Mi Aung

Memories of Mi Aung (10)

နိမ့်တုံ မြင့်တုံ

ဒီနေ့ ကွန်ဗင့်ကျောင်းသူဖြစ်တဲ့နေ့ပေါ့။

အဖေကမနက်စောစော ရေမိုးချိုးသနပ်ခါးလိမ်းပေးပြီး၊ အင်္ကျီကိုလည်းကျကျနနဝတ်ပေး၊ကုလားထိုင်ပေါ်မှာကျမကိုတင်ပြီးဖိနပ်စီးပေးတာ ဘယ်တော့မှမမေ့နိုင်ပါဘူး။သ္မီးအကြီးဆုံးမို့ တော်စေ၊တတ်စေချင်တာ အရမ်းကိုပါဘဲ။ (အဖေ ရည်မှန်းသလောက်တော်တဲ့အထဲမှာ ကျမက”စံ”မဝင်လို့ ၊ခုချိန်ထိအဖေ့ကိုတောင်းပန်နေရပါတယ်။)

St. Philomena’s Convent ကိုကျောင်းစတက်တော့Middle Kg. Teacher Mrs. Ba Ba ရဲ့အတန်းမှာပါ။ ပထမဦးဆုံးရတဲ့သူငယ်ချင်းအသစ်လေးကတော့ အလွန်သွက်လှသောPansy Nyi (မိမိအေးအေး) ပေါ့။

{ကျမကဌာနာလမ်းထိပ်ကကျောင်းယ္ခုအထက(၅)ကြည့်မြင်တိုင်ကဒုတိယတန်းအောင်ပြီးကျောင်းပြောင်းခဲ့တာ။ကွန်ဗင့်ကျောင်းကျတော့ဘာသာစုံအင်္ဂလိပ်လိုသင်ခဲ့ရတယ်။ ဒါပေမဲ့ ကျောင်းတွေကိုပြည်သူပိုင်လဲသိမ်းလိုက်ပါရော ၅တန်းကျမှအင်္ဂလိပ်စာပြန်သင်ကြရတော့တာ။ အထက်မကျ၊အောက်မကျနဲ့ ဂွကျကျဖြစ်ရတာပါဘဲ။}

အရင်ကျောင်းကကျမရဲ့သူငယ်ချင်းတချို့ကတော့ကျမထက် ၂နှစ်လောက်စောပြီးဘွဲ့ရကုန်ကြတာ။

ဒါကြောင့်မို့ ဘယ်ကျောင်းမှကောင်းတယ်၊စာလဲသင်တာကောင်းတယ်လို့မယူဆစေချင်ပါဘူး။

ကျမညီမလေးက အထက(၅)ကဘဲ၁၀တန်းအောင်တော့ဓါတုဗေဒတောင်ဂုဏ်ထူးရပါသေးတယ်။ ပေးတဲ့သူဆီက ရအောင်ယူတတ်ဖို့အဓိကပါ။

Higher KG (Tr.Mrs.Ba Sein.),

1st. Std: (Tr. Mabel), 2nd.Std:(Tr. Parli Mra Tun.) တို့ရဲ့အတန်းတွေမှာပညာသင်ခဲ့ရပြီး တတိယတန်းမတက်ရဘဲစတုတ္ထတန်းကို ကျမ၊ Pansy, Sheila Tun Mg, Daisy Saw, Dolly Sein)တို့တက်ရတာပါ။

အဖေကတေ့ာသူ့သ္မီးတော်လှဆိုပြီးသဘောတွေကျလို့။စတုတ္ထတန်းတက်တဲ့နှစ်ဘဲ ကျောင်းကပြည်သူပိုင်အသိမ်းခံလိုက်ရတာပါ။ သိပ်ချစ်စရာကောင်းပြီးကျက်သရေရှိလှတဲ့ Tr. Dorothy ရဲ့အတန်းမှာတက်ရပါတယ်။

အဖေကအလှအပကြိုက်သလောက် အမေကသနပ်ခါးလိမ်းတာကလွဲလို့ လုံးဝအလှမပြင်ပါဘူး။နဂိုချောမို့သာတော်တော့တယ်။ တို့ပတ်ပုဝါတောင်အဖေလုပ်ပေးတာ။စွပ်ကျယ်အပိုင်းလေးကိုသန့်အောင်လျှော်၊သနပ်ခါးရည်လေးထဲနှစ်လို့ နေရိပ်မှာခြောက်အောင်ထားရပါတယ်။(နေပူမှာလှန်းရင် တင်းတိတ်ဖြစ်တတ်သတဲ့။) ဒေါ်ခင်မေတို့ကမင်္ဂလာဆောင်တဲ့တစ်ခါ၊ကျမဘွဲ့ယူတော့တစ်ခါနဲ့မှနှစ်ခါဘဲနှုတ်ခမ်းနီဆိုးဘူးတာ။

ကျမနဲ့တော့လုံးဝမတူ။ (အဖေကနှုတ်ခမ်းနီဆိုးပေးရင် သ္မီးရေပါးစပ်လေးကို’အို’လို့ဆိုပြီးမှ ဟထားတဲ့နှုတ်ခမ်းကိုဆိုးရတယ်လို့သင်ပေးတာ။)

တော်ဝင်သူအမေ စပြီးရုန်းကန်ခဲ့ရတဲ့နှစ်ပါဘဲ။

အမေ့ခမြာမှာအဖေစိတ်ဓါတ်မကျရအောင်၊ပင်ပမ်းတကြီးကြိုးစားရုန်းကန်ခဲ့ရတာ၊အဖေလဲပြန်ပြီးစီးပွါးရေးလောကထဲဝင်လို့အတော်လေးအထိုင်ကျရော အဖေကဆုံးတော့တာပါဘဲ။

အဖေမဆုံးခင်စီးပွါးရေးအဆင်ပြေတုန်းအချိန်မှာဘဲမောင်လေးအောက်ညီမလေးတစ်ယောက်မွေးပါတယ်။မိမာပါ။

ညီမလေးကတစ်နှစ်သ္မီးလောက်မှာနေမကောင်းဖြစ်နေတုန်း ငရုတ်သီးညှော်မိတာ၊ ရင်ကလဲကြပ်တော့ကမန်းကတမ်းဆေးရုံပြေးတော့။ဆုံဆို့နာဖြစ်တာမို့လည်ပင်းမှာအပေါက်ဖေါက်ပြီး ကန်တော်လေးကကူးစက်ဆေးရုံမှာ ၃လနီးပါးပါဘဲ။ မသေလို့သာပါ။ အမေကအပြုအစုကောင်းတာလဲပါသမို့။လည်ပင်းကအပေါက်လေးကချွဲဆို့သွားရင်သေတတ်တာမို့တချိန်လုံးကြည့်နေရရှာတာ။ အိမ်သာသွားရင်တောင်ချီသွားပြီးလည်ပင်းကအပေါက်ကိုကြည့်နေရတာ။

ဘဝ ဆိုတာ အတက်အကျအနိမ့်အမြင့်တွေများလွန်းလှပါတယ်။

လူတွေဟာဘာဖြစ်လို့များ လောဘ မာန်မာနတွေဖုံးလွှမ်းနေကြပါလိမ့်။ မသိမှုအဝိဇ္ဇာတွေဖုံးလွှမ်းနေကြတာသနားစရာပါ။

ကျမအဖေဆိုလုပ်ငန်းတွေလဲအဆင်ပြေ၊သားသ္မီးတွေပြည့်ပြည့်စုံစုံ (မိမာမွေးပြီးမောင်လေးဖိုးချိုလဲအပါအဝင်၊မောင်နှမ ၅ ယောက်) နဲ့သိပ်ပျော်ခဲ့ရှာတာပါ။ ဒီကြားထဲမှာ တနင်္ဂနွေနေ့ဆို အမေ့ရဲ့မောင်နှမတွေကမွေးတဲ့ကလေးတွေအားလုံးကို အမျိုးမျိုးမရိုးရအောင်ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးရင်းပျော်နေတာ။ကံကြမ္မာက ရက်စက်လာတော့ – – –ခဏပျော်ပေါ့လေ

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s