Mi Aung

Memories of Mi Aung (1)

အမေ့ဘဝတစ်ပိုင်းတစ်စ။

ချမ်းသာသောကုန်သည်ရဲ့သ္မီးအကြီးဆုံးမို့မြို့ကျောင်းSt.Maryမှာကျောင်းနေခဲ့ရတာပါ။

မောင်အငယ်ကတေ့ာမြို့မကျောင်းမှာပေါ့။

ခေတ်ပျက်လို့တောကိုမောင်နှမနှစ်ယောက်ပြန်ခေါ်ခဲ့တော့ပညာဆက်မသင်ရဘဲ ၄တန်းလောက်အထိ သာစာသင်ခဲ့ရရှာပါတယ်။

(တကယ်တော့ စစ်ကြောင့်ရည်မှန်းချက်ပျက်သုဥ်းလို့ဘဝတွေကစဥ့်ကလျားဖြစ်ကြရတာရင်နာစရာ။)

တခါတောပြန်ရောက်တော့လဲဓါးပြရန်ကြောင့် မိသားစုရန်ကုန်ကိုရွှေ့ခဲ့ရပြန်ရော။

ဧရာဝတီတိုင်း ညောင်စောက်ကနေပြေးလာကြသူများမို့ ကြည့်မြင်တိုင်မှာအိမ်လေးဝယ်ပြီးနေထိုင်ကြရာ လုပ်ကိုင်စားသောက်လို့အဆင်မပြေနိုင်၊တောသူတောင်သားမို့ရိုးသားစွာစီးပွါးရှာရင်း ဘတ်စ်ကားထေါင်တော့ နောက်ဆုံးအရည်ကြိုရောင်းချရ၊ဆပ်ပြာစက်လုပ်တော့ဆပ်ပြာကမခဲ။

နောက်ဆုံးတော့လူလဲဆုံး။

{စျေးလူကြီးမို့ ဂျူဗလီဟော(ဗိုလ်ချုပ်တို့ကျဆုံး)ကအပြန်ခွေးရူးပြန်ပြီးအနိစ္စရောက်ခဲ့ရတယ်။}

အမေ့ရဲ့အဖေပါ။ဒါတွေအမေပြောပြခဲ့တာပါ။

အဖွားကရိုးလွန်းတော့လူလိမ်ခံရပြီးပစ္စည်းလဲကုန်။ကံကောင်းချင်တော့အမြှော်အမြင်ရှိတဲ့အမေတို့အဖေက ဘွန်တွန်ကဆရာခေါ်ပြီး မိန်းကလေးတွေဘော်လီချုပ်သင်ခိုင်းထားလို့သာ လူ့ဘဝမှာရပ်တည်နိုင်ခဲ့ကြတာပါ။

အမေပြောပြတာလေ သနားစရာလဲကောင်း၊ရယ်လဲရယ်ရ

“သူခိုးလာခိိုးတာ သိရဲ့သားနဲ့ကြောက်လို့ထမကြည့်ရဲတဲ့အဖြစ်၊မနက်လင်းတော့ အိမ်ဂရံလေးကိုအိမ်ရှေ့မှာ ကျောက်ခဲနဲ့ဖိပြီးလာပြန်ထားတာ”တဲ့။

အဲ့ဒီခေတ်ကသူခိုးလဲသစ္စာရှိပုံပြောပါတယ်။

(ကြည့်မြင်တိုင်ကအိမ်လေးက၂၅’×၅၀’ကို ၅၀၀ကျပ်တဲ့)

ခုကာလနဲ့ဆိုရယ်စရာ။

ဥာဏ်ထက်ပြီးအမြှော်အမြင်ကြီးတဲ့အမေ့အကြောင်း ဆက်ရေးပါဦးမယ်။

ကျမတို့ခုလိုတည်တည်ငြိမ်ငြိမ်လေးရပ်တည်နိုင်တာအမေ့ကျေးဇူး။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s