Update : October 20, 2021

Lyrics : Tekkatho Moe War (Saya U Moe Aung)
Melody : Ko Than Po (M75, Swel Daw Yeik)
Vocal: Ye Myint Soe (Mya Myint Moh)
“စွယ်တော်ရိပ်ဖေါင်ဒေးရှင်း”
ရေး တက္ကသိုလ်မိုးဝါ
သံစဉ် သန်းပို(စွယ်တော်ရိပ်)
ဆို ရဲမြင့်စိုး(မြမြင့်မိုရ်)
ဘ၀လမ်း……..မှာ၊ လျှောက်လှမ်းနေဆဲ..ကျွန်တော်တို့ ရဲ့  ဆရာသခင်……..၊
ရတက်မီး..အသက်ကြီးလေမှမလောင်စေချင်၊ ထိုအခင်း အိုမင်း မယိုယွင်းခင်၊
ကိုယ်ကျန်းမာရေး..နဲ့ ၊စိတ်ချမ်းသာရေးကို ဒို့ တစ်တွေရှေးရှုလို့ ပင်၊ စွယ်တော်ရိပ်ဖေါင်ဒေးရှင်းကို၊
ဖွဲ့ စည်းလာခဲ့ အစဉ်။
Chorus:-
{ ဆုံကြတစ်ခဏပင်… ဘုံဘ၀အလှဆင်၊ ကျေးဇူးရှင်ဆရာသခင်များ…အိုမင်းမည့်မြန်မကြာ၊
ယိုယွင်းသည့်ခန္ဒာ၊ သံသရာနယ်တစ်ခွင်၊ ကံကြမ္မာချယ်လှယ်လေသမျှ၊ အပယ်ခံဘ၀မရောက်ပါစေချင် } (နှစ်ခေါက်ဆိုရန်၊)
အကျည်းတန်လှတဲ့၊ အထီးကျန်ဘ၀ကိုတွေ့ မြင်၊ လှိုက်လှဲ ရင်ထဲ ကိုက်ခဲနာကျင်၊
စီးကျမျက်ရည် သွန်းဖြိုးကာတသွင်သွင်၊ တပည့်တို့ ဝိဥာဉ် မခွဲတူရှင် ထပ်တုထပ်မျှပင်။
Chorus:-
{ ဆုံကြတစ်ခဏပင်… ဘုံဘ၀အလှဆင်၊ ကျေးဇူးရှင်ဆရာသခင်များ…အိုမင်းမည့်မြန်မကြာ၊
ယိုယွင်းသည့်ခန္ဒာ၊ သံသရာနယ်တစ်ခွင်၊ ကံကြမ္မာချယ်လှယ်လေသမျှ၊ အပယ်ခံဘ၀မရောက်ပါစေချင် } (နှစ်ခေါက်ဆိုရန်၊)
အဲဒါကြောင့်…..ငယ်ပျော်အတိတ်ရဲ့ ၊ စွယ်တော်ရိပ်ဖေါင်ဒေးရှင်းကို၊ ဖွဲ့ စည်းလာခဲ့ အစဉ်………..။
(သူငယ်ချင်းတို့ ကြိုတင်ခံစားနှိုင်အောင် စာသားကလေးတင်ပေးလိုက်ပါတယ်၊ အနုပညာပိုဆန်တဲ့ ခေါင်းစဉ်ကလေးကို စဉ်းစားမိရင်၊ ပြောပေးပါဦး)
Categories: Swel Daw Yeik