Start with K to O

Kyaw Oo (C71)

Website

Water Security and the Changing Climate

ကျွန်တော် သိပ္ပံဆောင်းပါးများကို စ ရေးခဲ့သည်မှာ ၁၉၆၇ ခုနှစ်ခန့်က ဖြစ်သော်လည်း ရေးသမျှကို ၂၀၁၃ ခုနှစ်တွင်မှစ၍သာ ကွန်ပျူတာထဲတွင် သိမ်းဆည်းထားနိုင်ခဲ့သည်။ စုစုပေါင်းဆောင်းပါး ၇၀၀ ကျော်ကို သိမ်းဆည်းထားနိုင်သည်။ အရေအတွက် များသည့်အပြင် ကာလလည်းကြာပြီဖြစ်၍ အချို့ဆောင်းပါးများကို မေ့မေ့ပျောက်ပျောက် ဖြစ်နေသည်။

ကွန်ပျူတာပြန်ဖွင့်ကြည့်၍ တွေ့မှ ပြန်သတိရသည်။ ဖေ့စ်ဘွတ်ခ်ထဲ၌ ရေးခဲ့တာတွေနှင့်ဆိုလျှင် ဆောင်းပါး ၉၀၀ ခန့်ရှိပေပြီ။ (၁၉၆၇ က ရေးတာတွေပါ ထည့်ရေလျှင် ၁၀၀၀ ကျော်လိမ့်မည်။) ဆောင်းပါး ၉၀၀ ခန့်တွင် အထွေထွေဗဟုသုတ၊ မျက်မှောက်ရေးရာ စသည်တို့လည်း ပါသည်။

ဤတွင် ကွန်ပျူတာထဲ၊ ဖေ့စ်ဘွတ်ခ်ထဲရှိသည့် ဆောင်းပါးများကို ကိုယ်တိုင်ရှာလျှင်လည်း အလွယ်တကူ တွေ့နိုင်အောင်၊ မိတ်ဆွေများလည်း ဖတ်နိုင်အောင် စုစည်း၍ စနစ်တကျစီစဉ်ကာ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုလုပ်ဖို့ ဆုံးဖြတ်သည်။ ဆောင်းပါးတိုင်းကို စုစည်းစီစဉ်နေလျှင် ကြာနေမည်ဖြစ်၍ ဆောင်းပါးအချို့ကို ရွေးထုတ်ကာ လက်ရှိ ကမ္ဘာ့အခြေအနေနှင့် အကိုက်ညီဆုံး ပင်မအကြောင်းအရာကို ခေါင်းတပ်၍ ဝက်ဘ်ဆိုက်ဖန်တီးနေပါသည်။ အဆိုပါအကြောင်းအရာမှာ ရေဖူလုံရေးနှင့်ပြောင်းလဲနေသောရာသီဥတု (Water Security and the Changing Climate) ဖြစ်သည်။ ရေးပြီးသမျှထဲက ယင်းအကြောင်းရပ်နှင့် ပတ်သက်သည်တို့ကို တူတာတွေ စုစည်းတည်းဖြတ်သည်။ နောက်ဆုံးဖြစ်ထွန်းမှုများနှင့် ကိုက်ညီအောင် ပြင်ဆင်သည်။

သို့ဖြင့် Water Security and the Changing Climate ခေါင်းစည်းဖြင့် ဝက်ဘ်ဆိုက်ကို ရက်အနည်းငယ်အတွင်း မည်သူမဆိုဝင်ရောက်ဖတ်ရှုနိုင်အောင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း အသိပေးပါသည်။ စဖွင့်သည့်အချိန်တွင် ဆောင်းပါးတိုရှည်နှင့်မှတ်စုပေါင်း ၁၃၀ ခန့်ကို ဖတ်ရှုနိုင်မည်ဖြစ်ပြီး တဖြည်းဖြည်း ဆောင်းပါးပုဒ်ရေ တိုးသွားပါမည်။

ဝက်ဘ်ဆိုက်၏ အင်တာနက်လိပ်စာမှာ https://kyawoo.com/ ဖြစ်သည်။

အခုတော့ ကြည့်၍ မရသေးပါ၊

အခုဝင်ကြည့်လျှင် Coming Soon ဟု ပေါ်နေပါဦးမည်။

Categories: Start with K to O

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s