CDM

Words of Wisdom

Words (1)

“မုန်းလို့ ဆန့်ကျင်တာ မဖြစ်ရဘူး၊

မှားလို့ ဆန့်ကျင်တာ ဖြစ်ရမယ်။

ချစ်လို့ထောက်ခံတာ မဟုတ်ရဘူး၊

မှန်လို့ထောက်ခံတာ ဖြစ်ရမယ်။”

Words (2)

To my friends

Choose your side

I don’t mind

BUT

When the Final Goal is reached

You take your Own Responsibility

Words (3)

ပြည်တွင်းစစ်ခေါင်းစဥ်တပ်ခံလို့မရဘူးနော်။

သပိတ်ဗျူဟာပြောင်းကြပါ။

ပိတ်ထားတာသွားမဆိုင်နဲ့။

ထိုင်နေတာကို ပြန်ပါပြောရင် အေးဆေးထ၊ စားစရာ၊ ရေ ရိက္ခာ သိမ်းပြီး နောက်တစ်လမ်းကလှည့်လည်ပါ။

နေ့စဥ် ဆန္ဒပြ နေတယ်ဆိုတာ မီဒီယာကတစ်ဆင့် ကမ္ဘာက မြင်နေရင်ရပါပြီ။

Words (4)

စောင်းပြောတာမဟုတ်ဘူးနော်

ဒဲ့ပြောတာ

ဒီလောက်ယုတ်မာပီး မတရားတာမြင်နေတာတောင်

အသံတချက် မထွက်တဲ့လူတွေဟာ

နေ့စဉ်ဘဝမှာ

မိတ်ဆွေကောင်းဖြစ်လာဖို့လဲ မသေချာပါဘူး။

အမြင်မတူတာ တူတာကို

ပြောနေတာမဟုတ်ဘူး။

မတရားတာတွေလုပ်နေတာ‌တွေ့ရက်နဲ့

ကိုယ်နဲ့မဆိုင်သလိုနေနိုင်သူတွေဟာ

နောင်တချိန်ကိုယ့်အတွက်

မိတ်ဆွေကောင်းလည်းဖြစ်မှာမဟုတ်ပါဘူး။

အဲ့လိုလူတွေနဲ့

အပေါင်းအသင်းမဖြစ်တော့ရင်လည်း

ဝမ်းမနည်းပါဘူး

ငါ့များစောင်းပြောနေသလားရယ်လို့

တွေးမနေပါနဲ့

တွေးနေရင်လည်း

သင့်ကိုပြောနေတာလို့သာမှတ်လိုက်ပါ

Words (5)

အမှောင်ထဲမှ

အလင်းရောင်ပြပြ

မြင်လိုက်ရတဲ့ပြည်သူအတွက်

အားတက်စရာ

အားဆေးတခွက်ပါ။

Words (6)

ဖိနှိပ်ခံမိသားစုမှာမွေးဖွား

သန့်ရှင်းသောထမင်းကိုစားရင်း

ရိုးရှင်းစွာ

လူလားမြောက်လာကြသူတွေ။

ကျိုးစားမှုအရာထင်တော့

အာအိုင်တီဝင်

စာသင်ခွင့်ရသပေါ့

အတတ်ပညာတွင်မက

အသိပညာလဲရ

ဖိနှိပ်ရင်တွန်းလှန်ရမတဲ့

၇၄ ၅ ၆ မှာအစ

ဖြစ်အမှန်ဘက်ကပါဝင်ခဲ့ကြတယ်။

၈၈ မှာတက်ကြွစွာ

ရွှေဝါရောင်မှာမကျန်ရစ်

၂၀၀၈ခြေဥကို နိုးမဗုတ်ရ ဗုတ်နိုးကြသဗျ။

ဟောအခုတခါ

မင်းရောငါပါ

သူလဲမနေ

မြန်မာ့နွေဦး၂၁မှာ

ထူးခြားပြန်

ဇရာကိုဘေးထား

ဒို့များဝန်းရံ

ဂျန်ဇီကိုထောက်ခံ

စီဒီအမ်ကိုထောက်ခံ

စစ်ဒါးပြတွေကိုတော်လှန်

ဓမ္မဘက်တော်သားအမှန်

တခါကအာအိုင်တီယန်

ထာဝရအာအိုင်တီယန်။

Words (7)

MRTV has become

Murderous Rebels‘ TV

Moron Reporters‘ TV

Mei-Lone’s Ramblings TV

Categories: CDM

Tagged as: , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s