Mi Aung

Memories of Mi Aung (16)

နိမ့်တုံ-မြင့်တုံ

မွေးစမှသေသည့်တိုင်အောင်၊ ပြည့်ပြည့်စုံစုံနဲ့တသမတ်ထဲ အတည်တကျရှိနေသူတွေဟာသိပ်ကံကောင်းကြပါလားလို့တွေးမိပါတယ်။ အမေပြောဘူးတာလေးကတော့၊သူ့ကံနဲ့သူပါလာပြီးသားတွေပါတဲ့။ အမေတို့လေတစ်သက်လုံးစားမကုန်သောက်မကုန်၊ ဆင်းရဲဖို့ဆိုတာမစဥ်းစားဘူးပါဘူးတဲ့။အမေတို့အဖေဆုံးပြီး၊အမေတို့အဖွါးကသားစိတ်နဲ့ဆုံးသွားပြန်တော့၊လက်ရှိနေရတဲ့အိမ်ကလေးတောင် သစ္စာရှိတဲ့သူခိုးက ဂရံလေး လာပြန်ထားလို့၊ အိမ်ပိုင်လေးနဲ့နေခဲ့ကြရတာကို။

“ငါ့သ္မီးကတော့ကွာ မြင်းပြိုင်ကွင်းကနေအိမ်ကိုလမ်းလျှောက်ပြန်ရအောင်ကိုအကျိုးပေးတာ၊ဒီကြားထဲ ဆီချက်ခေါက်ဆွဲလေးစားချင်သေးတာ”တဲ့။ (ဆီချက်ခေါက်ဆွဲက တစ်ပွဲမှတစ်မတ်ရယ်။) မြင်းပွဲရှုံးလို့ခြေကျင်ပြန်ခဲ့ရပြီး၊အိမ်မှာမိန်းမကဗိုက်နာနေတာ။အမေကလဲအဖေနဲ့အပြိုင်”ရွတ်”ပုံများကတော့ အနှီးပိတ်တောင်မဝယ်ထားဘူး။ကျမကိုစကားဝါပင်လမ်းမှာ ဝမ်းဆွဲဆရာမဒေါ်မယ်သန့်ကမွေးပေးတာပါ။အင်း၊မတ်လ ၂၇ ရက်၊တော်လှန်ရေးနေ့ပေါ့။ ကျမသိနားလည်တတ်တဲ့အချိန်မှာအဖေပြောလိုက်တဲ့စကားတခွန်းကိုကိုရင်ထဲစွဲသွားတာမို့ ” အကျိုးပေးတဲ့သ္မီးဖြစ်ရမယ်”လို့စိတ်မှတ်ထားလိုက်ပါတယ်။

ဥယျာဥ်လမ်းအိမ်ရောက်တော့ ညီမဝက်ပေါကိုမွေးတာပါ။ဒပ်ဖရင်(ဗဟိုအမျိုးသ္မီးဆေးရုံ)၊ ပိုက်ဆံခန်းမှာမွေးတာပါ။ အမေတို့ပြောတာ ညီမလေးက မျက်နှာဖုံးလေးနဲ့လို့ပြောပါတယ်။လူချစ်လူခင်ပေါတယ်တဲ့။သူက ပါးဖေါင်းဖေါင်းလေးနဲ့မို့ ဝက်ပေါလို့ချစ်စနိုးခေါ်တာ၊ကျမကတော့ခုချိန်အထိ ဒီလိုဘဲခေါ်တယ်။ သူ့ကိုမွေးပြီးနောက်တစ်လကျတော့၊ ကျမအဒေါ်စိန်စိန်ကဒုတိယသ္မီးလေးမွေးတော့ အော်တိုမစ်တစ်ရွှေပေါဖြစ်သွားပါရော။စွာတေးမခင်စန်းနုရဲ့ညီမ။

အဖေက သခင်ကျော်ထွန်းရဲ့ ယခုခေတ်အခေါ်တော့ PA.ပေါ့။လယ်ယာနဲ့သစ်တောဝန်ကြီးလို့ပြောပါတယ်။အဲ့ဒီအချိန်ကအိမ်မှာဧည့်သည်တရုန်းရုန်း၊”အင်း”လေလံစွဲချင်တဲ့သူတွေ၊ဘကြီးအောင်ခင်(အဖေ့ရဲ့ဒုတိယအကို)က ထန်းတပင်အမတ် ဝင်ရွေးမှာမို့လာတဲ့သူတွေကို အိုးကြီးအိုးငယ်နဲ့ချက်ပြုတ်ကျွေးရတာ ကိုတော့မှတ်မိနေတာလေးပါ။ အမေကမောင်လေးဝင်းမောင်ကိုမွေးခါနီး၊ဗိုက်နာလို့ဒပ်ဖရင်ပို့လိုက်ပါရော။ ၂ရက်နေလို့မမွေးတော့၊အိမ်ကိုစိတ်မချတဲ့ကျမတို့အမေက ဆေးရုံကအတင်းဆင်းလာတာ။ဟောတော့၊ ညလဲကျရောအမေကဗိုက်နာလာတာနဲ့ လက်မှတ်ရ သားဖွါးဆရာမကြီးဒေါ်စက်မေကိုခေါ်ပြီး စကားဝါပင်လမ်းအိမ်မှာမွေးလိုက်ရပါတယ်။ တော်တော်နောက်တဲ့မောင်လေး။

ဗါးဂရာလမ်းကဦးဘဖေဆေးရုံမှာ ညီမလေးမိမာကိုမွေးတာပါ။အဖေကဆေးရုံကိုခေါ်လို့သွားလိုက်ကြည့်တော့ နှာတံပေါ်ပေါ်၊မျက်လုံးလှလှလေးနဲ့ချစ်ဖို့ကောင်းတာ။အဖေက “ငါ့သ္မီးကတော့အချောဆုံးဘဲ၊ ညိုမြရုပ်လေး” တဲ့လေ။ မိမာငယ်ငယ်ကတအားဂျီကျတာ။သူငိုရင်အလုပ်လုပ်ရတာအဆင်မပြေဘူးလို့ အမေကပြောထားတဲ့အတွက်အရမ်းအလိုလိုက်ရပါတယ်။

အငယ်ဆုံးမောင်လေးဖိုးချိုကိုတော့ ဒပ်ဖရင်မှာမွေးပြီး၊ ၄/၅လသားလောက်ကထဲက အဖေသွားလေရာ နို့ဗူးနဲ့ခေါ်သွားတာ။အလုပ်အကိုင်တွေကသိပ်ကိုအဆင်ပြေတဲ့အချိန်၊အမေကအိမ်မှာကုန်သည်နဲ့အလုပ်စကားပြော၊အဖေက ကားတစီးနဲ့ပစ္စည်းတွေကိုလိုက်ပို့ပေးတာ။ ပိုက်ဆံမှာမျက်စေ့နဲ့ခြေထောက်ပါတယ်။သူလာချင်ရင်တက်လာပြီး မနေချင်တော့ရင်လဲပြန်ဆင်းသွားတတ်တာ။ ~ဖိုးချိုလေးတစ်နှစ်သား သာသာလေးမှာကျမတို့အဖေကဆုံးသွားပါတယ်။ သိပ်ပြီး ကစင့်ကရဲ မဖြစ်လိုက်တာကတော့ အမေက အဖေ့ကိုတအားမမှီခိုဘဲ ယောကျာ်းနဲ့ဒိုးတူပေါင်ဖက်အလုပ်လုပ်ခဲ့သူမို့ပါ။

သားတွေသ္မီးတွေနဲ့ပျော်ပျော်ပါးပါးနေချင်ရှာတာ။ထမင်းစားပွဲကိုတောင် တစ်ဝိုင်းထဲစားလို့ရအောင် ပုတီးကုန်းမှာထမင်းစားစားပွဲအကြီးကြီး၂လုံးလုပ်ခိုင်းတာ။ တူတွေတူမတွေအတွက်ရောပေါ့လေ။အဖေဆုံးတော့၄၆နှစ်။

တကယ်တော့ ကံစီမံရာကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။ လောဘ၊ဒေါသ၊မာန်မာနတွေမရှိကြတော့ရင်၊ ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s