By Wynn Htain Oo
Promise (Part One)
Narathu
ဂတိဆိုတာ
ယောကျ်ားကောင်းတွေပေးမှယုံရတဲ့အလွန်အဖိုးမဖြတ်နိုင်တဲ့အရာဆိုတာ
သမိုင်းအဆင့်ဆင့်မှာအထောက်အထားတွေခိုင်လုံစွာရှိခဲ့ပါတယ်
“နရသူ”လိုကောက်ကျစ်စဥ်းလဲသူတွေပေးတဲ့ဂတိအကြောင်းပြောပြချင်တယ်
အများကတော့သိမှာပါ
ငယ်သူတွေကိုပြောပြချင်တာ
အဖေဖြစ်သူအလောင်းစည်သူမင်းကြီးကိုခေါင်းအုံးနဲ့ဖိသတ်ပြီးနန်းယူတဲ့သတင်းကြားတော့
အောင်ပင်လယ်ရောက်နေတဲ့အကိုမင်းရှင်စောကအင်အားအလုံးအရင်းနဲ့ပြန်လာတယ်
မင်းရှင်စောကိုမနိုင်မှန်းသိတော့
ပံသကူမထေရ်ကိုကြား၀င်စေ့စပ်ဖို့မေတ္တာရပ်ခံတယ်
စစ်မတိုက်ပါနဲ့အကို့ကိုကိုယ်တိုင်နန်းပေါ်ထမ်းတင်ပေးပါ့မယ်လို့ဂတိပေးတယ်
အများသိတဲ့အတိုင်း
မင်းရှင်စောကိုရောက်တော့နန်းတင်ပေးသလိုနဲ့အဆိပ်ကျွေးလုပ်ကြံလိုက်တယ်
နရသူဘယ်လောက်ဆိုးတယ်ဆိုတာအများအသိဂတိတွေမြင်ရတိုင်း
နရသူလိုလူကများတယ်ဆိုတဲ့အသိကသတိရှိစေကြပါလိမ့်မယ်
သူတည်တဲ့ဓမ္မရံကြီးမြင်ရတိုင်း
ဂတိမတည်တဲ့ယောကျ်ားယုတ်တွေမျိုးဟာခေတ်တိုင်းရှိပါလားဆိုတဲ့သတိကိုရှိစေခဲ့တယ်

Promise (Part Two)
Tho Hun Bwa
ဂတိဆိုတာ ၂
အင်း၀ ပထမအကြိမ်သိုဟန်ဘွားဖျက်လို့ပျက်သွားတာအများသိကြပါတယ်
သူကရဟန်းတွေဟာလူစုလူေ၀းအားကောင်းတယ်ပုန်ကန်နိုင်တယ်လို့ယုံကြည်တယ်
ဒါကြောင့်ဥပါယ်တမည်နဲ့ရဟန်းတွေကိုကြည်ညိုသယောင်နဲ့တောင်ဘီလူးဆိုတဲ့အရပ်လယ်ပြင်မှာမဣပ်အဆောင်ဆောင်ဆောက်
ကြက်၀က်နွားတွေသတ်ဟင်းချက်ပြယုံစေပြီး
စစ်ကိုင်းပင်းယအင်း၀ကရှိသမျှရဟန်းတို့ကိုဆွမ်းစားပင့်စေတယ်
အားလုံးလဲစုံရောဆင်မြင်းဗိုလိပါနဲ့၀ိုင်းသတ်ကြတယ်
ရဟန်းတထောင့်သုံးရာကျော်ပျံလွန်ကြသတဲ့
အဲဒီအထဲမှာကျမ်းဂန်ကျနစွာတတ်တဲ့ရဟန်း၃၀ကျော်ပါသတဲ့
ဆွမ်းလုပ်ကျွေးမယ်ဆိုတဲ့လူသွမ်းသိုဟန်ဘွားရဲ့ဂတိမျိုးဟာ
သမိုင်းကအဆင့်ဆင့်သတိပေးခဲ့တဲ့ဂတိမျိုးပါ
ဂတိကိုယုံရင်မျိုးကန်းတတ်တဲ့သက်သေတွေပေါ့
သမိုင်းဆိုတာ မအ အောင်သိသင့်တာလိုဆရာဒေါက်တာသန်းထွန်းပြောခဲ့တာအများသိပါတယ်
ခင်ဗျားရောအ ပါသလားNo block selected.
Categories: CDM