Uncategorized

Khin Maung Aye

Updated : August 5, 2019

  • Khin Maung Aye (M69) retired from the Army.
  • He wrote a “Thank you” note to the 69ers in general, and to the members of the 69er Health Care Fund in particular.

၁၉၆၉*ခုနှစ်၊ဘွဲ့ယူ RIT(Mechanical)ငယ်ရွယ်စဉ်ဘဝ သူငယ်ချင်းအပေါင်းတို့-

အဲဒီအချိန်ကစပြီး အသီးသီး၊အသက၊အသက၊ နိုင်ငံ့တာဝန်ကို
ထမ်းဆောင်ကြရသည့်အချိန်မှစ၍ ယနေ့ ၁၆-၅-၂၀၁၉ အထိ အနှစ်
၅၀-နီးပါး မိမိလုပ်ငန်းသဘာဝနှင့် လုံးဝမတူကွဲပြားခြားနားအခြေအနေ
ကြောင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖြစ်ခဲ့ကြ။ အခုအချိန်လမ်းမှာတွေ့
လည်း ဇရာ ဖိစည်းမှုကြောင့် မှတ်မိနိုင်ဘွယ်ရာမထင်။အားလုံးဘဝနေ
ဝင်ချိန်အနီးရောက်နေကြသော်လည်း သူငယ်ချင်းတို့ရဲ့ ငယ်ကသံ
ယောဇဉ်တရားကို မချီးကြူးပဲမနေနိုင်ပါ။

ဖြစ်ရိုးဖြစ်စဉ် ဗျာဓိ တရားနှိပ်စက်မှုကြောင့် ၃-၂-၂၀၁၉ ရက်
မှစ၍ တတိယအကြိမ် ရန်ကုန်ဆေးရုံကြီးICUထဲတွင် ၂လခန့်၊Ward
1/2၊ ထပ်၍ ICU၊ထိုမှဆေးရုံခေတ္တဆင်း၊ SAKURA တွင် Bed
Sole အနာတွေတက်ခွဲ(ယနေ့အထိအိမ်မှာဆေးကြောသန့်စင်ရတုန်း)
ပြီးတော့ အနာကသွေးတွေသွန်လို့၊ ဒီလဆန်းကပဲ Ambulance
နဲ့ YGH Emergency ထပ်ရောက်၊ သမီးငယ်(သမားတော်-Neuro)တာဝန်ထမ်းရာ ICU-Neuro. Dept. မှာတက်ကု။

၁၀/၅ရက်နေ့မှအိမ်ပြန်ရောက် နာလံထစပြု။

၁၅/၅နေ့မှာ အနှစ် ၅၀ ကျော်မမြင်ရ၊အဆက်သွယ်မရှိနီးပါး၊
ငယ်ငယ်တုန်းက တစ်အိပ်ရာတည်း၊ တစ်ယောက်နဲ့တစ်ယောက်ခွအိပ်
နေကြ ငယ်သူငယ်ချင်းအရင်းကြီး”တင်အောင်ဝင်း(OSCAR)နံနက်
စောစောအိမ်ရောက်လာပြီး 69RITသူငယ်ချင်းတွေက ဘယ်ကဘယ်
လိုကြားမှန်းမသိ၊ ကူညီထောက်ပံ့တဲ့ ကျပ်ငွေ (၃၀၀,၀၀ဝိ/-)ပေးလာ
လို့၊ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်သူငယ်ချင်းတို့။မိမိကသာလုပ်ငန်း
သဘာဝကြောင့် သိုသိပ်သံယောဇဉ်ပြတ်လုနေခဲ့သော်လည်း၊ သူငယ်
ချင်းတို့က အမှတ်မရှိ ချစ်ခင်ကြတုန်းသိရလို့ မျက်ရည်ကျမတတ် ဝမ်း
သာပီတိဖြစ်ရပါတယ် သူငယ်ချင်းတို့။ရှိနေကြတုန်း သူငယ်ချင်းအား
လုံးရဲ့ သုံးသိန်းမကစေတနာ/မေတ္တာကို ခံယူပါတယ်သူငယ်ချင်းတို့။
သူငယ်ချင်းအားလုံး အသက်ရှည်ကျန်းမာလို့ဘဝအောင်ဆုတွေရကြ
ပါစေကွယ်။ မင်းတို့အားလုံးရဲ့

ခင်မောင်အေး၊ M4 Mechanical1969(မောင်မှတ်-မင်းလှ)

Categories: Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s