K - O

Maubin Ma Shwe Than

Posts from 2014

by Daw Than Yi (Maubin Ma Shwe Than, EP70)

Sayas and selected classmates

RITအ ကြောင်းရေးလို့ရယ်ဘယ်မကုန်ဖြစ်နေပါပြီ
ဆရာတွေအ ကြောင်းရေးရင် ကိုမကုန် နိုင် ပါဘူး။ နှစ်တွေတော်တော်ကြာလာပြီဆိုတော့လဲတိတိကျကျသိပ်မမှတ်မိတော့ဘူ။ ကျမတို့ဆရာတွေရဲ့Characteristic တွေကလဲအမျိုးမျိုးဆိုတော့သူငယ်ချင်း တွေစုံလို့အ ကြောင်းတိုက်ဆိုင် လာရင် ပြောပြောပြီးရီကြမိတယ်။ တချို့လဲ ကိုမြင့်ဖေ တို့ကာတွန်းဘောက်ထဲမှာပါ တတ်ပါတယ်။ ည နေလမ်းလျှောက် ရင်းအဲဒီ ကာတွန်းဘောက် ကိုကြည့်ရတာလဲ ကျမတို့ဝတ္တရားတခုပေါ့။ကျောင်းသားတွေကလဲဘယ်လောက်များ ဇ၀နညာဏ် ရွှင်ကြသလဲဆိုကျမတတိယနှစ်မှာထင် ပါတယ်။လျှပ်စစ်စာစောင် ထွက်လို့ “လျှပ်စစ်စာစောင် ထွက်နေပြီ “လို့ကြော်ညာစာအောက်မှာ”က လေးဂျာနယ် ထွက်နေပြီ”လို့ ရေးထားတယ်။ဘာကြောင့်လဲဆိုတော့ကျမအပါအ၀င် ကိုစန်းဦး ကိုသိန်းထွန်း ကိုရဲဝင်း ကိုညွန့်ဖေ တို့က စာစောင် ထုတ်ဝေရေးအဖွဲ့ပုတဲ့လူတွေဖြစ်နေလို့ပါဘဲ။အဖွဲ့ထဲမှာ ဦးစိုးသာ(၀န်ကြီးဖြစ်ဘူးသူဆိုတော့ အဲဒီတုန်းက ခေါ်သလိုကိုစိုးသာလို့မ ခေါ်ရဲလို့ပါ ဟဲ ဟဲ )ဆရာဦးမိုးအောင် မမရီရီအောင် မို့မို့ရီ ကိုမျိုးမြင့်ကိုလှမင်း တို့လဲစာစောင် အဖွဲ့ထဲမှာပါပါတယ်။

အများအားဖြင့်တော့ကျမတို့RITကျောင်းဆင်းတွေက ၀န်ကြီး ဒုဝန်ကြီး ဦးဆောင် ညွှန်ကြားရေးမှူး ညွှန်ချုပ်စသဖြင့်ဌာနဆိုင် ၇ာအကြီးအကဲတွေဖြစ်ကြ တော့ အ တွေ့များနေတဲ့သူတွေဆိုရင်တော့ဦး ဒေါက်တာ ဒေါ် စသည်ဖြင့် တတ်ခေါ်သွားမိတာပေါ့ အလုပ်ထဲမှမဆုံဖြစ်ကြတဲ့သူတွေတော့ ကျောင်းတုန်းကခေါ်တဲ့အတိုင်း နှုတ်ကျိုးနေမိပါတယ်။ခုက တော့ငယ်တုန်းကအ ကြောင်းတွေပြန်ေ၇းပြတာမို့ ကိုတွေမ တွေ ဘယ်သူရေ ဆိုတဲ့အသုံးအနှုံးအတိုင်းဘဲရေးပါရ စေ။

ဆ၇ာတွေအ ကြောင်းဘဲပြန်ဆက်ပါရ စေ

မြန်မာစာဌာနမှူး ဦးတိမ်ကြည်ဆိုလျင် အသံဝဲ၀ဲ မြန်မာစာဆရာမို့အ ပြောလည်းကြွယ်ပါသည်။ သူရီစရာစကား ပြောတာမဟုတ်ဘဲအ ကြောင်းတွေကရီစရဖြစ်နေ၍ တ၀ါးဝါး တဟားဟား တတန်းလုံးမကြာခဏပွဲကျနေတတ်သည်။ဆရာ့ပုံစံကခပ်မှန်မှန်လေးလုပ်နေတတ်၍ တခါတရံပိုရီ၇သည်။

သင်္ချာဆရာဦးစိန် ရှမ်းဆိုလျင် သူသင် တာတွေ ဥပမာလေးတွေပြောရင်းကရီစရာတွေဖြစ်ဖြစ်သွားတတ်သည်။တခါတခါများကြ တော့တရှူးရှူးတရှဲရှဲ နှင့်ဒေါထတတ်သည်။ပထမသူဒေါသထွက်နေတာကိုမသိလိုက် နောက်မှဒေါသထွက်ပြောနေမှန်းသိ၍မနည်းအ၇ှိန်သတ်လိုက်၇သည့်ကြုံခဲ့ဘူးပါသည်။

ပညာရေးဝန်ကြီးဖြစ်ခဲ့ဘူးသည့်ဒေါက်တာချမ်းငြိမ်းက ကျမတို့ဒုတိယနှစ်တွင် ဆရာအဖြစ် Lecture ပေးဘူးပါသည်။သူကလဲဘွဲ့ရခါစ ကျမတို့ကလည်း မိန်းက လေးနည်းတော့ ရှေ့ ၂တန်းလောက်ဘဲမိန်းက လေးရှိပါတယ်။အဲဒီမိန်းက လေးတွေကြည့်တယ်လို့အထင် ခံရမှာစိုးးလို့လား မသိပါဘူး။သူ့မျက်လုံးရဲ့မျက်ဆန်ကိုအထက်ကိုဘဲတင်ထားတယ်။အမြဲအထက်ကိုဘဲကြည့်နေတတ်တယ်။ရှေ့ဆုံးအောက်ဆုံးခုံတန်းမှာထိုင်နေတဲ့ကျမတို့မိန်းက လေးတွေက တော့ဆရာ့မျက်ဝန်းဖြူဖြူကိုဘဲတွေ့ရပါတယ်။ဆရာကအဲဒီလောက် ရှက်တတ်တာ။

အင်္ဂလိပ်စာဌာနကဆရာဆရာမ တွေပုံစံကလဲတစ်မျိုထူးခြားပါတယ်။

ကျမတို့ပထမနှစ်ကျောင်းဖွင့်စမှာဘဲပနှစ်တွေကိုတန်းခွဲခွဲဘို့အရည်အချင်းစစ်ပါတယ်။ခေါင်းစဉ်တခုပေးပြီး Essay ရေးခိုင်းပါတယ်။ကျမကလဲ ၁၀ တန်းဖြေစဉ်အခါကစာမေးပွဲဖြေခါနီးမှာသင် ရတဲ့ Punctuation တွေအသုံးချအတတ်ဆန်းပြီးေ၇းလိုက်တာ ၃၆မှတ် moderation နဲ့အောင် ခဲ့တာ။ ILA စနစ်နဲ့ဆိုတော့တစ်မှတ်ဘဲရပြီးကျမ Position တော်တော် နောက်ရောက်သွားတာ။ကံကောင်းလို့သာRITမှာချိတ်နိုင် ခဲ့တာ။အဲဒီအတွက်ကျမ နောင် တတရားနဲ့အတူအရမ်းခံစားနေရတဲ့အချိန်ပေါ့ဒါနဲ့ကျမက Simple English နဲ့အဆန်းဘာမှမကွန့်တော့ဘဲအ ကောင်းဆုံးကြိုးစားရေးလိုက်တာ အ တော်ဆုံးအခန်း(၁)မှာပါသွားပါလေ ရော။သင် တဲ့ဆရာကMr.D.Rodger။ ဆရာက ဗိုလ်ကပြားဖြစ်ပုံရပါတယ်။အသံထွက်ကလဲတော်တော်ဗိုလ်ဆန် သင်တော့လဲ အ တော်ဆုံးအတန်းဆိုပြီးdebate မကြာခဏလုပ်ခိုင်းတယ်။အတန်းထဲပါလာသူတွေကလဲ Ahmad Sumer ဆိုတဲ့ဗိုလ်နဲ့ကုလားနဲ့စပ်ပုံရတဲ့ကပြားးတ ယောက်။သူက အ၈င်္လိပ်စကားကို မွှတ်နေ အောင်ပြောတတ်တယ်။နောက်ပေါင်းထုတ်ပန်ချာပီသူ့နာမည်တော့ပါးစပ်ဖျားတင်မေ့နေတယ်။ကျမတို့ပနှစ်လူ၅၅၀မှာRollNo.1နဲ့ဝင် လာတဲ့ ကိုဇော်မင်းလဲ ပါတယ်ထင် တာဘဲ။RollNo.2,3,5….9တခုခု ဖြစ်နိုင် တဲ့ကျောက်ဆည်သားကိုချိုအေး။နောက်မိတ္ထီလာသားကိုမြင့်သန်းမိန်းက လေးထဲက တော့ အင်္ဂလိပ်စာပါမောက္ခဆရာကြီးဦးမျိုးမင်းသမီးမင်းသက်မွန် သံအမတ်ကြီးသမီး စောယုမော် (သူငယ်ချင်းတွေမှားရင်ပြင် လည်းပြင် သီးလည်းခံကြပါနော်)သူငယ်ချင်းတွေအမှတ်တရအ နေနဲ့များများထည့်ရေးချင် လို့ပါနော်။ဂုဏ်ပုဒ်တွေထည့် ရေးရတာလည်းအင်္ဂလိပ်စာတော်ကြောင်းရှင်းမပြဘဲ သိသာနိုင် ရန်အတွက်သာပါ။

ကျမ ကလဲသွက်သွက်လက်လက်ပြုံးရွှင်ရွှင်နေတတ်သူ ကျောင်းမှာအပတ်စဉ်ထုတ်နေတဲ့စာစောင်လေးမှာ”မအူပင် မ ရွှေသန်း”နာမည်နဲ့အင် ဂျင် နီယာစကားလုံး( Newton third law နဲ့ပြောရ ရင် ကွယ်)မျိုးလေးတွေနဲ့ဟာသဆန်ဆန်ကဗျာလေးတွေ အပတ်စဉ်နီးပါးရေးနေကျမို့ထင် ပါရဲ့ ကျမကိုအတင်း Debate မှာပါဝင်ပြောခိုင်းတယ်။ ဒီလောက်English ကောင်းသူတွေရဲ့ရှေ့မှာ တောကတက်လာတဲ့ကျမက ဘယ်လိုအသံထွက် ရဲပါ့မလဲ။ကျမမှာဘေးကြတ်နံကြတ်ကျမ တကယ်မပြောနိုင် ပါဘူးဆိုတာ မနည်းတောင်းပန်ရတယ်။

ဒုနှစ်ရောက်တော့ဆရာဦးဝင်းမရ အခန်းရောက်သွားပြန်ရောဆရာကလည်းကျမစာေ၇းတာဝါသနာပါမှန်းသိတော့အင်္ဂလိပ်စာအုပ်များများဖတ်ဖို့ ဖတ်သင့်တဲ့စာအုပ် ၄,၅,၁၀အုပ်နာမည်တွေရေးချပေးတယ်။စာများများဖတ်မှသူတို့သုံးနေကြတဲ့အသုံးအနှုံးတွေသုံးတွေသိပြီးစာလှလှပပချောချောမွေ့မွေ့ေ၇းနိုင်မှာတဲ့။တကယ်တော့ဆရာနှစ်ယောက်လုံးက ကျမကိုဇိကုတ်ပြီးနတ်ပြည်အတင်းတင် တဲ့ဆရာစိတ်အပြည့်ရှိတဲ့ဆရာတွေပါ။ဌာမဆိုင် ရာပွဲလမ်းလေးတွေရှိတဲ့အခါမှာတော့ဆ၇ာနှစ်ယောက်လုံး လှုတ်ခါရမ်းပြီးElvis Presley လို ဂီတာတီးသီချင်းအာရပါးရ သီဆိုတတ်ကြပါတယ်။

အင်္ဂလိပ်စာဌာနကဘဲ ဆရာမကြီးဒေါ်ရင် ရင်မြက တော့ အဲဒီအချိန်တုန်းကဆရာမ တွေအားလုံးထဲမှာစတိုင် အမိဆုံးလို့ကျမထင်ပါတယ်။လူကလှသလောက် လမ်းလျှောက်ပုံကစတိုင် ကျလွန်းလို့သူသွားရင်ငေးကြည့်ရပါတယ်။

ဆရာတွေအ ကြောင်းရေးစရာအများကြီးပါ။
သူတို့ အ.ကြောင်းတကယ်ရေးမယ်စဉ်းစားလိုက်မှအဖြစ်အပျက်ေ၀၀ါးကုန်တယ်။

ရူပ ဗေဒဌာနကဆရာမကြီးဒေါ်ငြိမ်းကတော့ကျမတို့ပနှစ်ထဲကအသက်တော်တော်ကြီးနေပါပြီ
အပျိုကြီးပီပီ စေ့စေ့စပ်စပ်နှင့်အသင် အပြ ကောင်းသူဖြစ်ပါသည်။

______________________________________

Entertainment

RIT နဲ့ပတ်သက် ရင် သံယောဇဉ်ကလဲရှိ ဖြစ်စေချင် တဲ့စေတနာတွေကလဲ အများ ကြီးရှိ ကျမတို့တိုင်းပြည်ကြီး ဆက်လက်တည်ဆောက်ရေးမှာ အ ရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေတာဆိုတော့အဲဒါလေးတွေကိုရေးပြချင် တာပါ။

ဒါပေမဲ့ ၆နှစ်တာ နေခဲ့ရတဲ့ RIT ကျောင်းသားဘ၀ပာာ ဘယ်လောက်များ လွှမ်းမိုးခဲ့သလဲဆိုရင် အ တွေးကမ္ဘာကြီးထဲမှာ နစ်မျောပြီးအစီအရီပေါ်လာလိုက်တာ ရေးမဆုံးပေါင်တောသုံးတောင်ဖြစ်လို့နေပါပြီ

ကိုယ်နဲ့တတန်းထဲသမားတွေသာမက၆နှစ်အတွင်းမှာအတူဆုံခဲ့ကြတဲ့ Senior, Junior တွေကလဲ ပာိုအ ကြောင်းဒီအကြောင်း လေးတွေရေးပါအုန်းဆိုပြန်တော့ကျမရဲ့ RIT ကျောင်းသားဘ၀ကိုပြန်လည်အောင်းမေ့ခြင်းအ တွေးကမ္ဘာကြီးပာာပြန်ထွက်မရ အောင် ဘဲနစ်မျောစီးဝင် လျက်ရှိ နေပါပြီ

“သံသရာဆွဲဆန့်လို့ဘယ်လောက်ပင်ရှည် ရှည် “ဆိုတာမျိုးဖြစ်နေပါပြီ

ခုမှသတိရတယ်။ကျမသူငယ်ချင်း George ကိုကိုကြီးပြောလိုက်တဲ့ကျမတို့ပထမနှစ်တန်ဆောင် တိုင် ပွဲRIT Main building အောက်မှာ ကျမဆိုခဲ့တဲ့သီချင်းနာမည်ကမာမာအေး ရဲ့ ” ချစ်သူ့နယ်မြေ ” ဆိုတဲ့သီချင်း။မိန်းက လေးကနည်းရတဲ့အထဲ အရှက်နည်းတဲ့မိဆိုချင် ကျမက တော့ စိတ်တော့မရှိ ကြပါနဲ့ ခေါင်းထဲဝင် လာတဲ့စကားပုံ့အတိုင်းခိုင်းနှိုင်းလိုက် ရတာ”အနူတော မှာတော့လူချော ပေ.ပေါ့ရှင်

ကျမတို့ခောတ်ကမိန်းက လေးတွေကတော့်တော်အရှက်အ ကြောက်ကြီးကြတာအဲဒီတုန်းက Cho Cho နဲ့ အခုခု ယမ်ယမ်ခေါက်ဆွဲခြောက်ထုတ်နေတဲ့ ရသ့ာ Co. ပိုင် ဖြစ်လာမည့် ကိုဝင်းသိန်း ၀၀ကြီး (M67) ကသူ့ဝါသနာ သူ့စေတနာ တွေအရ လာပြီးဦးစီးဦးဆောင် လုပ်ပြီးဆောင် ရွက်ပေးတတ်တယ်။ကျမတို့ပနှစ်မှာသူကMech.4th Yr.2nd term.ရုတ်တရက်ဘဲ တန်ဆောင် တိုင် ည ပျော်ပွဲရွှင် ပွဲလုပ်မယ်ဆိုပြီးထလုပ်လိုက်ကြတာသီချင်းတွေလဲသေချာမတိုက်နိုင်။အစားအ သောက်အစီအစဉ်တောင် ပါရဲ့လားမမှတ်မိတော့မိန်းက လေးထဲက သူနိုင် တဲ့မို့မို့ရီနဲ့ကျမကို အတင်းဆို ခိုင်းတာအဲဒီတုန်းကကျမ မှတ်မိသ လောက် ဒုံမင်း ကိုယုစွမ်တနှစ် မယ်ဒလင် ကိုမြင့်ဆွေဝင်း ကိုကိုကြီးမယ်လတန်ဝင်းဖေ ကိုကိုတင် (ကွယ်)တို့ကလည်းတီးဝိုင်း ၀ိုင်းတော်သားတွေပေါ့ကျမတို့ကလည်းဝါသနာအရသာ ရေချိုးခန်းမင်းသမီးတွေလုပ်နေကြတာ တီးဝိုင်းနဲ့ဆိုခဲ့ကြဘူးတာမပာုတ်တော့က ဘောက်တိက ဘောက်ချာပါဘဲ။အမျိုးသားတွေကိုသိန်းငွေ4th.Mech.ကလဲအဆိုကောင်း။ကိယုစွမ် နဲ့ကိုမြင့်ဆွေဝင်းတို့ကလဲ အတီးကောင်းသလိုအဆိုလဲကောင်းကြပါတယ်

စချင် လွန်းလို့အတင်းစခဲ့တဲ့တန်ဆောင် တိုင် ပွဲပာာ ကျမတို့ ကျောင်းပြီးတဲ့နှစ်အထိပိုပိုပြီးအောင်မြင် စည်ကားစွာ RIT အ ဆောင်တွေမှုာဆက် လက် ရှင် သန်ခဲ့တာသတိပြုခဲ့ပါတယ်

ကိုဝင်းသိန်းက တော့လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆုံးသွားခဲ့ပါပြီ။သူက နေ့ကျောင်းသားပေမဲ့သူပဲစေ့ဆော်ပေးလို့ကျမတို့ပထမနှစ်တုန်းကအားကစားကွင်းနဲ့G-hall ရှေ့က ဘော်လုံးကွင်း သန့်ရှင်းရေးပွဲမှာကောက်ညှင်းပေါင်းဝေပြီးအတီးအမှုတ်အိုးစည်ဝိုင်းတွေနဲ့ပေါ့ စင်မြင့်ပေါ်မှာကခဲ့တာမပာုတ်ဘူးမြေကြီးပေါ်မှာကခဲ့ကြတာကျောင်းသားတော်တော်များများနဲ့ကျမပါပျော်ပျော်ရွှင်ရွှင် အိုးစည်အယိုင် က တွေက ခဲ့ကြတာ။

ထူးခြားတာက မြေ၀ိုင်းပြဇာတ် စီစဉ်သူကကွယ်လွန်သွားပြီ ဖြစ်တဲ့ Ch.က Htay Htay Win(Marlene) သီဝိဘုရင်ကြီးတိုင်းခန်းလှည့်ရာတွင်ဥမ္မာဒန္တီ ကပန်းကျဲသည့်အခန်းသီဝိဘုရင် ကမြင့်မြင့်စိန် (Diana) ဥမ္မာဒန္တီတင် တင်မြင့်(Emma)အထိန်းတော်ကြီး သင်းသင်းခိုင်(Janet)အမတ်ကြီးMarlene ထီးတော်မိုး တင်မြင့်ဦး(Rosie တင်မောင်)အင် ဂျင် နီယာ term တွေနဲ့ပျက်လုံးတွေထုတ်ကြရာတ၀ါးဝါးတပာားနှင့် ပွဲအလွန်ကျကြသည်။သူတို့သရုပ်ဆောင် ချက်ကလည်းကာတွန်းရုပ်က လေး တွေလှုတ်ရှားနေသလို ရယ်စရာ နှစ်သက်စရာအလွန်ကောင်း လှသည်။

Categories: K - O

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s