Credit : Ko Thein (Tokyo)
G Z တို့၏ အားမာန်။
ဒီနေ့ (၂၂-၃-၂၀၂၁ ) မနက်၈နာရီ မှ ာအစာငတ်ခံဆန္ဒ ပြပွဲ ၄၈နာရီပြည့်လို့ ပြီးမယ်။
ဒါနဲ့အိမ်က ၆နာရီကျော်လောက်ထွက်လိုက်သည်။
ဟို ရှီဘူယာ UN ရုံးရှေ့ရောက်သွားတော့ သူတို့လေးတွေ တဦးချင်း ရင်ဖွင့်စကားဆိုနေကြသည်။
ပြည်တွင်းကကြိုးစားပေးနေသော GZ တို့အတွက် စိုးရိမ်ပူပန်မုှများစွာနှင့်။
UN၏ လုှပ်ရှားပေးနေမုှကို အားမရ။
ဂျပန်ကလည်း ဘာမှ ပြတ်ပြတ်သားသား ခြေလှမ်းမလာသေး။
ရင်ထဲမှာက ဗလောင်ဆူနေကြပြီ။
ဆုတောင်းနေကြရသည်မှာ အခါခါ။
အခု သူတို့၏လုှပ်ရှားပေးမုှကို အရာထင်လိုကြသည်။
လမ်းသွားလမ်းလာ နှင့်ဂျပန်ပြည်သူအများ၏တောင်းဆိုလွှာလက် မှတ်ကောက်ခံရာ (၆၅၇၄ ဦး) ထံမှရရှိခဲ့သည်။
အားရစရာ။
အစာငတ်ခံဆန္ဒပြကြသူ ကျား / မ ၂၅ဦး ရင်ဖွင့်ပြောကြားအပြီး ဗိုလ်သူရိန် ရေးသားထားသော “အဆုံးသတ်တိုက်ပွဲ” သီချင်းလေးကို မမိမိလေးက ဦးဆောင်ပြီးသီဆိုသည်။
အားလုံးက ဝိုင်းပြီးလိုက်ဆိုကြသည်။
“လက်တွဲခါ တို့တွေညီညာစေ ။ ရဲရဲတောက်ခွပ်ဒေါင်းအပေါင်းတို့ရေ။
တို့ရဲ့သွေး မြေခခဲ့ရပြီ။ ကမ္ဘာမကြေဘူး။ ငါတို့အားလုံး သွေးစည်းကြရမယ်။ ဒို့ပြည်သူတွေ။ တွဲသောလက်ခိုင်မာစေ။
ငါတို့သွေး။ ငါတို့အသား။ ခွပ်ဒေါင်းမာန်ချီ ဘာမထီ။ သွေးတဲ့ဟေ့ ။
ဘယ်လိုအန္ဒရယ်တွေတားစီးနေ။ ရင်ဆိုင်ကာလေတိုက်ထုတ်မလေ။
အာဏာရှင်တွေ အဆုံးသတ်ချိန်။ နေဝင်ချိန်ကိုရောက်ရှိနေ။
ဒီမိုကရေစီရရှိရေး ( ဒို့အရေး)၂
အာဏာရှင်တွေ ကျဆုံးရေး ( ဒို့အရေး )၂
ဒီမိုကရေစီရရှိရေး ( ဒို့အရေး )၂
အာဏာရှင်တွေ ကျဆုံးရေး ( ဒို့အရေး )၂
ကျဆုံးသူများ ဝိညာဉ်တွေ။ အာဏာရှင်တွေ သွေးပျက်စေ။
ရုံးမတက်နဲ့ ရုန်းထွက် ကြဟေ့။
အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲစို့လေ။
ဒီမိုကရေစီရရှိရေး ( ဒို့အရေး )၂
အာဏာရှင်တွေကျဆုံးရေး ( ဒို့အရေး )၂
ကျဆုံးသူများ ဝိညာဉ်တွေ ။အာဏာရှင်တွေသွေးပျက်စေ။
လွတ်လပ်မုှနဲ့ ငြိမ်းချမ်းမုှအတွက်
အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲစို့လေ။”
အခမ်းအနားအပြီး စုပေါင်းဓါတ်ပုံရိုက်ကြသည်။
ကိုသန်းကျော်ဌေးကအသားညှပ်ပေါင်မုန့်ထုပ် အိ်ပ်ကြီး၂လုံးဆွဲလာသည်။
မ မရစ်ဆိုင်ဘု ကကော်ဖီ ပူပူလေးအပြေးအလွှားသွားဝယ်သည်။
ကျနော်က ပါလာသောလိမ္မော်သီးလေး အခွံ နှွာပြီး ပေးသည်။
စာပေဝါသနာရှင်အဖွဲ့ မသဲသုတ တို့ကိုမတွေ့။ ထို့အတွက်ပါလာသော ၂၀၂၁ပြက္ခဒိန်လေးများနှင့်ဂျပန်ထုတ် အလင်းအိမ်။ ဟဲလို မြန်မာ ။စာစောင်များ။ စာအုပ်များကို ကြိုက်တာဝေယူကြရန် ညီမလေးတယောက်လက်အပ်လိုက်သည်။
အချိုရည်ဘူးများ။ငှက်ပျော်သီများကလည်းအပုံအပင်။
ကား၅စီးလောက်ကလာကြိုသည်။
မြန်မာဆိုင် ပတ္တမြားနှင့်ဆွေမြန်မာ တို့မှာ ဆန်ပြုတ်စီစဉ်ထားသတဲ့။
အဲဒီကိုသွားကြမည်။ ပစ္စည်းတွေကားပေါ်တင်။ အမိုှက်တွေရှင်းကြပြီး ကျနော်တို့လည်းပြန်ခဲ့ကြသည်။
GZ တို့က လူငယ်လေးတွေဆိုတော့ ၄၈နာရီကြာ အစာငတ်ခံ ထားကြပေမဲ့ အပြုံးကမပျက်။
ဟိုးအရင် ဟီယာပန်းခြံရှေ့ လုပ်ကြစဉ်က တဝက်တပျက်နဲ့ ဒဏ်မခံနိုင်လို့တပ်ခေါက်သူအချို့ရှိသည်။ မှတ်မှတ်ရရသူငယ်ချင်းဗိုလ်မြ ပွဲမပြီးခင်ဆေးရုံပို့ခဲ့ရသည်။
ခုGZ တို့က ၂၅ဦးလုံးမိုးထဲလေထဲအကြား အေးအေးဆေးဆေး ပန်းပန်နိုင်ခဲ့ကြသည်။
ဇွဲကမလျှော့ ။စစ်တပ်နောက် မဆုတ်ရင်။ UN ကမလုှပ်ရင် ထပ်ပြကြဦးမတဲ့။
လေးစားရပါ၏။
ကိုသိန်း – တိုကျို။




Categories: Uncategorized