Birthday

HBD Saya U Ba Than

U Ba Than

By Former Students

From U Wynn Htain Oo (M72)

Happy birthday ပါဆရာ

ဒီနေ့ည၁၂နာရီကျော်တာနဲ့ဆရာဦးဘသန်းအသက် ၉၁နှစ် ပြည့်ပါပြီ
ဆရာ့မွေးနေ့ကိုအစောဆုံး Wish လုပ်ချင်လို့ အခုထဲကရေးလိုက်တာပါ
ကျန်တော်တို့ကဆရာ့ကို ဆရာကြီးလို့ ဘာလို့လဲတော့မသိ မခေါ် ဆရာလို့ဘဲခေါ်ပါတယ် တတန်းလုံးပါ မောင်မာဃဟာလူတွေကိုရာထူးဘယ်လောက်ကြီးကြီးမကြောက်တတ်သူထဲမှာပါပါတယ်
ဘယ်သူ့မှသိပ်ရွံ့တယ်မရှိဒါပေမဲ့ဆရာတွေတော့မပါဆရာတွေကိုတော့ကြောက်တယ်တအားကြောက်ပါတယ်
အယောင်ယောင်အမှားမှားဖြစ်အောင်ကိုကြောက်ပါတယ်အထူးသဖြင့်အနေအရမ်းတည်တဲ့ဆရာဦးဘသန်းပါ
Mech72ရဲ့စောစောပိုင်းဆရာကန်တော့ပွဲတခုသိမ်ဖြူက စိတ်တိုင်းကျမှာလုပ်တယ် ကိုအောင်ထိုက်နဲ့ခင်တော့discountရလို့လုပ်တာ
အဲဒီပွဲမှာကန်တော့ချိုးတိုင်ပေးမဲ့ငကြောင်ကအစကသူတိုင်ပေးမယ်ပြောပြီးအနားမှကပ်ဖြုတ်သူ
မတိုင်တတ်ဖူးလုပ်တယ်
ကိုယ့်မှာရွေးစရာမရှိကဲငါဘဲတိုင်မယ်မောင်မာဃဘဲဖြစ်အောင်လုပ်မယ်ပေါ့
ဆရာကြီးဆရာမကြီးတို့ခင်ဗျားကျန်တော်တို့ကျန်မတို့ဟာmech72ကျောင်းသားကျောင်းသူများ
ဖြစ်ကြပါတယ်ခင်ဗျား
လို့အစချီပြီးသကာလ ခေါင်းကိုတချက်အမော့ ဆရာဦးဘသန်းနဲ့မျက်လုံးခြင်းဆိုင်မိသွားပါတယ် ထိုခဏ၌စာသင်ခန်းထဲမှာမြင်ဘူးတဲ့အလွန်တရာတည်တဲ့အကြည့်ကြီးကိုပြန်သတိ လိုက်မိသည် ခဏရင်ထဲမှာဘာကြောင့်လဲမသိဒိန်းကနဲကိုအရမ်းလန့်သွားပါတယ် လန့်ရုံလန့်ရင်ကိစ္စမရှိ
အခုတော့ကန်တော့ချိုးဆက်ဘာဆိုရမှန်းမသိအောင်လန့်သွားတာ ကျန်တော်ကျန်မတို့သည်ဘဲထပ်ဆိုပြီးလည်နေတာဘေးကဟံစိန်ကသတိထားမိပြီး
ဟေ့ကောင်ဟေ့ကောင်ကာယကံ၀စီကံ ဘာညာနဲ့ထောက်ပေးတော့မှဆက်နိုင်သွားခဲ့တယ်
ဆရာ့အရှိန်ကသိပ်ကြီးတာကလား

ဆရာကနှစ်စဥ်သူကိုယ်တိုင်အောက်တိုဘာ၂ရက်နေ့မတိုင်ခင်ဖုန်းဆက်တယ်
ပြီးရင်ပြောမယ်ကို၀င်းထိန်ဦးဆရာက ‘ကို’ တတ်ခေါ်တိုင်းကျန်တော်နေရအရမ်းခက်ပါတယ် ဆရာကအဖေ့ထက်တနှစ်ဘဲငယ်တာ
ဟေ့၀င်းထိန်ဦးလို့ခေါ်စေ့ချင်တာလေမရဆရာကအရမ်းယဥ်ကျေးတာ
ပြီးရင်ဆက်ပြောမယ်ကျန်တော့်မွေးနေ့
(ဒီကျန်တော်ဆိုတာလဲဆရာကမလျှော့) ခင်ဗျားတို့အတန်းကဘယ်နှစ်ယောက်လာမလဲ
ဆရာ့ကိုရမ်းသမ်းသွားမပြောနဲ့ကွဲသွားမယ်
၆ယောက်ဆရာအိုကေခင်ဗျားဖိတ်ပေးပါဆက်ဆက်လာနော်
နောက်နေ့မနက်ယောဆရာတော်ကျောင်းမှာကျင်းပတဲ့ဆရာမွေးနေ့ပွဲမှာဆရာဦးထွန်းရွှေ့ကိုစာအုပ်တအုပ်နဲ့တွေ့ရပါလိမ့်မယ်ကို၀င်းထိန်ဦး ခင်ဗျား၆ယောက်ကဘယ်သူမလာသလဲ အဲလိုစာရင်းမှတ်ပြီးဆရာဥိးဘသန်းကိုပြန်ပြရတာ
လာမယ်ပြောရင်လာမှလာမယ်ပြောပြီမလာရင်နာပြီသာမှတ် အဲလိုတိကျတာ
ဆရာကကျွေးရင်လဲအကောင်းစားမှယောဆရာတော်ကျောင်းကပုဇွန်ဆီပြန်၀က်သားဟင်းဂွေးသီးထောင်းဒညင်းသီးတို့စရာအစုံငါးပိကောင်ဟင်းဟင်းရွက်စုံဟင်းချိုအိုက်စကရင်ဖာလူဒါအရမ်းကောင်းပါတယ်
ဆရာကတပည့်တွေကိုလဲအရမ်းချစ်ပါတယ် တကယ်တော့၂၀၀၈တနှစ်ထဲသာတပည့်တွေကဆရာ့ကိုမွေးနေ့ပွဲလုပ်ပေးပြီဂုဏ်ပြုနိုင်တာပါ
ကျန်တာဆရာကချည်းကျွေးတာ


အခုလဲဒီနှစ်မွေးနေ့ကခါတိုင်းလိုဆိုယောဆရာတော်ကျောင်းမှာသေချာပေါက်ဆရာ့ကိုတွေ့ မှာပါ
အခုတော့မဆုံနိုင်ပါပြီ
ဆရာ့ကိုလှိုက်လှဲစွာဆုတောင်းပေးမိပါတယ်
ဆရာကျန်းမာသက်ရှည်ပါစေရပြီကျန်းမာသက်ရှည်ပါစေဆိုရင်လုံလောက်ပြီ
ဆရာကိုချမ်းသာပါစေလို့ထည့်ဆုတောင်းပေးစရာမလိုပါဆရာကအရမ်းချမ်းသာတယ်လေ
မြန်မာပြည်မှာအချမ်းသာဆုံးသူဌေးကြီးတဦးဖြစ်တဲ့သူဌေးကြီးချမ်မာဖီရဲ့မြေး
ဆရာတို့ Winner Inn နားကမြေတွေအတော်များများက လက်ညိုးထိုးမလွဲဆရာတို့မိသာစုတွေပိုင်ကြတာကလား
ဆရာကျန်းမာပါစေအသက်ရှည်ပါစေ
ဒီတခါတပည့်တွေနဲ့ပြန်တွေ့ရနိုင်တဲ့အချိန်ရောက်ရင်ဆရာ့အတွက်မွေးနေ့ပွဲကိုလုပ်ကြဖို့ကျန်တော်သေခြာပေါက်ဆော်သြမှာ
ဖြစ်လို့တွေ့ကြရအောင်ဆရာဆရာကျန်းမာစွာနေပေးပါလို့တပည့်အားလုံးကိုယ်စားတောင်းဆိုမိပါတယ်ဆ ရာ

From U Tin Myint (M80)

ဒီနေ့က ကျနော်တို့ဆရာကြီး ဦးဘသန်း အသက် ၉၂ နှစ်ပြည့်တဲ့နေ့၊ ကျနော်တို့ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ကြီးကို ဒီစာလေးနဲ့ ကန်တော့လိုက်ပါတယ်၊စည်းစနစ်ကောင်းလွန်းတဲ့ ကျနော်တိူ့ ဆရာကြီး (၁)ကျနော် ဆရာကြီးဆီက ကျောင်းသင်ပညာရပ်တွေကို လေ့လာဆည်းပူးခဲ့ရရုံမကဘူး၊ အလုပ်ကို ပီပြင်ကျနအောင် ဘယ်လို လုပ်ရမလဲဆိုတာပါ အတုခိုးလို့ရခဲ့ပါတယ်။

ဆရာကြီးသင်တဲ့ Strength of Materials SOM ဘာသာကို လက်ထောက်ဆရာငယ် အနေနဲ့တွဲရတုန်းက လုပ်ကိုင်ခဲ့ရတာတွေကို အခုထိ အမှတ်ရနေဆဲပါ၊ ဆရာကြီးက သူ့ SOM ဘာသာရပ်ကို အာအိုင်တီမှာ သင်ပြပေးနေတာနှစ်ပေါင်းမနဲတော့ပေမဲ့ စာသင်နှစ် အသစ်တိုင်းမှာ lecture synopsis အကျဉ်းချုပ် နဲ့ lecture ဖိုင် အသစ်လုပ်လေ့ရှိပါတယ်၊ ( အဲ့ဒီ့ အချိန်တုန်းက တောင် lecture synopsis ရေးတဲ့ ဆရာတွေ သိပ်မတွေ့ရတော့ဘူး၊ အခုများတော့လေ ….) ၈၀ / ၉၀ ရာနှုန်းလောက်ပြန်တူတဲ့ ဒီ ဖိုင်တွဲတွေကို နှစ်တိုင်းအသစ်လုပ်နေတာကိုတော့ အစပိုင်းမှာ ကျနော် သိပ် သဘောမပေါက်ခဲ့ပါဘူး၊ နောင်ကျမှ တစ်ဖြေးဖြေးသဘောပေါက်လာခဲ့ရပါတယ်၊ ဆရာကြီးက သူ့ lecture ချိန်ကို ဘယ်တော့မှ ၊ ဘာအကြောင်းနဲ့မှ မပျက်စေပါဘူး၊ ကျနော့်ကို သူ့ lecture ခန်းထဲမှာ လိုက်တက်ခိုင်းပါတယ်၊ စာသင်နေတုန်း ပါမောက္ခချုပ်က အရေးပေါ် အစည်းအဝေးရှိလို့ လာခေါ်ရင် ကျန်တဲ့ အချိန်ပိုင်းလေးမှာ ကျနော့်ကိုဆက်သင်စေပါတယ်၊ ဆရာကြီး lecture ပျက်လို့ ကျောင်းသားတွေ ပျော်ခဲ့ရတာ ဘယ်တော့မှ မရှီခဲ့ရပါဘူး၊ ဆရာကြီးက သူ အစည်းအဝေးရှိတာကို ကြိုသိရင်တော့ ညဘက်ကတည်းက ကျနော့်ဆီကို အဆောင်မှူး တယ်လီဖုံးကနေတစ်ဆင့် သံကြိုးဆက်ပါတယ်၊ (ဆရာကြီးက ဖုန်းဆက်တယ်လို့ မသုံးပါဘူး၊) ကိုတင်မြင့် lecture နံပါတ် ဘယ်လောက်ကို ခင်ဗျား သွားသင်၊ ဒီ lectureက အရင်နှစ်က ၄၅မိနစ်နဲ့ မလောက်ဘူး၊ overshoot 5 မိနစ်၊ အရင်ဆရာ အခန်းထဲကနေထွက်တာနဲ့ ခင်ဗျား သင်ပုန်းဝင်ဖျက်တော့၊ ပြီး သင်ပုန်းနှစ်ချပ်စာလောက် lecture notes ကြိုရေးထားတဲ့၊ ခင်ဗျားက လက်ရေးနှေးတော့ ဒီလိုလုပ်ထားမှ၊ တော်ကာကျမယ်တဲ့၊ lecture ပြီးရင် ဘယ် နှစ်မိနစ် overshoot ဖြစ်လဲ lecture notes အောက်မှာ ပြန်ရေးလာပေးတဲ့၊ ဒါတွေက နောင်နှစ ဒီlecture ဘယ်သူသင်သင် သတိချပ်လို့ ရဘို့တဲ့။အချိန်မလောက်လို့ lecture မပြီးလာလို့မရပါဘူး၊ ကျနော်က နောက်တစ်ချိန်ကျ နောက် lecture နံပါတ်အသစ်ကနေ စသင်မှာဘဲတဲ့၊ အစပိုင်းမှာ မပီးမှာစိုးလို့ ချွေးသီးလုံးတွေပါကျရတယ်။ဆရာ့ လက်ထောက်ဘ၀မှာ အချိန်တိကျရုံလောက်နဲ့ မရ၊ ဝီရိရလဲကောင်းမှ၊ ကြိုတင်ပြင်ဆင်မှုကလဲ နောင်နှစ်အထိ၊ စိတ်မောလူမောဖြစ်ရပေမဲ့ မှတ်သားစရာကောင်းတွေ ရခဲ့ပါတယ်။

ဆက်ပါဦးမယ်

From U Hla Win (M73)

ရန်ကုန်စက်မှုတက္ကသိုလ်၊စက်မှုအင်ဂျင်နီယာဌာန၊ပါမောက္ခ

ဆရာကြီး ဦးဘသန်း ၏

ယနေ့၂.၁၀.၂၀၂၁ နေ့တွင်

ကြရောက်သော (၉၁)နှစ်ပြည့်မွေးနေ့မှသည်

သက်ရာကျော် တိုင် ချစ်တပည့်များ၊မိသားစု၊မိတ်ဆွေများနှင့်အတူ

ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေကြောင်း

ချစ် တပည့်အပေါင်းမှ ဆုတောင်းမေတ္တာပို့အပ်ပါသည်။

From U Ye Lin Oo (M75)

Wishing a very happy and healthy 91st birthday to Sayargyi Prof U Ba Than. May you be healthy, joyful, peaceful, mindful and fulfilled with most of your best wishes.

Actually Sayargyi U Ba Than used to invite us on every 2nd October to the “Yaw Sayardawgyi Monastery, Bahan” for his birthday Swan donation except last year due to Covid19 pandemic.

We pay our homages to Sayargyi from distance this time.Wishing you All the Best Sayargyi.

From U Aung Min (M69)

၁၉၆၉++RIT ကျောင်းဆင်းများ
ယနေ့ သည် ကျေးဇူးရှင် ဆရာကြီး ဦးဘသန်း ( စက်မှု )​၏
(၉၁) နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။
ကျောင်းနေဖက်သူငယ်ချင်းများကိုယ်စား
ဆရာကြီးထံသို့ကျန်းမာ ချမ်းသာစွာဖြင့်
အသက်ရာကျော်ရှည်ပါစေကြောင်း
ဆုတောင်းမေတ္တာပေးပို့ပြီးဖြစ်ပါသည်။
ဆရာကြီးမှလည်း
တပည့်များအားလုံး
အေးချမ်းပြီး ပေါ်ပေါက်လျက်ရှိသော
ကပ်ရောဂါ ဘေးဆိုးများမှကျော်လွှားလွတ်မြောက်
နိုင်ကြပါစေကြောင်းနှင့်
ဆရာ / တပည့်များအမြန်ဆုံး ပြန်လည်တွေ့
ဆုံနိုင်ပါစေကြောင်း
ဆန္ဒပြုဆုတေင်းပေးခဲ့ပါသည်။

Saya’s Soon Kyway in October 2016

by U Soe Aung (M/Auto70)

ကျွန်တော်ချစ်ကြောက်ရိုသေရပါသော
ကျွန်တော့်ဆရာကြီးဦးဘသန်းး၏ မွေးနေ့ ပွဲ
အလှူ ၌ အမှတ်တရ 02/10/2016 ။
သူငယ်ချင်းများဖြစ်သေါ စက်မှုဝန်ကြီး
ဦးခင်မောင်ချို နှင့် ဦးအုန်းခိုင်တို့ လည်း
ပါဝင်တက်ရောက်ကြသည်။

Miscellaneous

October 2019

Sayagyi U Ba Than celebrated his 89th Birthday on October 2, 2019.

Attendees include Saya U Tin U (Saya U Ba Than’s elder brother), Saya U Soe Paing and Daw Saw Yu Tint.

October 2020

  • Photo Album Book
  • Present by U Tin Htoon (A60) for Saya’s 90th Birthday
  • Include Bio, Photos, Articles and Greetings

October 2021

  • Photo Card
  • Present by U Tin Htoon (A60) for Saya’s 91st Birthday

Categories: Birthday

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s