Uncategorized

Class of 1972

Update : December 13, 2020

Mechanical

Han Sein (M72)
  • U Wynn Htain Oo
  • U Myint Pe
  • U Han Sein
  • U Nyan Win Shwe (William)
  • Victor Aung Myin
  • U Tha Tun

Electrical

  • U Ko Ko Kyi

Textile

  • U Kyaw Myint
  • Daw Sandi Hlain

Chemical

  • U Aung Myaing
  • Daw Gyn Yu
  • U Myo Myint Pe

U Nyan Win Shwe (M72)

  • Chair, SPZP-2007 in Singapore
  • Latest member of the “Grandparents Club”
Image may contain: William Shwe Nyan Win

U Aung Myaing (ChE72)

  • Taught at RIT.
  • Poet and writer with the pen name “Ok Po Maung Yin Maung”.
  • Organizer and Contributor, “Poetic Art Series”
  • Vocalist
  • Ko Aung Myaing wrote :
    “သစ္စာ”
    ငါ့စာဖတ်၍ မမြတ်တိုင်စေမရှုံးစေသား ပျင်းပြေနှစ်ချိုက်တွေးဖွယ်ထိုက်ရာ တပိုဒ်တလေတွေ့ငြားပေမူ စာပေကျေးကျွန်ငါ့ဝတ်ပွန်ပြီ ငါမွန်အမြတ်ငါအတတ်ဟု စာဖတ်သူအပေါ်ခေါင်းကိုကျော်၍ ငါသော်ဆရာမလုပ်ပါတည်း။
    တက္ကသိုလ် ဘုန်းနိုင်
  • “ကျွန်ုပ် နှင့် အရက်”
  • (၁)ကျွန်ုပ် နှင့် အရက် ဆိုသည်ထက် ကျွန်ုပ် နှင့် ဘီယာ ဆိုသည်က ပိုမှန်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ဘီယာမှတပါး အခြားအရက်များကို မကြိုက်သောကြောင့်ဖြစ်သည်။ မည်သို့ဆိုစေကာမူ ပို၍ ယေဘုယျဖြစ်သောကြောင့် ကျွန်ုပ် နှင့် အရက် ဟူ၍သာ ဤစာစုကို အမည်ပေးလိုက်ပါသည်။
  • (၂)အုတ်ဖိုမြို့ဆယ်တန်းကျောင်းသားဘဝက ကျွန်ုပ်၏ အင်္ဂလိပ်စာ ဆရာကြီး ဘဘကြီး ဦးဘကွန်း က blackboard ပေါ်မှာ ဤ ဝါကျများကို ရေးခဲ့သည်။Smoking and drinking are joys of life.But root of devil lies deeper.ထိုဝါကျများသည် ကျွန်ုပ် ရင်တွင်း၌ ယခုတိုင် စွဲနေသည်နှင့်အမျှ အရက်နှင့်ဆက်နွယ်သော ဖြစ်ရပ်များ သည် စီကာစဉ်ကာ ပေါ်လာပါသည်။
  • (၃)တက္ကသိုလ်တစ်ခု၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို graduation ceremony, convocation, invocation, commencement ဟူ၍ အမျိုးမျိုးခေါ်ကြသည်။ ကျွန်ုပ်၏ သမီး Electrical Engineer ဘွဲ့ရသည့် University of California (Davis) က ဘွဲ့နှင်းသဘင်ကို Commencement ဟုခေါ်သည်။ခရစ်နှစ် ၂၀၀၆ ခုနှစ် ဇွန်လ ၁၆ ရက်သည် ထိုတက္ကသိုလ်၏ Commencement day တစ်ခုဖြစ်ခဲ့သည်။ ဘွဲ့နှင်းသဘင်ကို Webcast လုပ်ခဲ့သည်။ ဇနီးသည်က ဘွဲ့နှင်းသဘင်ကို တက်ရောက်ခဲ့သည်။ မတက်ရောက်နိုင်သော ကျွန်ုပ်က ဘန်ကောက် နေအိမ်မှ webcast ကိုကြည့်ခဲ့ရသည်။ တက်ကြွလန်းဆန်း နုနယ်ပျိုမျစ်သည့် ဘွဲ့ယူနေကြသူများထဲတွင် သမီးကို မြင်လိုက်ရသော ကျွန်ုပ်သည် ဝမ်းသာခြင်း ဂုဏ်ယူခြင်း ကျေနပ်ခြင်း ပျော်ရွှင်ခြင်း စသည်တို့ကို ရောထွေးခံစားလိုက်ရသည် နှင့်အတူ ” ငါ အခုကစပြီး ငါကြိုက်တဲ့ ဘီယာ ပြန်သောက်လို့ ရပြီ” ဟူသော အတွေး ဖျတ်ခနဲ ဝင်လာခဲ့သည်ကို ယခုအချိန်အထိ မှတ်မိနေသည်။မည်သည့်အကြောင်းကြောင့် ဤအတွေးပေါ်လာခဲ့ပါသနည်း။အတိတ်ပုံရိပ်တို့သည် မျက်စိမှိတ်ထားသော ကျွန်ုပ်၏ စိတ်အစဉ်၌ တရိပ်ရိပ် ပေါ်လာသည်။
  • (၄)၁၉၇၀-၇၁ ပညာသင်နှစ် ဓါတုအင်ဂျင်နီယာ ပဉ္စမနှစ် ကျောင်းသားဘဝတွင် ဘီးလင်းသကြားစက်၌ Summer training ဆင်းခဲ့သည်။ အတူဆင်း ကျောင်းသား ကျောင်းသူများမှာ တင့်ဆွေ၊ မြိတ် ကိုစိုးမြင့်(ကွယ်လွန်)၊ ကိုအောင်ချိန်း၊ ကိုထွန်းရွှေ (USA)၊ ကျွန်ုပ်(ထိုင်း) ၊ Pamela, Ann(USA), ချန်ဗွေခင်(USA)၊ မြင့်မြင့်ရီ(USA)၊ လှလှကြိုင်၊ မဂင်ယု(ထိုင်း) တို့ဖြစ်ကြသည်။ သင်္ကြန်တွင်းတွင် ကျိုက်ထို သထုံ ဘီးလင်းမြို့များသို့ လည်ပတ်ခဲ့ကြသည်။ သထုံဘူတာတွင် ကိုစိုးမြင့်က ဘီယာသောက်သည်။ အရက် မသောက်ဘူးသော ကျွန်ုပ်အား စမ်းသောက်ခိုင်းသည်။ ကျွန်ုပ် တစ်ငုံငုံပြီး ခါးသဖြင့်ထွေးထုတ်ပစ်လိုက်သည်။ ဤသို့ စတင်ခဲ့သော ကျွန်ုပ်သည် ၂၀၀၄ ခုနှစ်ရောက်သောအခါ ဘီယာကြိုက်သူဖြစ်နေချေပြီ။ သို့သော် အလွန်အကျွံကား မည်သည့်အခါမှ မသောက်ပါ။ထိုနှစ်တွင် သမီးဖြစ်သူက အမေရိကန်နိုင်ငံ Santa Rosa Junior College, Second year တွင် ပညာသင်ယူနေခဲ့ပြီး မကြာမီ University of California (Davis) တွင် 3rd year Electrical Engineering ဆက်လက်တက်ရန် ပြင်ဆင်နေခဲ့သည်။ ထိုအချိန်တွင် Assumption University (Bangkok) မှ Electronics Engineering ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သော သားကြီးက Siemens ၏ ဘန်ကောက်အခြေစိုက် Center of Competence (Telecom Sector) တွင် Hardware planner ရာထူးဖြင့် အလုပ်လုပ်နေသည်။ ကျွန်ုပ် ၏လစာ နှင့် သားကြီး၏လစာကို ဇနီးသည်က စီမံခန့်ခွဲလျှက် သမီးအတွက် ကုန်ကျငွေကို ပေးပို့နေသည်။ International students များအတွက် tuition fees က local students များအတွက် tuition fees ထက် အဆများစွာ ပိုများသည်။ ကျွန်ုပ်တို့အဖို့ အနည်းငယ်မျှ အတိမ်းအစောင်းမခံနိုင်အောင် ဝင်ငွေ ထွက်ငွေ မျှတနေသည်။ ကျွန်ုပ်၏ ကျေးဇူးရှင်များဖြစ်ကြသော ဦမောင်မောင်မြင့် ( ရေနံဓါတု ညွှန်ချုပ်ဟောင်း) နှင့် ဒေါက်တာသိန်းအောင်( ရန်ကုန်စက်မှုတက္ကသိုလ် ဓါတုအင်ဂျင်နီယာဌာန ကထိကဟောင်း) တို့အပြင် ထိုင်းနိုင်ငံ IRPC Refinery and Petrochemical Complex မှ လုပ်ဖေါ်ကိုင်ဖက်များဖြစ်ကြသော ဦးရှိန်း နှင့် ကိုတင်ဦး (M74)တို့က ငွေရေးကြေးရေးအကူအညီလိုအပ်လျှင် ဝိုင်းဝန်းပေးအပ်မည်ဟု အားတက်ဖွယ် ကမ်းလှမ်းခဲ့ကြသည်ကို ကျွန်ုပ် အမြဲသတိရကျေးဇူးတင်နေဆဲပါ။ထိုကာလ၌ ၁၉၉၇ ခုနှစ် နှစ်လည်ကစခဲ့သော Asian financial crisis သည် အကင်းမသေသေး။ ကျွန်ုပ်အလုပ်လုပ်နေသော ရေနံဓါတုစက်ရုံ၏ အခြေအနေက မတည်ငြိမ်သေးသဖြင့် နိုင်ငံခြားသား ကျွန်ုပ် အချိန်မရွေး အလုပ်ပြုတ်သွားနိုင်သည်။ ကျွန်ုပ်၏ အထက်အရာရှိက မည်သို့ပင် အာမခံစေကာမူ အကယ်၍ ကျွန်ုပ်အလုပ်ပြုတ်သွားလျှင် ကျောင်းတက်ဆဲ သမီးငယ်ကို မုချထိခိုက်တော့မည် ဆိုသောအတွေးသည် ကျွန်ုပ် အား ပူပန်စေသည်။ ထိုပူပန်မှုနှင့်အတူ အင်းဝခေတ် စာဆိုတော် ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့လာ အောက်ပါ ကဗျာကို သတိရလိုက်မိသည်။ကတိသစ္စာ တည်သောခါဝယ်သြဇာလေးနက် ပေါ်ဆီတက်၍နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏။April 4, 2004 တွင် ကျွန်ုပ် ကတိသစ္စာပြု ဆုပန်လေပြီ။”ဘုရားတပည့်တော်သည် ယနေ့မှ အစပြု၍ သမီးဘွဲ့ရသည့်နေ့အထိ အရက်လုံးဝမသောက်ရန် ကတိသစ္စာပြုပါသည်။ ဤကတိသစ္စာတည်ပါက ဘုရားတပည့်တော်၏ သမီးသည် ယခုသင်ယူနေသည့် ဘွဲ့ကို အခက်အခဲမရှိ ရရှိပါစေသား။”ထိုအချိန်မှစ၍ ကျွန်ုပ် မသိ၍စားမိသော ချောကလက်တွင်ပင် အရက်ပါမှန်းသိလိုက်သည်နှင့် ထွေးထုတ်သည်အထိ ကတိသစ္စာကို မြဲမြံစွာ စောင့်ထိန်းခဲ့သည်။ ညစာစားပွဲများစွာတွင် လိမ္မာပါးနပ်စွာ ပြောဆို၍ အရက်ကို လုံးဝဥဿုံရှောင်ကြဉ်ခဲ့သည်။၂၀၀၆ ခုနှစ် ဇွန်လတွင် သမီးဘွဲ့ရပြီ။ ကုမ္ပဏီတစ်ခု၏ Campus recruit တွင် အရွေးခံရပြီး ဘွဲ့မရမီ ကတည်းက အလုပ်လည်းရပြီ။ အပေါ်တွင် ဖေါ်ပြခဲ့သကဲ့သို့ ကျွန်ုပ်၏ ကတိသစ္စာပြု ဆုပန်ခြင်း အရဆိုလျှင် ကျွန်ုပ် ဘီယာပြန်သောက်၍ရပြီဟု ဖျတ်ခနဲ အတွေးဝင်လာမိခဲ့ခြင်းဖြစ်သည်။
  • (၅)သို့သော် အရက်ပြန်သောက်ရမည်ကို ကျွန်ုပ် တွန့်နေသည်။ alcohol free blood ကို alcohol contaminated blood အဖြစ် မပြုလုပ်ချင်တော့ပါ။ ဤသို့ဖြင့် အရက်မသောက်ရန် ကတိသစ္စာ မရှိတော့သော်လည်း ပြန်မသောက်ဖြစ်သည်မှာ သမီး မင်္ဂလာပွဲ အထိ ဖြစ်သည်။ ဤအချိန်၌ သမီးက San Jose State University မှ Masters in software engineering ဘွဲ့ထပ်မံရရှိပြီးပေပြီ။၂၀၁၁ ခုနှစ် သြဂုတ်လတွင် သမီးနှင့်ပြင်သစ်လူမျိုး အေဒရိယန်တို့၏ မင်္ဂလာပွဲကို Paris တွင်ကျင်းပခဲ့သည်။ မင်္ဂလာပွဲ အထိမ်းအမှတ် Champagne ကို နှစ်ဖက် မိသားစုဝင်များနှင့်အတူ ကျွန်ုပ်ပျော်ပျော်ရွှင်ရွှင်သောက်လိုက်သည်။ ကျွန်ုပ်၏ သွေးထဲ alcohol ဝင်သွားပြန်ပြီကော။
  • (၆)ဤသို့ဖြင့် ရံဖန်ရံခါ ဘီယာ အနည်းအကျဉ်း သောက်ပါသည်။ သို့သော် ယခင်ကလို တပ်တပ်မက်မက် မဟုတ်တော့ပါ။ သောက်လိုက်တိုင်းလည်း အပြစ်တစ်ခုကို ကျူးလွန်သလို ခံစားရပါသည်။ ရက်အတိအကျ မမှတ်မိသော်လည်း မင်္ဂလာပွဲ champagne သောက်ပြီး တစ်နှစ်ကျော်ကျော်ခန့်အကြာတွင် ကျွန်ုပ် ကျိုက်ထီးရိုးဘုရားကို သွားရောက်ဖူးမြှော်ခဲ့ပါသည်။ ကြိုတင်ကြံစည်ထားခြင်းမရှိဘဲ အရက်သေစာသောက်စားခြင်းမှ ရာသက်ပန်ရှောင်ကြဉ်ရန် သစ္စာဆိုလိုက်တော့သည်။
  • (၇)ကျွန်ုပ် ဆေးလိပ်မသောက်ပါ။ ကွမ်းမစားပါ။ အရက်မသောက်ပါ။ ကျန်းမာသွက်လက်စွာဖြင့် အလုပ်လုပ်ဆဲပါ။

MK Hla Win

  • He studied Architecture, but he was made an Honorary member of M72 group.
  • He is an entrepreneur and a philanthropist.
  • He donated Noodes (Mar Mar Khauk Swe), Fried Chicken (Kyet Kin) for the various gatherings.
  • In 2018, he donated K10 lakhs for the second time for YTU Library Modernization.

Categories: Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s