Month: October 2021

Tekkatho Moe War (16)

အိမ်အောင်းကြာဘဝ (၃)ရဲ့ အတွေးခါးခါးနဲ့…. ရှုမဝ-မောင်ဆွေတင့်၊ မောင်မြင့်မြတ်။ ရှုမဝမဂ္ဂဇင်းဆိုရင် စာပေရေးသားသူ၊ လေ့လာလိုက်စားသူအများ ကြိုက်နှစ်သက်ခဲ့သည့် စာပေမဂ္ဂဇင်းတစ်စောင် ဖြစ်တယ် ဆိုတာ ငြင်းဖွယ်မရှိပါ။ ရှုမဝဦးကျော်ပြီးရင် သူ့သားအကြီး မောင်ဆွေတင့်က ရှုမဝမဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်လာပြီး သူ့ကို စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာအဖြစ်သိကြတယ်။ ရန်ကုန်တက္ကသိုလ်မှာ ၁၉၅၈ခုနှစ်က တက္ကသိုလ်ကလောင်အသင်းမှာ စာရေးသူရော မောင်ငွေလှိုင်း (ဦးသက်လွင်) ရော၊ ရွှေကူ​ မေနှင်း၊ သင်းအောင်၊ ကြူ ကြူသင်း၊ ထီလာစိုး မြင့်ထယ် တို့အတူပါဝင်ဆောင်ရွက်ခဲ့ကြတယ်။ စာရေးဆရာ ကဗျာ ဆရာ တွေအများကြီးပါကြတာပေါ့။ ကဗျာဆရာ မောင်မြင့်မြတ်ကလည်း မောင်ဆွေတင့်နဲ့က သူငယ်ချင်း၊ ဒီတော့ စာရေးသူနဲ့လည်း သူငယ်ချင်းပေါ့။ […]

Tekkatho Moe War (17)

ပေဖူးလွှာ မဂ္ဂဇင်း နဲ့ ဖျာပုံ နီလုံဦး…. ခုတလော အိမ်အောင်းကြာဘဝမှာ စာပေအနုပညာရောင်းရင်းတွေကို သတိရနေမိတာတစ်ယောက်ပြီး တစ်ယောက်…။ ကွယ်လွန်သူ ချယ်ရီမဂ္ဂဇင်းအယ်ဒီတာ အောင်ပြည့် ပြီးတော့ အခုတစ်ခါ ဟိုးတစ်ခေတ် ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာ သူငယ်ချင်း ဖျာပုံနီလုံဦး ကိုအထူးသတိရနေပြန်ပြီ။ မဂ္ဂဇင်းအဟောင်းတွေလှန်လှောကြည့်လိုက်တော့ ဘယ်ခေတ်ဘယ်ကာလပဲကြည့်ကြည့် အမှန်တရားဖြစ်နေမဲ့ ကိုယ်​စာစီဖွဲ့ခဲ့တဲ့ ကဗျာတစ်ပုဒ်ကိုတွေ့လိုက်​လို့ ဝမ်းသာအားရ​ ဖြစ်သွားတယ်။ ပေဖူးလွှာ ၁၉၈၇ မေလ ထုတ် မှာပါ။ မဂ္ဂဇင်းတွေ အမျိုးအစား ၂၀လောက်ထွက်တာတောင် နာမည်ရလူကြိုက်များတာဆိုရင် စောင်ရေ ၆၀၀၀၊ ၈၀၀၀ ရောင်းကုန်တဲ့ ခေတ်…။ မတူသလား မမေးနဲ့…။ မတူရင်လာမ ယှဥ် နဲ့၊ မတုနဲ့…။ […]

Tekkatho Moe War (15)

အလွမ်းတကာ့ အလွမ်းထဲမှာ…. ” အလွမ်းထဲမှာ ” ကိုယ့်အလွမ်းထဲမှာ…. သူပါလာမလားရယ်လို့ စကားမျှင် နှောင်မဖွဲ့ပြီလာ့ မကြားချင် အယောင်ဆောင်ခဲ့သူရေ…. အလှည့်ကျ မနွဲ့ရစတမ်းနော် ကိုယ့်အလွမ်းတွက် ဖြေပြေရာငှက်ခြေရာ ဖွေရှာခက်ချည်ရဲ့ အိပ်မက်တို့ ​ပြယ်လွင့်ကျန်။ ကိုယ့်အလွမ်းများစွာ… ကျောင်းပေါ်မှာ- ဆရာပေါ်မှာ မိတ်ဆွေသူငယ်ချင်းပေါ်မှာ.. တပည့်ပေါ်မှာ မိသားစုပေါ်မှာ… ရင်ထဲမှာ နှလုံးသားထဲမှာဖြင့် ကဲ​မောက် ပြည့်လျှံ။ အလွမ်းရယ်ဆယ်ပြန်… ဒဏ်ရာထင်ကျန်သွား..။ ကိုယ့်အလွမ်းထဲမှာ သူပြန်လာမလားရယ်လို့ ထားသစ္စာ မတိုင်သာတိမ်းလေတော့ စကားအနှစ်ဗလာ ယိုင်ကာယိမ်းတာကြောင့် သူစိမ်းဆန် အသေအချာဝေးခဲ့ထင့် ဝေဒနာပေးသူရဲ့ဇာတ်ဝင်ခန်း… ကိုယ့်အလွမ်းမှာ ပါမလာနိုင်တော့… ကမ္ဘာ ကမ္ဘာတိုင်ခြား။ ။ တက္ကသိုလ် မိုးဝါ ၁၂ – […]

Tekkatho Moe War (16)

အိမ်အောင်းကြာဘဝ (၃)ရဲ့ အတွေးခါးခါးနဲ့…. ရှုမဝ-မောင်ဆွေတင့်၊ မောင်မြင့်မြတ်။ ရှုမဝမဂ္ဂဇင်းဆိုရင် စာပေရေးသားသူ၊ လေ့လာလိုက်စားသူအများ ကြိုက်နှစ်သက်ခဲ့သည့် စာပေမဂ္ဂဇင်းတစ်စောင် ဖြစ်တယ် ဆိုတာ ငြင်းဖွယ်မရှိပါ။ ရှုမဝဦးကျော်ပြီးရင် သူ့သားအကြီး မောင်ဆွေတင့်က ရှုမဝမဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်လာပြီး သူ့ကို စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာအဖြစ်သိကြတယ်။ ရန်ကုန်တက္ကသိုလ်မှာ ၁၉၅၈ခုနှစ်က တက္ကသိုလ်ကလောင်အသင်းမှာ စာရေးသူရော မောင်ငွေလှိုင်း (ဦးသက်လွင်) ရော၊ ရွှေကူ​ မေနှင်း၊ သင်းအောင်၊ ကြူ ကြူသင်း၊ ထီလာစိုး မြင့်ထယ် တို့အတူပါဝင်ဆောင်ရွက်ခဲ့ကြတယ်။ စာရေးဆရာ ကဗျာ ဆရာ တွေအများကြီးပါကြတာပေါ့။ ကဗျာဆရာ မောင်မြင့်မြတ်ကလည်း မောင်ဆွေတင့်နဲ့က သူငယ်ချင်း၊ ဒီတော့ စာရေးသူနဲ့လည်း သူငယ်ချင်းပေါ့။ […]

Memories of Mi Aung (61)

အားမာန်တင်း၊ ကျားကန်ရင်း “အိမ်အိုတော့ကျားကန်၊ လူအိုတော့ပန်းပန်” လို့ဆိုကြတာလေး။ ဟုတ်မှန်သောစကားမို့ အဆိုရှိကြတာနေမှာ။ ခုတလော မှာတော့ လူအိုပေမဲ့ ပန်းမပန်နိုင်ပါဘူး။ ပန်းပန်ရင်နန်းဆန်မှန်းတော့သိပါရဲ့။ ဒါပေမဲ့ အသက်(၂၈ )နှစ်ရှိပြီဖြစ်တဲ့ အိမ်အိုကြီး ကိုတော့ ကန်လိုက်ရတဲ့”ကျား”။ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ပါဘဲ။ တခါတလေ အိမ်သန့်ရှင်းရေးတောင်မလုပ်ချင်တော့ဘူး။ ကိုယ်က တစ်နေရာလေးသွားထိလိုက်၊ သူက ငါ့ကိုဒီနေ ရာလေး ပြင်ပေးပါဦးပြောလိုက်နဲ့။ ဟုတ်ပါပြီ၊ တို့တော့ ဒီနေရာလေးတစ်ကွက်တော့ ပြင်လိုက်မှပါလဲ ဆိုရော၊ နောက်တစ်ဒေါင့်က တစ် မျိုး ထကြွပြန်ပါရော။ ဒီကာလမှာထမင်းစားဖို့က အရေးကြီးနေတာလေ။” ခဏထားလိုက်ဦးမယ်ဟဲ့” လို့ မသိချင် ယောင် ဆောင်၊ မမြင်ချင်ယောင်ဆောင်နေရတာ။ အမယ်လေး၊ ဒီနေ့တော့ ကျွန်းသေတ္တာထဲကပစ္စည်းလေးတွေထုတ်ပြီး၊ […]

Memories of Mi Aung (60)

ကြီးလာတဲ့ “အိမ်” ဒီနေ့ ( 26-10- 2021 ) ကျမတို့အိမ် အကြီးကြီးဖြစ်သွားပါပြီ။ ဒဂုံကိုပြောင်းလာခါစတုန်းကတော့ အမေရယ်၊ ဝက်ပေါရယ်၊ မောင်လေးဝင်းမောင်ရယ်၊ ကျမရယ် ( ၄ )ယောက်ပေါ့။ အဲဒီတုန်းကတော့ ကြည့်မြင်တိုင်အိမ်ကိုရောင်းပြီး၊ အမေရလိုက်တဲ့အမွေဝေစုနဲ့ ကျမနဲ့ဝက်ပေါ ရဲ့လက်ဝတ်လက်စားလေးတွေထုခွဲပြီး၊ “ကျောချစရာ”နေရာလေးရအောင် စီစဥ်ခဲ့ရတာမို့၊ အောက်ထပ်ကသံမံ သလင်း မခင်းနိုင်သေးဘဲ၊ မြေကြီးနဲ့ နေခဲ့ရတာ။ ကြည့်မြင်တိုင်အိမ်ကို ငွေအကျေ ချေပြီးတာနဲ့ ပြောင်းနိုင်ဖို့ကို မောင်နှမ သုံးယောက် ကြိုးစားခဲ့ရတာ။ အောက်ထပ်ကို မြေကြီးသိပ်နေအောင်လို့ ​ သစ်သားဒင်နဲ့ တစ်ယောက်တလဲ “ထု”ကြရတာများ လက်တွေကို အသားမာ တက်ရောပါဘဲ။ ကိုယ့်မိသားစု ကိုယ်ပိုင်အိမ်လေးဖြစ်တော့မှာမို့ ပင်ပမ်းတယ်လို့မထင်ဘဲ၊ […]

English Teachers

St. Paul’s High School Brother Austin, Brother Xavier and Miss Hong Kong (Amelia Kyi) taught us English at St. Paul’s High School. Relieving teachers include Saya Lewis and Saya Tims. Intermediate College Daw Tinsa Maw Naing and Daw Khin Kyi Kyi taught English in our last ever I.Sc(A) […]

Dr. Khin Maung U

Update : October 25, 2021 Brief Work Experience Former Clinical Reviewer and Senior Medical Officer at U.S. Food and Drug Administration Former Assistant Professor and Physician at Johns Hopkins University Former Associate Professor, Physician at Hahnemann University Hospital Former Head, Clinical Research Division at Department of Medical Research, […]