆောင်မှာတည်းခိုပါတယ်။ ဆရာဦးဖေအောင်ရဲ့တိုက်တွန်းမှုကြောင့် နိုင်ငံခြားရေးဌာနအလုပ် မရမီစပ်ကြားမှာ ဆရာဟာရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှာအချိန်ပိုင်းနည်းပြဆရာလုပ်ဖြစ်ပါခဲ့တယ်။ ဆရာဦးဖေအောင်ရဲ့ ထောက်ခံ ချက်ကြောင့်စစ်ကိုင်းဆောင် အဆောင်နည်းပြလည်းလုပ်ဖြစ်ခဲ့ပါတယ်။

အဲဒိ (1952) ခုနှစ်အချိန်ကအင်္ဂလိပ်စာပါမောက္ခကဆရာကြီးဦးမျိုးမင်းပါ။ ဖြူဖြူဝဝ၊ ပြုံးပြုံး၊ ဘင်္ဂလားဆေးပြင်းလိပ်ကိုပါးစောင် မှာခဲရင်း စကားပြောတတ်တယ်။ ဘီယာကြိုက်တတ်တယ်။ အင်္ဂလိပ်စာပေကို ကျောင်းသားတွေနားလည်အောင် ဆီလျော်သော ဟာသတွေနဲ့သင်တတ်တယ်။ ဒေါက်တာခင်မောင်ညွှန့် အချိန်ပိုင်းနည်းပြအဖြစ်ဆောင်ရွက်နေတုန်း ပါမောက္ခဦးမျိုးမင်း ကပြောလာတယ်_

UMM။ “မောင်ခင်မောင်ညွန့်ကိုအကြံကောင်းပေးချင်တယ်။ မင်း History နဲ့ PS အမှတ်တွေသိပ်ကောင်းတယ်။ History ရွှေတံဆိပ်လည်းရထားတော့ဆရာဘညွန့်ရဲ့ ဌာနကိုပြောင်းပါလား။ ဒီဌာနမှာက blocked ဖြစ်နေတယ်။ ဆရာဘညွန့်ဌာန မှာဆိုရင်မင်း full-time tutor တန်းဖြစ်မှာ။ “

Dr KMN။ “ဆရာကြီးအကြံပေးတာနာခံပါ့မယ်။ ဒါပေမယ့်ကျွန်တော်က PSC စာမေးပွဲဖြေမှာ။ Foreign Service ဝင်မလို့ပါ။ ဒီမှါခဏကွန်းခိုတာပါ။ ဟဲဟဲ။”

UMM။ “ဒါကတော့မင်းသဘောပါ။ နက်ဖြန်ကိုဘညွန့်ဆီ duty report လုပ်တော့။ “

ဒီလိုနဲ့ပဲ ဆရာကြီးဒေါက်တာခင်မောင်ညွန့်ဟာ အင်္ဂလိပ်စာဌာန အချိန်ပိုင်းနည်းပြအဖြစ်မှ အနောက်တိုင်းရာဇဝင်ဌာန နည်းပြ ဖြစ်လာခဲ့ပါတယ်။

ဦးဘညွန့်ဆိုတာ အဲဒိအချိန်ကာလ (၁၉၅ ၂) ကရန်ကုန်တက္ကသိုလ်၊ အနောက်တိုင်းရာဇဝင်ပါမောက္ခ (သမိုင်းဟုမခေါ်သေး) ဖြစ်ပါတယ်။ ဆရာကြီးဦးဘညွန့်ဟာ ငယ်စဥ်အခါက လစာကြီးရနေသော မီးရထားဌာနမှာလုပ်ကိုင်နေရာမှသူ့ခေတ်က တစ်လ ၅၀ကျပ်သာရသောကျူတာဘဝသို့ပြောင်းလာခဲ့သူပါ။ မျက်နှာဖြူဗိုလ်တွေကစားသောဂေါက်ကွင်းမှာ မြန်မာလုံချည်ကို ခါး တောင်း ကြိုက်ပြီးဂေါက်ရိုက်ကာကိုလိုနီတော်လှန်ရေးလုပ်ခဲ့သူဖြစ်ပါတယ်။ စာအသင်အပြကောင်းသလိုအားကစား၊ အနုပညာ ဘက်စုံရတယ်။ ချစ်ဒုက္ခသီချင်းကိုသီဆိုလို့ချစ်ဒုက္ခဦးဘညွန့်လို့နာမည်ကြီးတယ်။ ရုပ်ရှင်မင်းသားဝင်းဦး၏ရဲ့အဖေပေါ့။

ဆရာကြီးဒေါက်တာခင်မောင်ညွန့် ကျူတာလုပ်သက် ( ၂) နှစ် ခန့်ရှိလာသော ၁၉၅၄ခုနှစ်တွင် ပါမောက္ခဦးဘညွန့်က ကျူတာ များကို အစည်းအဝေးခေါ်ပြီးပြောတယ်_

UBN။ “ငါတစ်ပတ် နှစ်ပတ်လောက် စီနီယာ အိုင်အေတန်းကို လက်ချာမယူနိုင်ဘူး။ မင်းတို့အထဲကငါ့အတန်း ဘယ်သူယူပေး နိုင်မလဲ။ ဘယ့်နှယ်လဲဟေ့၊ မန္တလေးသားခင်မောင်ညွန့် မင်း volunteer လုပ်ကွာ။ ငါ့ကူစမ်းပါ။”

DrKMN။ “ဆရာကြီး ဘယ်တော့လက်ချာပေးရမလဲ။ ကျွန်တော် prepare လုပ်ပါ့မယ်။ “

UBN။ “This afternoon, Room No. A1 on the ground floor, Senior I.A English section.”

DrKMN။ “But I have no turban, Sir.”

UBN။ “Take mine and go ahead, young man.”

ပါမောက္ခဦးဘညွန့်ကပြောပြောဆိုဆိုနဲ့သူ့ခေါင်းပေါင်းကိုပေးခဲ့ပြီး အော်စတင်ကားလေးနဲ့ထွက်သွားပါလေရော။

ပြင်ဆင်ချိန်မရှိတော့။ ဝင်ရမည့်အတန်းကလည်းအင်္ဂလိပ်နာမည်တွေနှင့်ဘိုစိတ်ပေါက် နေသောခရစ်ယာန်သာသနာ ပြု ကျောင်းထွက်​ကျောင်းသားအများစုပါဝင်သောအင်္ဂလိပ်ဘာသာဖြင့်လက်ချာပေးရမယ့်အတန်းဖြစ်တယ်။ ပါမောက္ခကိုယ်စား အတန်းလာဝင်ကြောင်းမိတ်ဆက်ပြီး သင်လက်စသင်ခန်းစာဖြစ်သည့်ပြင်သစ်တော်လှန်ရေးကြီးအကြောင်းဆက်သင်ရတယ်။
ပြောင်ရန်လှောင်ရန်ဟန်ပြင်တဲ့မျက်နှာတွေဟာမှတ်စုစာအုပ်မှာလက်ချာအမှီလိုက်ရတာကြောင့်မော်မကြည့်အားဖြစ်ကုန်ကြရော။ သင်ကောင်းကောင်းနှင့်ဆက်သင်နေတာအချိန်ပြည့်ခေါင်းလောင်းထိုးတာကို တောင်ကျောင်းသူတစ်ဦးကသတိပေး ယူရတော့တယ်။

ဆရာကြီးဒေါက်တာခင်မောင်ညွန့်ဟာအဲဒိနေ့ကအတွေ့အကြုံကြောင့် နိုင်ငံခြားရေးရုံး တတိယအတွင်းဝန်ရာထူးမေးပွဲ မဖြေ ဖြစ်တော့ဘဲ BA(Hons)၊ ထိုမှ MA၊ ထိုမှ ဘိလပ်ပညာသင်သွားရောက်ပြီး ဒေါက်တာဘွဲ့ရရှိကာ ကျောင်းဆရာဘဝကို နှစ်ခြိုက်
စွာခံယူသွားတာ ယခုအသက်(၉၁)နှစ်ထိတိုင်ဖြစ်ပါတယ်။

(ဇေယျာဦး)

Categories: RU Saya

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s