Kabyar

8-8-88 Poem

Update : October 15, 2021

Handwritten copy of Maung Swan Yi’s Poem

This image has an empty alt attribute; its file name is 8888-kabyar.jpg

Post by Maung Lu Pay (San Lin, M87)

ဆရာစွမ်းရဲ့ ရှစ်လေးလုံးနှစ်သုံးဆယ်ကဗျာ။

မြန်မာ့စာပေသမိုင်းရဲ့ သက်ရှိရတနာတစ်ပါးလို့ ခေါ်ရမဲ့ စာရေးဆရာကြီးတွေထဲမှာ ဆရာမောင်စွမ်းရည်လည်း တစ်ယောက်အပါအဝင်ပါ။ ဆရာမောင်စွမ်းရည်ကို ဝေဖန်ရေးစာတွေကြောင့် လူသိများပေမဲ့ ဆရာဟာ ကဗျာဆရာ တစ်ဦးလည်း ဖြစ်တယ်။

ကဗျာဆရာကြီးတင်မိုးရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်တဲ့ဆရာမောင်စွမ်းရည်က ဆရာကြီးဦးတင်မိုးအကြောင်းတွေ ဆောင်းပါးအများကြီးရေးခဲ့လို့ ဆရာတင်မိုးရဲ့ ငယ်ဘဝတွေ ပိုပြီး သိခဲ့ရတယ်။ ဆရာတင်မိုးနဲ့ဆရာမောင်စွမ်းရည်တို့က မန္တလေးတက္ကသိုလ်ထွက် ကလောင်စွမ်းထက်သူတွေပေါ့။

ဆရာမောင်စွမ်းရည်က သူဟာ သူကြီးသားပါလို့ မကြာခဏရေးလေ့ရှိတော့ ဓါတ်ရှင်တွေထဲက ဆောင့်ကြွားကြွား သူကြီးသားလို့ထင်ကြလိမ့်မယ်။ တကယ်ကတော့ အလွန်ရိုး၊ အလွန်အေးပြီး အမြဲပြုံးနေတတ်တဲ့သူပါ။ မြန်မာစာဆရာလုပ်ခဲ့တော့ မြန်မာစာကို အရည်ကြိုသောက်ထားသလို ရေးနိုင်ပြောနိုင်သူ၊ မြန်မာမှု မြန်မာ့ဓလေ့ကို ခုံမင်သူပါ။ သက်ကြီးစကား သက်ငယ်ကြားဆိုသလို လူငယ်တွေအတွက် ဗဟုသုတရစရာတွေလည်း မကြာခဏရေးလေ့ရှိတယ်။

ဆရာမောင်စွမ်းရည်က မတရားမှုတွေကို မကြိုက်သူမို့ ဘာလဲဟဲ့… ဆိုတဲ့ဆောင်းပါးတွေ အများကြီးရေးပြီးလည်း စစ်အစိုးရရဲ့ မတရားမှုတွေကို ဆန့်ကျင်ခဲ့တယ်။ မတရားမှုတွေကိုဆန့်ကျင်ရင်း အမေရိကန်ပြည်ထောင်စု နယူးယော့ခ်ပြည်နယ်မှာ အခြေစိုက်နေထိုင်နေတယ်။

ဆရာမောင်စွမ်းရည်ရဲ့ ရှစ်လေးလုံးနှစ်သုံးဆယ် အမှတ်တရကဗျာကို ဆရာက ဂျူလိုင်လထဲကရေးခဲ့တာပါ။ ဒါပေမဲ့ကဗျာကို အခုမှရရှိတာမို့ ရှစ်လေးလုံးနှစ်သုံးဆယ်အမှီ မဖေါ်ပြနိုင်ခဲ့တာကိုတော့ ဆရာ့ကို တောင်းပန်ပါရစေ။

ဆရာ့ရဲ့စာဖတ်ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ကျွန်တော်မောင်လူပေရဲ့ ပေ့စ်မှာ ဆရာ့ကဗျာကို ဖေါ်ပြခွင့်ပြုပါ။ဆရာမောင်စွမ်းရည် သက်ရှည်ကျန်းမာစွာဖြင့် မြန်မာပြည်အကျိုး၊ မြန်မာစာပေတိုးတက်ရေးတို့ကို ဆက်လက်သည်ပိုးနိုင်ပါစေ။

လေးစားစွာဖြင့်

ချစ်တဲ့

မောင်လူပေ

“ရှစ်လေးလုံးအရေးတော်ပုံကဗျာ”
(မေါင်စွမ်းရည်)

ဒို့မြန်မာပြည်
-ပြည်သူစည်းရုံး၊ ရှစ်လေးလုံးကား
နှစ် ၃၀ ပင် တိုင်ခဲ့ပြီ။
-ရှမ်း,ချင်း,ကချင်,ကရင်,ကယား
မွန်,မြန်မာ,တရုတ်,ကုလား
ကျောင်းသား ရဟန်း၊ ဘန်းရွက်သီလရှင်
မျက်မမြင်ရော၊ မျက်မြင်ရော
တူတဇင်ရော၊ ပေါက်ပြားရော
လေးရော,မြားရော၊ တုတ်ဒါးရော
တောရော,မြို့ပါ၊ ဗမာ တပြည်လုံး
ခြိမ့်ခြိမ့်ချုံးခဲ့၊ မဆုံးနေ့ည
ကြွေးကြော်ကြပြီ….
ဒီလိုဟစ်ကြွေး၊ သွေးစည်းခဲ့ပြီ….
-စစ်အာဏာရှင် -အလိုမရှိ -အလိုမရှိ
-တပါတီစနစ် -တိုက်ဖျက်ပစ် -တိုက်ဖျက်ပစ်
-ဒီမိုကရေစီရရှိရေး -ဒို့အရေး -ဒို့အရေး
ဒို့အရေးမို့၊ ဒို့အရေးလို့ – ဟစ်ကြွေး လူထု
တောင်းဆိုမှုသည်
လေထု,ရေထု,မြေထု တုန်လည်း(လဲ)
တော်လည်းမြည်ဟိန်း၊ လူသန်းသိန်းတို့
မချိန်း မချက်၊ လမ်းပေါ်တက်ကြ
ထွက်လော့ ဖျက်လော့ တပါတီ
ထူလော့ ထောင်လော့ ဒီမိုကရေစီ
(အရေးတော်ပုံ အောင်ရမည်) ၃ကြိမ်

-စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး -ဒို့အရေး -ဒို့အရေး
-စစ်မှန်သော ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး -ဒို့အရေး -ဒို့အရေး
-တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး -ဒို့အရေး -ဒို့အရေး
-စစ်မှန်သော ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ပေါ်ထွန်းလာရေး -ဒို့အရေး -ဒို့အရေး
-အရေးတော်ပုံ (အောင်ရမည်)၃

မေါင်စွမ်းရည်
(၈-၇-၂၀၁၈)

(စာရေးသူ၏ စာလုံးပေါင်းသတ်ပုံမူရင်းအတိုင်း၊ စာရေးသူထံ ခွင့်ပြုချက်တောင်းပြီး။)

Categories: Kabyar

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s