Uncategorized
LUDU (Text and Supplementary Notes)
Video Broadcast : #109
December 3, 2020
LUDU Newspaper and Publications
The following photos were provided by LYC Soe Yin (Luyechun).
Image may contain: 5 people, people sitting, text that says 'Lyc Soeyin 2004 June စိမ်းလန်းအေး မှာ Ms Anna.. ဆရာလူထုစိန်ဝင်း အမေ မာ... Dr သင်းသင်းချစ်... ဂါရဝ ညနေပွဲခင်းလေး... See more DEC 2014'
  • Ludu (in Mandalay) is known for the publishing house and publications (e.g. newspaper)
  • Its founders Ludu U Hla and Ludu Daw Ah Mar (Amar) are icons.
    They nurtured journalists, writers, cartoonists, …
    e.g. Ludu Sein Win, Paw Oo Thet, and Director Win Pe
  • At one time, Ludu U Hla was not permitted to write / publish about politics.
  • He compiled and published folk tales from the indigenous people.
  • He would post his books to his long time friend U Tet Tut (Tibetan Scholar, Advisor to select UK museums, Cousin of Oway U Nyo Mya).
  • Ludu Daw Ah Mar was one of the flag bearers in the 1936 RU Students’ Strike.
  • The birthday centennial of Daw Ah Mar was celebrated in November 2015.
  • Bagyee Myat Myo Myint (U Myo Myint, M73, Retired Deputy DG of Railways) honored her with a Pon Tu.
  • U Myo Myint posted selected writings of “Ah May” (see below)
    လူထု​ဒေါ်အမာ
    “သမီးမိန်းက​လေး”
အ​မေပဲဖြစ်​ဖြစ်​၊ အ​မေ့ဒီ​ဆောင်းပါးကို ဖတ်​​နေသူပဲ
ဖြစ်​ဖြစ်​၊ အ​မေတို့လူဖြစ်​လာကြတာ ဝါးထဲက သ​န္ဓေမှီး
ခဲ့တာလည်းမဟုတ်​ဘူး၊ ပဒုမ္မာကြာပွင့်​ကြီးထဲကထွက်
လာတာလည်းမဟုတ်​ဘူး။မိဘနှစ်​ပါးက​မွေးဖွား​ပေး
လိုက်​လို့ လူရယ်​လို့ဖြစ်​လာပြီး လူ့​လောကထဲ​ရောက်
လာကြတာ။အဲဒီ​ရောက်​လာတဲ့အ​မေတို့လူ့​လောကဟာ
တစ်​​ယောက်​တည်း​နေထိုင်​ကြီးပြင်းရတာမဟုတ်​ဘူး။
ပထမ မိဘ​ဆွေမျိုးဆိုတဲ့အသိုက်​အဝန်းထဲမှာကြီးထွား
ရတယ်​။အဲဒီမိဘ​ဆွေမျိုးဆိုတဲ့ အုံက​လေး အဖွဲ့က​လေး
ကလည်း လူ့အသိုက်​အမြုံကြီးတစ်​ခုထဲက အစုအဖွဲ့
က​လေးတစ်​ခုသာထြစ်​တယ်​။
ဒီလူ့အသိုက်​အမြုံကြီးဟာ လူရယ်​လို့ ဒီ​နေရာ
ဒီ​ဒေသမှာ စု​ဝေး​ရောက်​ရှိလာကတည်းက စု​ပေါင်း
နေထိုင်​လာကြတာဖြစ်​​လေ​တော့ နှစ်​​တွေ ​ထောင်​နဲ့ချီ
ပြီးကြာခဲ့ပြီ။ ဒီ တို့လူ့အသိုက်​အမြုံကို တစ်​​နေ့တခြား
တိုးတက်​​ကောင်းမွန်​​လာ​အောင်​ Social Responsibility
ဆိုတဲ့ လူမှု​ရေးဝိုင်းအုံတာဝန်​ယူကြမှု၊
Social Control ​ခေါ်တဲ့ လူနှင့်​လူချင်း ဝိုင်းဝန်းထိန်း
သိမ်း​စောင့်​​ရှောက်​မှု၊ Cultural Control ​ခေါ်တဲ့
အစဉ်​အဆက်​ကရှိခဲ့ကြတဲ့ တို့ယဉ်​​ကျေးမှုနဲ့ ဝိုင်းဝန်း
ထိန်းသိမ်းမှု​တွေ ရှိကြတယ်​။ဘာမှ ​ပေါက်​လွှတ်​ပဲစား
မလုပ်​ကြရဘူး။လုပ်​မိရင်​ လုပ်​တဲ့သူကို ပထမ မိဘ
မောင်​ဘွား ဦးကြီး ဦး​လေး မိကြီး မိ​ထွေးတို့က ဆုံးမ
ကြတယ်​။မိဘလုပ်​သူက ကိုယ်​မမြင်​လို့ မြင်​တဲ့​ဆွေမျိုး
က ဆုံးမရင်​ဘည်း အဲဒီဆုံးမတာကို နား​ထောင်​ဖို့ ဝင်
ပြောတယ်​။
အဲဒီလိုမှ မရပြန်​ရင်​ ရပ်​​ဆွေရပ်​မျိုးကလည်း
ဆုံးမတယ်​။ပဲ့ပြင်​တယ်​။မ​တော်​တာလုပ်​​နေရင်
မ​တော်​ဘူးလို့​ပြောကြတယ်​။မိဘကိုလာတိုင်​ကြားမယ်​။
အ​မေတို့ကြီးပြင်းခဲ့ကြတဲ့ လူ့အဖွဲ့အစည်းက ဒီလို
အဖွဲ့အစည်းမျိုးပါ။ထိန်းထိန်းသိမ်းသိမ်း ကွပ်​ကွပ်​ကဲကဲ
နဲ့ကြီးပြင်းရတာ​လေ။
ပြီး​တော့ သမီးမိန်းက​လေး​မွေးလာရင်​ အရွယ်
ရောက်​ခါနီးတာနဲ့ တစ်​ပြိုင်​တည်း အ​မေလုပ်​သူက
တကယ်​လို့ အ​မေမရှိရင်​ မိကြီး မိ​ထွေးက၊အ​ဒေါ်
ကြီး​တော်​က သွန်​သင်​တယ်​။ဆုံးမတယ်​။မိန်းက​လေး
ဆိုတာ ဘယ်​လိုဝတ်​စားရတယ်​။ဘယ်​လို​နေရထိုင်​ရ
တယ်​။ဘယ်​လိုသွားရလာရတယ်​။ဘယ်​လိုထိန်းရသိမ်း
ရတယ်​။သူတစ်​စိမ်းနဲ့ ဘယ်​လိုဆက်​ဆံရတယ်​၊မိဘ​မောင်
ဘွားစကားကို ဘယ်​လိုနား​ထောင်​ရတယ်​ဆိုတာမျိုး​တွေ
နေ့ တတိုးတိုး ညတတိုးတိုး သွန်​သင်​ဆုံးမတယ်​။အရွယ်
ရောက်​လာရင်​ အပျိုဘဝကို ဘယ်​လိုထိန်းသိမ်းကာကွယ်
ရမယ်​ဆိုတာကို အ​ရေးအကြီးဆုံးထားပြီးသွန်​သင်​တယ်​။
အင်္ဂလန်​က ​ကျောင်းသူနှစ်​ဦး မကြာလှ​သေးခင်​က
မြန်​မာပြည်​ကိုလာပြီး အပျိုကြီးဆိုတဲ့ လူ့ဘဝတစ်​ခုကို
သု​တေသနစာတမ်းတစ်​ခုနဲ့ မယ်​သီလ ​ခေါ်တဲ့သီလရှင်
များအ​ကြောင်းကို သု​တေသနစာတမ်းတစ်​ခု၊စာတမ်း
နှစ်​​စောင်​ လာပြီးပြုစုသွားကြတယ်​။
ပွင့်​ပွင့်​လင်းလင်း​ပြောရရင်​ အပျိုစင်​ အပျိုစစ်
ဆိုတာ အ​မေတို့လူ့အ​ဆောက်​အအုံမှာသာရှိတာ။
သူတို့ဆီမှာမရှိဘူး။ဒါ​ကြောင့်​ ဒီကိုလာပြီး သု​တေသန
လုပ်​ရတာ။
အ​မေတို့လူ့အ​ဆောက်​အအုံမှာ မိန်းက​လေးဟာ
အချိန်​တိုင်​လို့ အရွယ်​​ရောက်​ရင်​ လွတ်​လပ်​ပြီး ကိုယ်​နှင့်
သင့်​​တော်​သူတစ်​ဦးနဲ့ အိမ်​​ထောင်​ပြုကြတာ များပါတယ်​။
အပျိုကြီးလုပ်​သူကနည်းတယ်​။ကိုယ့်​အိမ်​​​ထောင်​ဘက်
ဟာ လူကြီးမိဘ​ရွေးချယ်​တာ၊သ​ဘောကိုက်​ညီတာ၊
ကိုယ့်​ဖာသာကိုယ်​​ရွေးချယ်​တာ တစ်​ခုခု​ပေါ့။ဒါဓမ္မတာ
လုပ်​ရိုးလုပ်​စဉ်​ပဲ။အဲဒီစည်းကမ်းကို မ​ဖောက်​ဖျက်​ရဘူး။
ဆိုလိုတာက မလွတ်​လပ်​တဲ့သူနဲ့ အိမ်​​ထောင်​မဖက်​ရဘူး။
ဒါဟာ လူတိုင်း ​စောင့်​စည်းရတဲ့ လူ့ဝတ္တရား။ပြီး​တော့
အိမ်​​ထောင်​သည်​ဘဝ မ​ရောက်​မချင်း လူချင်းရင်းနှီးခွင့်
မပြုရဘူး။ဒါဟာ အမျိုး​ကောင်းသားသမီးတိုင်းရဲ့ ကျင့်
ဝတ်​ပဲ။ဒါကိုတို့မြန်​မာအမျိုးသမီး​တွေက သိပ်​ကိုအ​လေး
အနက်​ထားပါတယ်​။ဘယ်​အထိလဲဆိုရင်​ မိန်းမတို့ဣ​နြေ္ဒ
ရွှေ​ပေးလို့မရတဲ့။”တို့ကအရှက်​နဲ့လူလုပ်​တာ​ဟေ့၊အသက်
နဲ့လူလုပ်​တာမဟုတ်​ဘူး”ထိ​အောင်​​ကြေညာတတ်​ကြ
တယ်​။ပြီး​တော့ မိန်းက​လေးရဲ့ ကာယိ​နြေ္ဒကို ​စောင့်​စည်း
မှုဟာ တစ်​ဘက်​တည်း တစ်​လမ်းသွားမဟုတ်​ဘူး။နှစ်​ဦး
နှစ်​ဘက်​က ​စောင့်​ထိန်းကြရတဲ့ကိစ္စလို့လည်းသတ်​မှတ်
တာပါ။ယောက်ျား​လေး​တွေမှာပါ တာဝန်​ရှိပါတယ်​။
“နှစ်​မချင်းစာပါ”ဆိုတာ ​ယောက်ျား​လေးဘက်​ကို ထိန်း
ကွပ်​ထားတဲ့ စကားပါ။
အ​မေတို့ လူ့အဖွဲ့အစည်းရဲ့ ဒီအစဉ်​အလာဟာ
နှစ်​​တွေ​ထောင်​နဲ့ချီပြီးကြာခဲ့ပြီမို့ ​တော်​​တော်​ကြီးခိုင်​မြဲ
လာခဲ့ပါတယ်​။အ​နောက်​နိုင်​ငံက ရုပ်​ရှင်​​တွေ၊ဗွီဒီယို​တွေ
က ယဉ်​ပါး​အောင်​ ဘယ်​လိုပြသ​နေ​ပေမယ့်​ မြန်​မာ့အမျိုး
သမီး​လေး​တွေဟာ မြန်​မာ့စံချိန်​နဲ့အညီ ဣ​နြေ္ဒကို​စောင့်
စည်းခဲ့ကြတယ်​။နို့​ပေမယ့်​ အခုတ​လောမှာ​တော့ မိန်းက
လေးအချို့ခါး​ပေါ်မှာ ထဘီကျွတ်​ပြီး ​ဘောင်းဘီဝတ်​ကြ
စကတ်​ဝတ်​ကြ ဖြစ်​လာပြီး​တော့ ကာယိ​နြေ္ဒ ထိန်းသိမ်း
မှုကလည်း ​တော်​​တော်​​လျော့နည်းလာတာကို စိတ်​မချမ်း
မြေ့ဖွယ်​ရာမြင်​လာရတယ်​။
အ​မေမနက်​လမ်း​လျှောက်​တဲ့အခါ ………………..
အ​မေမာရဲ့​ဆောင်းပါးတစ်​ပိုင်းတစ်​စကိုကူးယူ
တင်​ပြခြင်းပါ။
ဆင်​ခြင်​နိုင်​ကြပါ​စေ…
Note : Due to the variations in the Myanmar Fonts, some words may not be rendered correctly.
LUDU Cigarette
  • One of the leading brands in the early days (before the Nationalization).
    Gold Flake was another leading brand.
  • Operated by Ludu U Cho and siblings.
  • A specified number of empty cigarette packs could be redeemed for a lottery ticket (Aung Bar Lay Htee).
    The lottery winners were offered gifts.
    e.g. the One Lakh prize winner was offered an additional One Lakh.
  • The Ludu Band, which comprised mainly of family members, entertained at Festivals and Gatherings.
Miscellaneous
  • Ludu Aung Than
    Play
    Movie
  • Role of Ludu in Governance
Categories: Uncategorized
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google photo
You are commenting using your Google account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s