Mi Aung

Memories of Mi Aung (8)

အာဂမိန်းမ

“မုန့်ကိုရောင်းကာ မောင့်ကိုကျွေးပါ့မယ်”

လူ့ဘဝမှာတွေးခဲ့တာတစ်မျိုး၊တကယ်ကြုံရတာတစ်မျိုးမို့အတော်ထူးဆန်းတာပါ။ချစ်သူနှစ်ဦး အတူနေကြရင် ဘယ်လိုဘယ်ပုံလုပ်ကိုင်စားသောက်ကြမယ်ဆိုတဲ့ စီမံကိန်းလေးတွေတော့ဆွဲကြမှာဧကန်ပါ။ဒါပေမဲ့ တာဝန်ယူတတ်ပြီး၊တာဝန်သိတတ်တဲ့ ကျမအဖေလိုလူမျိုးကတော့ မိန်းမကိုခိုင်းစားမည့်ယောကျာ်းထဲမှာမပါပါဘူး။အမေ အမြဲပြောတဲ့”ညည်းအဖေလိုလူမျိုးမရှိပါဘူး” ဆိုတာ၊ ကျမအသက်ကြီးမှနားလည်တာပါ။

(ဟင်း!! အမေကသူ့ယောကျာ်းကိုရှိတုန်းတော့တည့်အောင်မပေါင်းဘဲနဲ့ လို့အမြဲတွေးခဲ့မိပါတယ်။)

ပြောခဲ့ဘူးသလိုဘဲ အဖေကအလုပ်မရှိ၊ဘာလုပ်လုပ် ဘေးကြပ်နံကြပ်ဖြစ်နေချိန်မှာ၊ အမေကရှပ်အင်္ကျီကြယ်သီးတပ်ပြီးလောလောဆယ် မချေးမငှားရအောင်ကြိုးစားလုပ်ကိုင်ပေးခဲ့ပါတယ်။ လင်နဲ့သားသ္မီးကိုပြည့်စုံစေချင်တဲ့စိတ်က အမေ့ဆီမှာအပြည့်။ ကုန်သည်သားသ္မီးဆိုတော့လဲ စီးပွါးရေးအမြင်ရှိတော့၊ သူမို့စဥ်းစားပြီးလုပ်တတ်တယ်။အဖေ့ကိုတောင်အံ့အားသင့်စေခဲ့တာပါ။

အဲ့ဒီကာလက အခြေခံစားသောက်ကုန် ၃၇မျိုးလား၊၃၂မျိုးလား

(ကျမသိပ်မမှတ်မိ၊ဇဝေဇဝါ)၊

ကန့်သတ်ကုန်လို့သတ်မှတ်ပါတယ်။ပြည့်သူ့ဆိုင်မှာတန်းစီပြီးဝယ်ရတဲ့ခေတ်ပါ။မြင်တတ်တဲ့အမေက ကြက်သွန်၊ငရုတ်သီးအစရှိတဲ့ပစ္စည်းအမျိုးမျိုးကို ဝယ်ပြီး၊စျေးထဲကဆိုင်တွေကိုပြန်သွင်းပါတယ်။ ငွေအရင်းအနှီးကလဲမဖြစ်စလောက်မို့အတော်ပင်ပမ်းရှာမှာပါ။နောက်တော့ တစ်နေ့ကိုနှစ်ခေါက်သုံးခေါက်လောက်အမြဲသွားနေတာမို့ ဆိုင်ကအမျိုးသ္မီးနဲ့ခင်ပြီး၊ငွေမရှင်းခဲ့နဲ့ တခါထဲများများယူသွား၊ စျေးထဲမှာသွင်းပြီးမှပြန်လာပေးဆိုတာမျိုးဖြစ်လာတော့ အမေနဲနဲ ပင်ပမ်းတာသက်သာတာပေါ့။

(အမေTargetထားပြီး ပစ္စည်းယူတဲ့ဆိုင်က သူဌေးရပ်ကွက်မို့ ပြည်သူ့ဆိုင်(ပ ပ က)မှာဝယ်သူမရှိ။ပစ္စည်း အစုံရနိုင်တဲ့ဆိုင်။ တာဝန်ခံအန်တီကြီးရဲ့နံမည်ဒေါ်မြမြဆိုတာကိုတောင် အမေမကြာခဏပြောလို့မှတ်မိနေပါသေးတယ်။ ကျေးဇူးရှင်တစ်ဦးပါဘဲ။)

ဒီလိုနဲ့မောင်လေးကိုမွေးဖို့နီးလာတော့အမေပစ္စည်းသွားမယူနိုင်တော့ပါဘူး။အဒေါ်တစ်ယောက်ကို အဲ့ဒီဆိုင်နဲ့ဆက်သွယ်ပေးပြီး၊ဘယ်မှာပြန်ရောင်းဆိုတာကအစသင်ပေးပြီး အလုပ်လုပ်ပေးခိုင်းတာပါ။ အမေ မျက်နှာမြင်ပြီးတစ်ပါတ်နှစ်ပါတ်လောက်တော့ အရင်းဘယ်လောက်၊ အမြတ်ဘယ်လောက်နဲ့စာရင်းရှင်းပေးနေတာဟုတ်လို့ဘဲ။

နောက်ပိုင်းမှာတော့ ဆိုင်ကပစ္စည်းမရတော့ဘူးလို့ဆိုပါတယ်။မောင်လေး (၃)လသားလောက်ရောက်မှ အမေအပြင်ထွက်၊ ပ ပ ကဆိုင်ကိုသွားတော့ အဲ့ဒီအမျိုးသ္မီး အမြဲပစ္စည်းလာယူပြီးရောင်းတဲ့အကြောင်းသိရတော့တာ။ ဒါပေမဲ့ ဘာတစ်ခွန်းမှမပြောခဲ့ဘဲ ဟုတ်ကဲ့ ၊ဟုတ်ကဲ့နဲ့ဘဲအိမ်ကိုပြန်လာလိုက်တာ။ အဖေ့ကိုပြန်ပြောပြတာတော့ “စားပါစေ၊သူများစားပေါက်ကိုမပိတ်ချင်ပါဘူး”တဲ့။

အမေ့အတွက် သင်ခန်းစာရလိုက်တာကတော့ဟင်းစားဘဲပေး၊ကွန်ချက်မပြနဲ့ ဆိုတာလေးပါဘဲ

နောက်တော့လဲ အဆက်အသွယ်တစ်ခုပြီး တစ်ခုရလာပြီး၊ အလုပ်အကိုင်တွေအဆင်ပြေလာတာဟာအမေ့ရဲ့စိတ်စေတနာကြောင့်လို့ လို့တွေးမိပါတယ်။

နောက်ပိုင်းအဖေကိုယ်တိုင်လဲ နိုင်ငံရေးသမားတစ်ဖြစ်လဲကုန်သည်ကြီးလုံးလုံးဖြစ်သွားရတော့တာပါဘဲ။

တစ်သက်လုံးစျေးရောင်းရတဲ့အလုပ်ကိုမလုပ်ခဲ့ဘူးတဲ့အဖေ့ကိုအားဖြည့်တိုက်တွန်းဆွဲဆောင်နိုင်တဲ့ကျမတို့အမေကိုတော့ဘယ်လိုချီးကြူးရမှန်းတောင်မသိပါဘူး။

မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ သားသ္မီးတွေကိုပြုစုပျိုးထောင်ရင်း အင်မတန်ပျော်ခဲ့ကြရတာပါ။ လေပြေလေးမလာခင်တော့ မုန်တိုင်းကို​ကျော်ဖြတ်ကြရတာပေါ့လေ။

ကြိုးစားရင်းနဲ့ဘဲ – – – -တစ်နေ့တော့ ပန်းတိုင်ရောက်ရတာအမှန်ပါဘဲ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s