မြန်မာပြည် လက်ရှိအကြပ်အတည်းမှ လွတ်မြောက်စေဖို့အကြံပြုချက်
ကျနော်တို့မြန်မာစစ်တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ဖွဲ့စည်းခဲ့တာပါ၊ အင်မတန်မှ ကြက်သရေဆောင် သိက္ခာကြီးမားတဲ့အဖွဲ့အစည်းတခုပါ၊ငယ်စဥ်က ကျနော်စစ်တပ်ကိုသဘောကျလွနလွန်းလို့ ၁၉၆၇ ခုနှစ်မှာ ရန်ကုန်မြေနီကုန်း(ယခု ပြည်လမ်းမကြီးဘေးက ခိုင်ခိုင်ကျော်ထမင်းဆိုင်နေရာဝန်းကျင်) မှာရှိတဲ့ ဗိုလ်ရွေးအဖွဲ့ ကို ၃ – ၄ည ရောက်ခဲ့ပါတယ်၊ ဒါပေမဲ့အဲဒီအချိန်မှာကိုယ်ထက်တော်တဲ့လူတွေနဲ့ဆုံခဲ့ရလို့ ရွေးချယ်ခြင်းမခံခဲ့ရတာလို့ပဲယူဆပါတယ်။
အခုတော့ အဲဒီတပ်မတော်ရဲ့ဂုဏ်သိက္ခာဆိုတာ မြောင်းထဲကျနေပါပြီ၊ မြန်မာပြည်မှာ စစ်တပ်က လူထုတင်မြှောက်ထားတဲ့အစိုးရကို ပုန်ကန်ပြီး အာဏာထိန်းထားတာ ၆ရက်ရှိသွားပြီ၊ဒါပေမဲ့ ပြည်သူအများကခုထိလက်မခံကြကြောင်းပြသနေပြီး လူထုအဖွဲ့အစည်းမျိုးစုံ၊ ဌာနမျိုးစုံ အစိုးရရောပုဂ္ဂလိကလုပ်ငန်းတွေပါ မထောက်ခံကြောင်းနည်းမျိုးစုံနဲ့ပြသနေကြတယ်။ ဒီတော့လဲ ASEAN အပါအဝင် နိုင်ငံတကာကပါ လက်မခံတဲ့သဘောထားတွေပြကြတယ်၊ကုလသမဂ္ဓ လုံခြုံရေးကေါင်စီ စည်းဝေးထုတ်ပြန်မှု အစပိုင်းမှာ တရုပ်နဲ့ ရုရှားက မြန်မာစစ်တပ်ကို အားပေးတာမျိုးလုပ်ပြကြပေမဲ့ နောက်ဆုံးမှာ သူတို့နောက်ဆုတ်နေကြတယ်၊ ကုလသမဂ္ဂလုံခြုံကေါင်စီ ကြိုက်သလိုလုပ်ပေါ့၊ ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံကေါင်စီလည်းစာထုတ်ရုံထက်မပိုပါ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတော့ ပို၍ပြောပါတယ်၊ မြန်မာစစ်တပ် အာဏာကိုလက်လွတ်သည်အထိလုပ်မယ်ပေါ့၊ ဒါပေမဲ့ ကုလသမဂ္ဂ တပ်ပေါင်းစုကို မြန်မာပြည်ထဲလွှတ်ပါမှ မြန်မာစစ်တပ် ကြိမ်းသေ အာဏာလက်လွှတ်မယ်ဆိုတာကိုသူသဘောမပေါက်။ မြန်မာပြည်ရဲ့ယနေ့အခြေအနေက မသေခြာမရေရာမှုတခုရဲ့ထိပ်မှာတန့်နေပါတယ်၊ ကြိမ်းသေတာကတော့စစ်တပ်ဟာ လူထုတင်မြှောက်ထားတဲ့အစိုးရကို ပုန်ကန်နေမှုက ရပ်ကိုရပ်ရတော့မယ်၊ ဘယ်လိုနည်းနဲ့၊ဘယ်နှယ်နာရီ ဘယ်နှစ်ရက် ဆိုတာတော့မပြောနိုင်ပေမဲ့ကြိမ်းသေ ရပ်ရ ဆုတ်ခွာရပါမယ်၊ ဒီတော့ ကျနော်လိုမျိုး တပ်မတော်ကိုချစ်မြတ်နိုးကြသူတွေ တပ်မတော်ဂုဏ်သိက္ခာကိုဘယ်လိုဆည်ကြမလဲ၊ စဥ်းစားကြဖို့လိုနေပြီ၊စဥ်းစားကြည်ရင် ထိပ်ဆုံးက တယောက် ပုဂ္ဂိုလ်ရေး ကိစ္စတွေမှာ ဦးစားပေးအမှားတွေလုပ်နေတာ တပ်မတော်အတွင်းအပြင် လူအများ သိသာကြောင်းထင်ရှားလှပါတယ်၊ဒီတော့ ကျနော်အကြံပြုလိုတာက တပ်မတော်ရဲ့ ဒုတိယ အကြီးဆုံးလူက တပ်မတော်ကိုဦးဆောင်လိုက်ပါ၊ထိပ်ဆုံးကလူကို ဘေးထုတ်ပြီး တာဝန်မှရပ်စဲပါ၊ တပ်မတော်သိက္ခာရှိစွာနဲ့ အကြပ်အတည်းကနောက်ဆုပ်ပေးပြီး မိမိတို့စစ်တမ်းလျားများဆီပြန်ကြပါ၊ တပ်မတော်ရဲ့သိက္ခာကို ထိမ်းသိမ်းတဲ့သဘောဆောင်ပါတယ်၊ ထိန်းသိမ်းထားသောဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အားလုံးကို လွှတ်ပေးပြီးနိုင်ငံတော်ရဲ့အာဏာကိုပြန်အပ်လိုက်ပါ၊ လူထုပျော်ရွှင်ကြမယ်၊တပ်မတော်ကိုချစ်မြတ်နိုးကြမယ်၊သိက္ခာရှိတဲ့တပ်မတော်အဖြစ်ပြန်လည်ရောက်ရှိလါမယ်၊ အကြပ်အတည်းကလွတ်မြောက်ပြီးမြန်မာပြည်တိုးတက်ရေးလမ်းပေါ်ပြန်ရောက်လာမယ်။(သဘောတူသူများ မျှဝေနိုင်ကြပါတယ်)
Categories: CDM