Uncategorized

Expat’s apology

  • Credits :
  • Letter from foreigner who lived in Myanmar about 5 years
  • Translator of the Letter

An expat’s open apology to Myanmar

နိုင်ငံခြားသားတစ်ဦးမှ မြန်မာပြည်သို့ အိတ်ဖွင့်တောင်းပန်စာ

Today I’m leaving Myanmar, the wonderful place I’ve been lucky to call home for almost five years. I’m devastated to be leaving like this, in your time of greatest need, and I want to say sorry. I’m sorry that when more than ever you need allies, advocates and witnesses, your expat friends are leaving in droves.

ကျွန်တော် ဒီနေ့ မြန်မာပြည်မှ ထွက်ခွာရပြီ၊ ငါးနှစ်ခန့် နေထိုင်ခဲ့တဲ့ သာယာတဲ့တိုင်းပြည်ပါ။ မိတ်ဆွေတို့ရဲ့ အလိုအပ်ဆုံးအချိန်မှာမှ ဒီလိုထွက်သွားရတာကို လုံးဝစိတ်မကောင်းဖြစ်ရပါတယ်၊ သင်တို့အတွက် မဟာမိတ်တွေ၊ ထောက်ခံသူတွေ၊ မျက်မြင်သက်သေတွေ အလိုအပ်ဆုံးအချိန်မှာမှ နိုင်ငံခြားသား မိတ်ဆွေများဟာ အလုံးအရင်းနဲ့ ထွက်သွားကြတာ စိတ်မကောင်းဖြစ်ရလို့ တောင်းပန်ပါတယ်။

We enjoyed the best of Myanmar while the sun shone, only to run for cover when the storm came in (like last year, when we all assumed our western countries would be safer from Covid). You have given us so much and asked so little in return. We do not have your courage and you deserve better. And you really have given so much.

နေသာနေတုန်းကတော့ ကျွန်တော်တို့ဟာ မြန်မာပြည်ရဲ့အကောင်းဆုံးတွေကို ခံစားခဲ့ကြပြီး မုန်တိုင်းလာတော့မှ လွတ်ရာပြေးခဲ့ကြသူတွေပါ။ သင်တို့ဟာ ကျွန်တော်တို့ကို အများကြီးပေးခဲ့ပြီး အနည်းငယ်သာ ပြန်တောင်းခဲ့တယ်။ သင်တို့လို သတ္တိမျိုး ကျွန်တော်တို့မှာ မရှိဘူး၊ သင်တို့ ဘဝတွေ ဒီထက်ကောင်းသင့်ပါတယ်။

Our memories of Myanmar will be awash with smiling faces:

  • the smiling samosa seller on the corner
  • the street security guard (for helping us with the luggage this morning)
  • the kids on our road (pausing the football match to wave as we came home)
  • the talkative taxi drivers (who were always delighted to discuss the Premier League).
    I’m sorry I haggled the fare with you over 500 Kyats (in hindsight the price never really was ‘zay gyi deh’)
  • our neighbour in his80s (who in a gorgeous BBC accent took every chance to practice his English with us)
  • the [initially] grumpy tea-shop guy (who brought me delicious Mohinga for breakfast)
  • the Shan noodle soup boys (who knew my order by heart)
  • the incredible colleagues (who’ve taught me so much, humoured my awful Burmese)
    never failed to point out with great concern that I seemed to have lost weight.

ကျွန်တော်တို့ မြန်မာပြည်အကြောင်း ပြန်တွေးမိရင် ပြုံးနေတဲ့မျက်နှာများကိုသာ ပြန်မြင်နေရမှာပါ၊ လမ်းဒေါင့်က စမူဆာသည်၊ လမ်းထဲက လုံခြုံရေးသမား၊ ဘောလုံးကန်နေတာကိုရပ်ပြီး လှမ်းနှုတ်ဆက်တတ်တဲ့ လမ်းထဲက ကလေးတွေ၊ Premier League အကြောင်းသိပ်ဆွေးနွေးချင်တဲ့ စကားများတဲ့ တက္ကစီသမားတွေ၊ (ကားခ ၅၀၀ ဈေးဆစ်ခဲ့မိတာ စိတ်မကောင်းပါ၊ ပြန်တွေးကြည့်တော့ ဈေးမှမကြီးတာပဲ) ၊ BBC လေသံနဲ့ ပြောပြီး အင်္ဂလိပ်စကားပြောလေ့ကျင့်ချင်တဲ့ အသက် ၈၀ ကျော် ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ( ထားခဲ့တဲ့ စာအုပ်တွေ သူ ကြိုက်မယ်ထင်ရဲ့)၊ မနက်စာ မုန့်ဟင်းခါးလာချပေးတဲ့ စိတ်သိပ်မရှည်တဲ့ လက်ဖက်ရည်ဆိုင် စားပွဲထိုးလေး ( တစ်နှစ်လောက်ကြာမှ ကျင့်သားရပြီး ကြိုက်သွားတဲ့ မုန့်ဟင်းခါးပါ)၊ ကျွန်တော် ဘာမှာမယ်ဆိုတာကို အလွတ်ရနေတဲ့ ရှမ်းခေါက်ဆွဲဆိုင်က ကောင်လေး၊ ခင်စရာ အလုပ်က သူငယ်ချင်းတွေ၊ သူတို့က ကျွန်တော့်ကို အများကြီး သင်ပေးခဲ့ကြ၊ ကျွန်တော့်ရဲ့ မြန်မာစာညံ့တာကို သည်းခံပေးခဲ့ကြ၊ တကယ်လည်း ပိန်သွားတာမဟုတ်ပေမယ့် နင်ပိန်သွားတယ်နော်လို့ တွေ့ရင်ဂရုတစိုက်ပြောပေးတတ်ကြတဲ့ အလုပ်က သူငယ်ချင်းတွေပါ။

As a country, you’ve given us endless ‘golden hour’ sunsets, unrivalled beaches and the stunning colours of the Shan hills; the hustle and bustle of dynamic downtown Yangon and unexpected magic in hidden corners of the country. We won’t miss your affinity for EDM (did it always have to be SO LOUD?) but that’s OK, no-one’s perfect!

မြန်မာပြည်ဟာ ကျွန်တော်တို့အတွက် ရွှေအိုရောင် နေဝင်ချိန်အလှတွေ၊ ယှဥ်မရအောင်လှတဲ့ ပင်လယ်ကမ်းခြေတွေ၊ ရောင်စုံလှပတဲ့ ရှမ်းတောင်တန်းကြီး၊ ပျားပန်းခပ်မျှစီကားတဲ့ ရန်ကုန်မြို့လယ်၊ လူသိမများသေးတဲ့ ရင်သပ်ရှုမောနေရာတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းပြည်ပါ။ EDM ကိုတော့ ဆူညံလွန်းလို့ လွမ်းနေမှာ မဟုတ်ပါဘူး။

I wish we could do more to repay you. We’ve watched in horror and fear as the military has murdered your people, men, women and children alike. We’ve shed many tears to see your fallen heroes and spent long sleepless nights dreading the morning news. I’m so sorry our toothless “international community” can’t or won’t take meaningful action. By now you must be sick of hollow words, but I mean it when I say I’m appalled (if not unsurprised) at how weak foreign action has been. Personally and professionally, I leave conflicted: never before have I felt something mattered as much as this, and yet never have I felt so useless -unable to make a difference where it’s needed most.

သင်တို့ကို ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ ယောက်ျား၊ မိန်းမ၊ ကလေးတွေပါမကျန် စစ်တပ်က သတ်ပစ်တာကို ငါတို့တွေ အလန့်တကြား မြင်ခဲ့ပြီးပြီ။ မင်းတို့ရဲ့ ကျဆုံးသွားရတဲ့ သူရဲကောင်းတွေအတွက် ငါတို့ မျက်ရည်တွေ ကျခဲ့ပါတယ်၊ မနက်ခင်း သတင်းဆိုးတွေကြားရမှာကို ကြောက်ပြီး အိပ်မရတဲ့ ညတွေများခဲ့ပါတယ်။ အဖြစ်မရှိတဲ့ ပြည်ပနိုင်ငံများမှ ဘာမှမလုပ်ပေးနိုင်ကြတာ စိတ်မကောင်းဖြစ်ရတယ်။ ခုဆို မင်းတို့လည်း လက်တွေ့မပါတဲ့ စကားလုံးတွေကို စိတ်ပျက်နေလောက်ပြီဆိုတာ သိပေမယ့် ပြည်ပရဲ့လုပ်ဆောင်ပေးမှုဟာ အားရစရာမရှိဘူးလို့ ကျွန်တော်တကယ်ပြောချင်တယ်။ ဒီလောက်အရေးကြီးလွန်းတဲ့ကိစ္စမှာ ထိရောက်အောင် ဘာမှ မကူညီပေးနိုင်လို့ ကိုယ့်ကိုယ်ကိုယ် လုံးဝအားမရပါဘူး။

And yet I’m really not sure you need us. As a country you’ve endured so much: with little respite, almost 200 years of British colonialism (again, I’m sorry) and military rule. Since your world was again turned upside down on February 1st, your courage and strength has blown us away. I don’t expect you to forgive our sudden departure and I hope you don’t feel abandoned (l promise we will continue to donate and amplify your voices as best we can). But your resilience and determination, the creativity and diversity of the resistance, your humour through adversity – these all inspire us to believe that you can find a way through out of this, even into a better place than you had before.

သင်တို့ ကျွန်တော်တို့ကို လိုတော့မယ် မထင်ပါဘူးလေ။ မြန်မာပြည်ဟာ တော်တော်လေးကို ကြံ့ကြံ့ခံခဲ့ရတယ်၊ ခဏတာသာ အနားရခဲ့တယ်။ နှစ်ပေါင်း ၂၀၀ လောက် ဗြိတိသျှကိုလိုနီဘဝနဲ့ စစ်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစပြီး မင်းတို့ဘဝတွေ ကျွမ်းထိုးမှောက်ခုံပြန်ဖြစ်သွားတော့ မင်းတို့ရဲ့ သတ္တိနဲ့ ခွန်အားကို ငါတို့ လက်ဖျားခါရပါတယ်။ တို့တွေ ချက်ချင်းကြီးပြန်သွားတာကို မင်းတို့ခွင့်လွှတ်ဖို့ မမျှော်လင့်ပါ၊ ထားသွားခဲ့တယ်လို့ မထင်ကြစေချင်ပါ။ တို့တွေ ငွေကြေးဆက်လှုနေမယ်၊ မင်းတို့ရဲ့ အသံတွေကို ပြည်ပမှ ပိုကျယ်လောင်စွာကြားအောင် ဆက်လုပ်ပေးမယ်။ မင်းတို့ရဲ့ ဒူပေနာပေခံနိုင်မှု၊ စိတ်ဓာတ်ပြတ်သားမှု၊ တီထွင်ဉာဏ်ရှိမှုနဲ့ ပုံစံမျိုးစုံနဲ့ တော်လှန်မှုတွေ၊ ဘေးကျပ်နံကျပ်ထဲမှာတောင် စိတ်ထားတတ်မှုတွေကြောင့် ဒီအခက်အခဲကြီးထဲမှ မင်းတို့ လွတ်မောက်နိုင်မယ်၊အရင်ထက် ပိုပြီးကောင်းမွန်တဲ့ နေရာအနေအထားတစ်ခုကို ရောက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

Thank you for everything and I’m sorry. When you’ve come out victorious I just hope that – generous as always – you’ll welcome us back once more.

အားလုံးအတွက် ကျေးဇူးတင်တယ်လို့ ထပ်လောင်းပြောပါရစေ။ သင်တို့ ဒီတော်လှန်ရေးအပြီး အောင်မြင်မှုသရဖူဆောင်းချိန်မှာ စိတ်ရင်း ကောင်းသူတွေဖြစ်သည့်အတွက် ကျွန်တော်တို့ကို ပြန်လာလည်ဖို့ ကြိုဆိုနေမယ်လို့ မျှော်လင့်ပါတယ်။

Rowan

Categories: Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s