Uncategorized

Female Engineering Students

Updated on March 15, 2019

  • Brief History
  • Nan Khin Nwe
  • G-Hall Thu Reunions
  • Kabyar by Htay Htay Win (M87)
  • Kabyar by Soe Snu
  • Characteristics of a G-Hall Thu
  • December Dream
  • Laughter for Longevity
  • Gentle Ottara Breeze
  • Sone Gya Zoe
  • Short Story
  • Khine Khine Win (Singapore)
  • U San Lin (Maung Lu Pay, M87)
  • Tazaungdaing

Brief History

  • Before 1958, there were no female engineering students.
  • In the early 1960’s, there were a handful of female engineering students.
  • In November 1964, there were about 100. Several stayed at G-Hall (which was formerly assigned to young sayas.)
  • Thazin Hall became the second hostel for female students.
  • In the past few years, part of the A – E Block now houses young female students. It was a topic for Ko Myint Pe’s cartoon.

Nan Khin Nwe

Nan Khin Nwe is from the 83 Intake. Since the schools were closed for three years, she graduated in 1992. Many alumni lost three years of their precious lives.

She volunteered as a Fund Raiser for SPZP-2012 and SPZP-2016. She then became a major Fund Raiser for
(a) RITAA (including YTU Library Modernization)
(b) SDYF
(c) Intake of 83 (including provision of equipment and medicine for cancer patients)

Nan Khin Nwe

She helped with the selection for Scholarships awarded by NorCal RITAA. In the group photo she stood in the back row along with the seven young recipients. To her surprise and delight, Nan Khin Nwe was mistaken by some viewers as a young YTU student.

She compiled Kabyars and some prose for the Second G-Hall Thu Reunion.

G-Hall Thu Reunions

The first G-Hall Reunion was held on 28th January 2018.  The backdrops were provided by Khin Maung Kyi and the photos were taken by Eric Foo. 

The second G-Hall Reunion was held on 24th November 2018. There was lots of food and fun. Posters displayed short stories and poems written by G-Hall Thu’s and their admirers.

Invitation by Nan Khin Nwe

ဒုတိက အကြိမ်မြောက်
G hall သူများ (RIT ကျောင်းသူဟောင်းများ,သဇင်သူများ)တွေ့ဆုံပွဲကို

November 24th 2018 Saturday
RIT ကျောင်း စက်မှုခန်းမ
3:00 to 8:00 pm

အခမ်းအနား ကို ၃ နာရီမှာစပါမယ်
Coffee & မုန့် ကျွေးပါမယ်
ညနေ ၅ နာရီ ဝန်းကျင်ခန့် lunch box ကျွေးပါမယ်
ခန်းမ ကို 2:00 to 9:00 pm ယူထားပါတယ်နော်
စောစောလာပြီး ဓာတ်ပုံရိုက် ဘာညာ
အလွမ်း သယ်လို့ရပါတယ်ရှင့် (အယ်လယ်)2

အမကြီးများ ညီမလေးများ
သူငယ်ချင်းများအားလုံးကို ဖိတ်ခေါ်ပါတယ်နော်

RIT ကျောင်းသူတွေရဲ့အစဉ်အလာတိုင်း
ဗရုတ်ကျကျ ပျော်ပျော်ပါးပါး
ပြန်လှည်ဆုံတွေ့ကြပါစို့

G hallသူ မဟုတ်ပေမဲ့ G hallသူ တွေကိုခင်မင်ကြတဲ့ RIT ကျောင်းသူဟောင်းများအားလုံးကိုလဲ ချစ်ခြင်းများစွာဖြင့်ဖိတ်ပါတယ်ရှင့်

ချစ်ချင်းများစွာဖြင့် ကူညီပေးမဲ့ sponsor များ
အမှတ်တရ ပန်းချီ ဓာတ်ပုံ ကာတွန်းများ
ကဗျာများ ဆောင်းပါး ဝတ္ထုတိုများကိုလဲ ကြိုဆို ပါတယ်ရှင့်

မနှစ်က နောက်ခံသုံးခဲ့တဲ့ပန်းချီကားက
တော့ အကို ခင်မောင်ကြည် Khin Maung Kyi ရဲ့လက်ရာပါ

ဓါတ်ပုံ backdrop နဲ့ လှလှပပ မှတ်တမ်းတင်ဓာတ်ပုံ
ရိုက်ပေးသူကတော့
မောင်လေး ဖူးဖူး Eric Foo ပါ

ဒီနှစ်လဲလာရိုက်ပေးပါအုန်းနော်

Second G-Hall Thu Reunion

  • The Second G-Hall Thu Reunion is not only for G-Hall Thu but friends and admirers.
  • In response to Nan Khin Nwe’s request, several G-Hall Thu and some admirers submitted poems and short stories to be displayed (and possibly distributed as mementos) at the Reunion.

Kabyar by Htay Htay Win (M87)

#သံယောဇဉ်..ပွဲ

ဟိုး…တချိန်ထဲက
ဂျီဟောနဲ့ သဇင်
အမည်နာမတွေက
ရင်မှာ အစဉ်ကိန်းပါလို့
သမုဒယ..စွဲ~
ခုချိန်ခါ…ဂျီဟောသူများ
တွေ့ဆုံပွဲမှာဖြင့်
အနိစ္စ ဒုက္ခ အနတ္တ
သံဝေဂဥာဏ်နဲ့
ဘဝတွေ..အေးချမ်းပါစေကြောင်း…
မေတ္တာရေလောင်းကြမယ့်
သံယောဇဉ်..ပွဲ~🌷

Kabyar By Soe Snu

ငါဟာလေ…
G hall သူ

မင်းပြောဖူးတယ်
ငါ့ကိုပဲ……

ပါးစပ်ကကြမ်းနှုတ်သရမ်းနဲ့
မုဆိုးတပိုင်းမိန်းမရိုင်းတဲ့

မျက်နှာထားကဆိုး
မာနမိုးထိုး
ကြည့်ရင်းနဲ့တောင်ကြောက်သတဲ့

တကယ်ဆိုရင်
မွန်မြတ်စိတ်ထား
နူးညံ့နှလုံးသားအား
မင်းမမြင်ခဲ့ပါလေ

တကယ်ဆိုရင်
ငါ့ဘဝမှာချမ်းသာတာဆိုလို့
မာနပဲရှိတဲ့
ဘဝသမားတယောက်ဆိုတာ
မင်းသိပါစေ
ချစ်မိတ်ဆွေ…..

Ssn

Characteristics of a G-Hall Thu

By Ohnmar Myint

ဂျီဟောသူဆိုတာ
မိတ်ကပ်မကူ
သနပ်ခါးမလိမ်း
မျက်နှာအပြောင်သားနဲ့
တွေ့ဆုံရာ နေရာတိုင်းမှာ
တဟားဟားရယ်တတ်တဲ့သူ

ဂျီဟောသူဆိုဆိုတာ
အပြောမချို
အပိုမပြော
ရင်ဘတ်ထဲကစကား
မျက်နှာမှာ အတိုင်းသားပေါ်တတ်တဲ့သူ

ဂျီးဟောသူဆိုတာ
ကျားဆိုရင်မောင်ဘွား
မဆိုရင် ညီအမ အလား
မခွဲခြားဘဲ
တသွေးတသားထဲ နေတတ်တဲ့သူ

ဂျီဟောသူဆိုတာ
ပုပု ဝဝ ပိန်ပိန် ရှည်ရှည်
လှလှ ပပ ခန့်ခန့် ထည်ထည်
ပန်းပျိုးတဲ့လက်နဲ့
မျိုးဆက်ကို ပျိုးထောင်
ဆေးစက်ကျရာ အရုပ်ထင်လို့
လောကကို အလှဆင်တတ်သူ

ဂျီဟောသူဆိုတာ
အမိတက္ကသိုလ် မဆိုထား
ဗမာပြည် တနံတလျား
ဘယ်နေရာမှာ ဘာလိုသတဲ့
နှစ်ခါမတွေးဘဲ မျှတတတ်သူ

ဂျီဟောသူဆိုတာ
မနာလိုကင်း ဝန်တိုရှင်းပြီး
ကွန်းခိုရာ ဒီစခန်းမှသည်
သဒ္ဒါတရား ပညာအားနဲ့
နိဗ္ဗာန်တိုင်အောင် လှမ်းကြမယ့်သူ။

December Dream

. “#အိုဘယ့်ဂျီဟောသူ
.
. ပုခက်လွှဲဖို့ထက်
ကမ္ဘာကို တည်ဆောက်မဲ့ လက်တွေပေါ့
လက်ဖက်သုပ်ဆို ကျွမ်းချက်က
အဆောင်ဘေးက ကန်စွန်းရွက်ပါမကျန် ။

. စာကြိုးစားမဟဲ့ လို့
ပူငန်စပ်ခါးတွေနဲ့
တဝါးဝါး တဟားဟား
တညလုံးလည်း မအားရပေါင် ။
.
. နေ့တွေ ညတွေ အမှတ်မှား
မနက်နဲ့ ညစာပေါင်းစားလို့
ကျောင်းသွားမှ အိပ်ချင်
စာသင်ခုံ ရောက်မှ မှောက်အိပ်တတ်သူတို့ ။

. နှင်းဖွေးဖွေးနဲ့
ဒီဇင်္ဘာမနက်ခင်းလေး တစ်ခုပေါ့
လုံခြုံရေးက လာပေးတဲ့ စာကလေးတစ်စောင်
အိပ်မက်ထဲက မောင် . . မောင်များလား
ဝမ်းသာအားရ ဖွင့်ဖတ်မိကာမှ
ဟိုအကောင် လဒပေါ့
ငွေ တစ်ရာ လောက် ချေးပါလားတဲ့ . . ။
.
. နွေဦး(ရွှေဇာ)

Laughter for Longevity

G hall သူတွေ့ဆုံပွဲ
အမှတ်တရ ကဗျာ(၇)
ညီမလေး ဥမ္မာအောင် Mon Mon ရဲ့လက်ရာလေးပါ ကျေးဇူးအထူးတင်ပါတယ်နော်
……………………………

ရီသောသူ အသက်ရှည်၏
——————

ဂျီဟောသူမျက်နှာ စဉ်ချိုပြုံးလို့ 

ယဉ်တစ်ကိုယ်လုံးလည်း လှရက်တယ်။

ညဖက်မှာ အဆောင်ရှေ့ ဝဲလည်

ကဲတယ်နော့ ကိုလူပျိုတို့ 

အေဘီကဘဲတွေလား။

စီဒီဆောင်က ဝဲနေသလား။

အတည်မတွဲ အသည်းတွေများရင်တော့

လာကြံဖို့  စိတ်မကူးလေနဲ့။

တီစကွဲယားစာမိမယ်သာပြင်ထား။

အပီပဲများတဲ့ ဂျီဟောသူမမဆိုတာ

နန်းမြင့်သူ သဇင်ခက်ကဖွားတာမို့ 

လှမ်းဆင့်ယူ ချူ ဖို့ ရန်ခက်ပါတဲ့

စက်မှု ပျို များ။

Gentle Ottara Breeze

“ဥတ္ကရ လေညင်း”

# ရွှင်ကြည် မနောဖြူကြတဲ့
အိုဘယ့်..ခင်ဂျီဟောသူအလှတို့။

# ငါတို့ နှလုံးသားမှာ ထာဝရ ခိုအိပ်
ဘဝ အမောတွေကို ချွေးသိပ်တတ်တဲ့
ငယ်ဘဝ ပုံရိပ်များ
လွမ်းမောစွာ ပြန်လည် ခံစားကြရအောင်။

# ဒီမြေမှာ စိမ်းလန်း၊ ရဲရင့်စွာ ခံ့ကျန်းခဲ့
ပန်းတို့ရဲ့ ဝိဥာဉ်
သာမာန် မျက်စေ့ နဲ့တော့ ဘယ်မြင်နိုင်မလဲ၊
မတူကွဲပြားသင်းရနံ့များကို ဆောင်
အထောင်ထောင် အသောင်းသောင်းသော
ပန်းတို့ဟာ
ဆန်းပြားစွာ တရောင်ထဲ ခြယ်
အဲဒါဟာ အဖြူ ထည် သက်သက်တဲ့။

# ရယ်ရွှင်ခြင်း ဟာသဥာဏ်
မောင်ကြီးတို့လိုပဲ ရှင်သန်သူများပါ့
အပြန်အလှန် ပေးခဲ့ Nick Name များ
တသက်စာ အမည်ပွားဖြစ်စေ။

#ရေများ ရေနိုင်
ငါတို့ ခြေလှမ်းကို ယိုင်စေခဲ့သူတွေ
ကလဲ့စားချေခဲ့ရ
သံဇကာကွက်ကြား က ဂျီဟော ရဲ့အမှတ်တရညနေများ
အဆောင်မှုးတွေ မကြားပါစေနဲ့။

#ရွှင်ကြည် မနောဖြူကြတဲ့
အိုဘယ့်…ခင်ဂျီဟောသူအလှတို့….
၁၅% ထဲမို့ အင်အားသုံး ဖိနှိပ်ခံခဲ့ရ
ခေတ်အဆက်ဆက်က ဂျီဟောသူများရဲ့ သမိုင်းကြွေး
ပေးဆပ်ချိန်တန်ပြီလေ၊
အလှဆုံးဆင်ယင်ခဲ့ အလှပဆုံးပြုံး
စပျစ်သီးချဉ်မဆုံး တဲ့
မြေခွေးငတုံးတို့ရဲ့ မျက်ရည်စက်
သဘောထားကြီးတဲ့လက်နဲ့ သုတ်ပါအံ့။

# ချစ်ခြင်းသက်သက် နဲ့ထိတွေ့
မမေ့ရက်စရာ ကာလများ
တို့ပြန်လည်ခံစားကြမယ်လေ၊
ဝေးဆဲခဏ နင့်ရင်ကစကား
ငါ့နှလုံးသားနဲ့ကြားရလဲ
နွေးထွေးပွေ့ဖက် ကျွက်ကျွက်ညံညံ
နင့်ရယ်သံကို နားမှာဆတ်ဆတ်
ထပ်ထပ်ခါခါ ကြားလိုပါလှ
တို့ ဆုံတွေ့ကြမယ်လေ။

( 7th Nov 2018)

Sone Gya Zoe

Despite the jokes and cartoons about “Pone Ma Lar Yoke Soe Gyan Daw Myo”, many G-Hall residents are “Madee Chaw”.

ဆုံကြစို့ 
——-။——-

ဂျီဟော ဆိုတာလေ
မဒီချောတွေအစီအရီနှောတဲ့
နေရာပါအေ။

ပုံမလာရုပ်ဆိုး ဂျမ်းတောမျိုးရယ်လို့ 
အမောင် တို့ ပြောင် ကဲ့ရဲ့ လှောင်လဲ
ညအခါ အဆောင်ရှေ့
မှောင်တစ်ကွေ့ က
ရွှေနားတော်သွင်းဧချင်းများနဲ့ ညွှတ်တွားခယ တသသ ဖြစ်ဖူးကြပါတယ်လေ။

မျက်နှာလို မျက်နှာရ ဆက်သတဲ့
ခေါက်ဆွဲကြော် အဖေါ်တွေနဲ့ ဟား
ဝါးကြရင်း ရယ်မော
ဟာသတွေလဲ ပြောဖူးတယ်။

လျှောက်ပြန်သံပေး
ခြေအေးဝမ်းယောင်
ကြောင်တောင်တောင်
အမောင်တို့  ကြား
ဂျီဟောသူတွေမာနကြီးသလား
သတင်းစကားနဲ့ 
စပျစ်သီးများလဲမချဉ်ခဲ့ ပေါင်

အခုတော့ တစ်နယ်စီ
အမိရင်ခွင်မှခွဲ
တကွဲစီပြန့် ကာကြဲပေမဲ့ 
စိတ်အတွေးထဲအမြဲဝင်
အရင်းချာ ညီအမလိုခင်သူတွေမို့ 
ပြန်လည်ကာဆုံတွေ့ ဖို့ 
အပြေးသာလှမ်းကာနွှဲ
ဂျီဟောသူ တို့ ပွဲ ။

မရွှေထား
၇ .၁၁.၁၈

Short Story

Over a dozen — including a couple of males — have composed poems about G-Hall. Some prefer to ink their feelings as prose.

Nan Khin Nwe posted :

G hall သူများတွေ့ဆုံပွဲ
အမှတ်တရ ဝတ္ထုတို
မူရင်းရေးထားတဲ့အတိုင်းတင်ပေးလိုက်ပါတယ်
အမ မြင့်မြင့်ရီ 1986 Mech ရဲ့လက်ရာ လေးပါရှင့် ကျေးဇူးအထူးတင်ပါတယ်အမရေ

————————-

ဂျီဟောသူ တွေ့ဆုံပွဲ ဒုတိယအကြိမ်အတွက်
ညီမလေးနန်းခင်နွဲ့က ကဗျာလေးတွေတောင်းတော့
ဂျီဟောသူရွက်ပုန်းသီး စာဆိုရှင်တွေအများကြီးပေါ်ထွက်လို့လာပါတယ်
ကဗျာလေးတွေတစ်ပုဒ်ပြီးတစ်ပုဒ်ပေါ်ထွက်လာတာနဲ့အမျှ လက်ရာတွေကလဲ ပိုပိုပြီး သွက်လာ ထက်လာ ချစ်စရာကောင်းလာပါတယ်
ဂျီဟောသူကဗျာလေးတွေ စောင့်ဖတ်နေရတာ
ရင်ခုန်စရာကောင်းလှတယ်
ကျွန်မလဲ စာရေးဝါသနာပါလှသူမို့
ကဗျာလေးတစ်ပုဒ်လောက်တော့စပ်ကြည့်ချင်မိပေမဲ့ ကဗျာရေးဖွဲ့ခြင်းနဲ့အကျွမ်းမဝင်လှသလို
ကာရံတွေလှအောင်လဲရေးဖွဲ့နိုင်မှာမဟုတ်လို့
လက်လျှော့လိုက်ရပါတယ်
ဒါပေမဲ့ဂျီဟောသူဖီလင်ကတော့ ပျောက်မသွားပဲ
အမျှင်တန်းတန်းလွမ်းသလိုလို ကျွမ်းသလိုလို
ခံစားချက်က ဖျောက်လို့မရနိုင်တာကြောင့်
စာလေးတစ်ပုဒ်ရေးဖွဲ့လိုက်ရပါတယ်

ဥတ္တရအလွမ်း

ဂျီဟောသူဆိုတာ အာအိုင်တီကျောင်းသူမဖြစ်ခင်ထဲက
ဆရာမ မစန္ဒာရဲ့ဝတ္တုကိုဖတ်ပီးစွဲလန်းခဲ့ရပါတယ်
ဂျီဟောဆောင်ကြီးကိုလွမ်းတယ်

မစန္ဒာရဲ့ဂျီဟောသူထဲက ညိုထွေးတို့သူငယ်ချင်းတစ်သိုက်ကစလို့
ဂျီဟောသူတိုင်းကိုလွမ်းတယ်

အဆောင်ရှေ့ကပိတောက်ပင်ကြီးတွေကိုလွမ်းတယ်
ဂျီဟောဆောင်ရှေ့ကပိတောက်ပင်တွေမို့
မပွင့်နိုင်ရှာကြဘူးလို့
အေ တူ ဖက် ဆောင်ကမောင်တွေ
ကဲ့ရဲ့တင်းဆို ကြပေမဲ့
တစ်ပင်လုံးထိန် တစ်ဆောင်လုံးသင်း
ရဲရဲတင်းတင်းပွင့်ပြခဲ့တဲ့ ပိတောက်ပင်ကြီးတွေကိုလွမ်းတယ်

ပိတောက်ပွင့်ကြွေတွေနဲ့
ရွှေဝါရောင်ကော်ဇောခင်းသလို
အလှတွေပိုနေတဲ့ ဂျီဟောရဲ့ ညနေညိုတွေကိုလွမ်းတယ်

ညဖက်မှာ ရန်ကုန်လေဆိပ်က တက်လာတဲ့
နိုင်ငံတကာလေကြောင်းလိုင်းက လေယာဉ်ကြီးတွေကို အိပ်ရာပေါ်ပက်လက်အိပ်ရင်းကြည့်ခဲ့ရတဲ့ညတွေကိုလွမ်းတယ် မီးရောင်တစ်လက်လက် နဲ့လေ

ဂျီဟောဆောင်ရှေ့ဝရန်တာမှာ
လက်ဖက်စားစရာအစုံနဲ့ စကားဖောင်ဖွဲ့ ရင်း
အိပ်ပျော်ခဲ့ဖူးတဲ့ညတွေကိုလွမ်းတယ်

ဂျီဟောဆောင်ရှေ့ကွက်လပ်မှာ
မောင်နှစ်မ ဆောင်တွေ အတူတွဲရင်း နွှဲခဲ့ကြတဲ့
ထမနဲပွဲကိုလွမ်းတယ်

မိဘအိမ်မှာလို အရသာမပိုပေမဲ့
အာဟာရလိုချိန်မှာ အဆင်သင့်ဖြစ်မြဲ
ထမင်းစားပွဲတွေလဲလွမ်းတယ်

ဂျီဟောဆောင်မှာ အထူးအခွင့်အရေး
လစဉ်လတစ်လရဲ့ ကြာသာပတေးနေ့တနေ့ မှာရမြဲ အသားဟင်းအတုံးကြီးကြီးတစ်တုံးပါဝင်တဲ့
ညစာ၊နဲ့ ဗီဒီယို(ကြည့်ရှုခွင့်)ရရှိတဲ့ special dinner
ကြီးလဲလွမ်းတယ်

မနက်ခင်း ကျောင်းသွားချိန်တွေမှာ
တစ်ဦးနဲ့တစ်ဦး တစ်ကြော်ကြော် ဟစ်ခေါ်
အိပ်ပျော်နေသူတွေကိုနှိုး
ပြိုးပြိုးပျက်မျက်နှာချေ နားထား
မျက်နှာပေါ် သနပ်ခါး
မပါးတပါးလိမ်းချယ်
အမယ်စုံအောင်ထည့်ရတဲ့လွယ်အိပ်ကြီး
အသီးသီး မ လို့ စာသင်ခန်းလှမ်းနေကြတဲ့
ငယ်ဖော် ဂျီဟောသူ တွေကိုလဲလွမ်းတယ်

အဆောင်မှာအတူနေ မကြာမကြာ ရန်တွေဖြစ်
ပြီးရင် ပြန်ချစ်ကြမြဲ အသည်းလေးတွေ(ချစ်သူငယ်ချင်းလေးတွေ)လဲလွမ်းတယ်

ကျောင်းပြီးတော့ တစ်နေရာစီခွဲခွာ
ကမ္ဘာပတ်သူကပတ်
ကိုယ့်အရပ်မှာအဆင်ပြေသူပြေ
အထွေထွေ ကိစ္စရပ်တွေနဲ့ မတွေ့ဖြစ်ကြပေမဲ့
ဂျီဟောသူဘဝ နေ့နဲ့ည များစွာ
ဘဝတစ်သက်တာအမှတ်တရမို့
တို့ပြန်လည်ဆုံကြဖို့ စီစဉ် နှစ်လီ နှစ်ကြိမ်တိုင်ခဲ့ပြီ

ရက် လ နှစ် များစွာပြောင်း
အချိန်တွေလည်းဟောင်းခဲ့တော့
တို့ကွန်းခိုရာ နေရာအို ပျိုမျစ်ခြင်းတွေမရှိတော့ပေမဲ့
နွေးထွေးစွာကြိုဆိုနေအုန်းမှာ အသေအချာပါ
သူငယ်ချင်း တို့ရေ

ဘဝရဲ့အချင်းအရာများစွာ ဒီနေ့မှာခဏမေ့ထားလို့
တွေ့ကြမဲ့ ဂျီဟောပွဲမှာ
အလှစုံ လက်ကုန်ထုတ်ပါလို့
ဂျီဟောသူ ပျိုဖြူအလှတို့ရေ
နွှဲလိုက်ကြစို့

မိရွှေငယ်(ပုသိမ်)

Khine Khine Win

Young RIT alumni in Singapore (including Khine Khine Win) are trying their best to help their alma mater.

Many alumni feel sad about the decline of the Education System in Myanmar and about the attempt by the Adhamma regime to destroy the Swel Daw Bins and the indomitable RIT (Swel Daw Yeik) Spirit.

Our alma mater may not rank high in the academic world, but the tradition and culture (e.g. SPZPs, paying back the metta and cetana of the mentors) remain.

Vedana stands for feeling. There are pleasant feelings, unpleasant feelings, and not-pleasant & not-unpleasant (probably neutral) feelings.

Khine Khine Win wrote :

“ကာရံမညီတဲ့ဖီလင်”

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံက ကလေးတွေ စင်္ကာပူပညာရေးခရီးစဉ်မှာ အစစစီစဉ်ဆောင်ရွက်လိုက်ပါခဲ့တယ်…

ဒီလ စင်္ကာပူနိုင်ငံက Polytechnic က ကလေးတွေကို မြန်မာနိုင်ငံပညာရေးခရီးစဉ်မှာ အစစစီစဉ်ဆောင်ရွက်လိုက်ပါခဲ့တယ်… (ခရီးစဉ်အကြောင်းလေးကို ခရီးစဉ်ပြီးမှ စာတပုဒ်ရေးပါမယ်)

သူတို့ ဆီက Polytechnic မှာ ကိုယ်တို့ ဆီက ကလေးတွေ လေ့လာကြတယ်…

ဒီနေ့  ကိုယ်တို့ နိုင်ငံက ကိုယ်တို့ ရဲ့တက္ကသိုလ်ဖြစ်တဲ့ အာအိုင်တီနဲ့ ရန်ကုန်တက္ကသိုလ်ကို သူတို့ ဆီက ကလေးတွေ လေ့လာကြတယ်…

ကိုယ့်ရင်ထဲမှာ ကိုယ့်ကျောင်းကို ပတ်ပြရင်း ဝမ်းနည်းလာတယ်…

ဒါပေမယ့် သူတို့ ဆီမှာ မရှိတဲ့ culture တခုကို ပြနိုင်ခဲ့တဲ့အတွက် အတော်ဝမ်းသာကြည်နူးမိပါတယ်… အဲဒါကတော့ ကိုယ်တို့ ရဲ့မျိုးဆက်သစ်လေးတွေအတွက် ကျောင်း library project အတွက် အာအိုင်တီမျိုးဆက်ဟောင်း၎ဦးပါတဲ့ ကိုယ်တို့  BAI company က အလှူငွေ၅သိန်းလှူခဲ့တာလေးကိုပါ.. မျိုးဆက်ဟောင်းတွေက မျိုးဆက်သစ်တွေအတွက် ပေးဆပ်တဲ့ယဉ်ကျေးမှုလေးကို သူတို့ အတော်အံ့သြသွားကြပါတယ်…

ဝမ်းနည်းဝမ်းသာ ဖီလင်တွေကာရံမညီတဲ့နေ့ တနေ့ ပါပဲ…။

U San Lin (Maung Lu Pay, M87)

U San Lin (Maung Lu Pay, M87) has consolidated the postings by Nan Khin Nwe and me.

ဂျီဟောအကြောင်း အမှတ်တရ

တချိန်သောအခါက အာအိုင်တီကျောင်းတော်မှာ ပညာသင်ကြားကြသော ပျိုပျိုမေကျောင်းသူတွေ ခိုနားရာအဆောင်လေးကို ဂျီဟော(G Hall) ဟူ၍ခေါ်တွင်ခဲ့သည်။ ထိုဂျီဟောဆောင်မှ အင်ဂျင်နီယာပျိုမေများကား အခုအချိန်တွင် အင်ဂျင်နီယာအန်တီကြီးတွေ အန်တီလေးတွေ ဖြစ်နေကြပေပြီ။ ထိုပျိုမေများကို ဂျီဟောသူဟု ခေါ်တွင်ခဲ့ပါ၏။

ဂျီဟောဆောင်သည် ဗမာ့စက်မှုတက္ကသိုလ် BIT(Burmese Institute of Technology) ခေတ်အခါက ဆရာအချို့၏ခိုနားရာဖြစ်ခဲ့ပါသည်။

ရန်ကုန်စက်မှုတက္ကသိုလ် RIT(Rangoon Institute of Technology) ဟူ၍ ပညာရေးစနစ်သစ်ကို ပြောင်းလည်းခဲ့သော ၁၉၆၄ခုနှစ် နိုဝင်ဘာလမှစပြီး ‘ဥတ္တရဆောင်’ ဟူသောအမည်သစ်ဖြင့် စက်မှုကျောင်းမဟာမှာပညာသင်ကြားကြမည့် အင်ဂျင်နီယာကျောင်းသူ ပျိုပျိုမေများအတွက် သီးသန့်အဆောင် ဖြစ်လာခဲ့သည်။ သို့သော်လည်း ဥတ္တရဟူသည် မြောက်အရပ်မို့ မြောက်ဆောင်ဟု အမည်ရသောကြောင့် မြောက်(မျောက်)ဆောင်အမည်ကို မည်သူမျှမခေါ်ကြပဲ ဂျီဟောဟုသာ ဆက်လက်ခေါ်တွင်ခဲ့ကြသည်။

နယ်မှရောက်ရှိလာကြသူ အင်ဂျင်နီယာကျောင်းသူ ပျိုပျိုမေများအတွက်သာမက ရန်ကုန်မှ အင်ဂျင်နီယာကျောင်းသူများ နေထိုင်ရေးအခက်အခဲရှိပါကလည်း လက်ခံပေးခဲ့သည့် အစဉ်အလာရှိခဲ့သည်။

ဂျီဟောသူပျိုပျိုမေများအထဲတွင် မင်းသမီးရှုံးအောင် ဖလန်းဖလန်းထသူများရှိခဲ့သလို ဝါတော်ခြောက်ဆယ်ရ သီလရှင်ဆရာကြီးအလား မျက်နှာထားတည်စွာဖြင့် မပြုံးမရယ် ရှုတည်သူများလည်း ပါဝင်ခဲ့သည်။ ထိုအကြောင်းကို ကျောင်းသားကာတွန်းဆရာများက ကျောင်း၏ကာတွန်းဘောက်စ်(Cartoon Box) တွင် ရေးဆွဲခဲ့ကြဖူး၏။

ဂျီဟောသူဟူသည့် နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ရေးသားခဲ့သူမှာ ဂျီဟောသူဟောင်းတစ်ယောက်ဖြစ်ခဲ့သော စာရေးဆရာမမစန္ဒာ (ဒေါ်ချိုချိုတင်) ဖြစ်ပါ၏။

ဂျီဟောသူပျိုပျိုမေများမှာ အင်ဂျင်နီယာမကြီးများ ဖြစ်သော်လည်း ကဗျာရေးရာတွင်လည်း ထူးချွန်လှပါ၏။ ထိုဂျီဟောသူများထဲမှ ဒေါ်ကြူကြူသင်းရေးသောကဗျာလေးကို တင်ပြပါရစေ။

” ပန်းတွေရဲ့သခင်..ပန်းဘုရင်မလေးလို့တင်စားမလား!!
**ရွှေကံကော်နဲ့ပန်းစွယ်တော်တွေကြားအမိတက္ကသိုလ်မှာ ငှားငှားစွင့်ပွင့်ပါတဲ့ ပန်းတွေရဲ့ သခင်ဆိုလဲမမှား!!
***A to F ကိုကို မောင်မောင်တို့ ရွှေစွန်ညိုပွဲမှာ ရွှေသဲကျော် မယ်ထွေး ရွှေ G လေးရယ်ဆို….,,,, ဘယ်သူဘယ်ဝါ ရှာကာတွေးမနေပါနဲ့>>>>
****မောင် အင်/ယာတွေကို ရင်ဘောင်တန်းပါလို့.., မယ် အင်/ယာ ဆို ထင်ပေါ်ကာ စင်တော်ကောက်ခံရပါတဲ့..,
*****ရွှေဂန္တဝင် G hall သူရှင့် !!! ပါတဲ့။

ဂျီဟောသူများ၏ လေးကြိမ်မြောက် reunion ပွဲအတွက်လည်းကဗျာတွေ စာတွေရေးထားကြတာ ဖတ်ရ၏။ အင်ဂျင်နီယာမကြီးများ၏ ကဗျာများကား ပြောင်မြောက်လှသဖြင့်ဆက်လက် တင်ပြပါရစေ။ မဥမ္မာမြင့်၏ ကဗျာကား ဧည်သို့ဖြစ်၏။

“ဂျီဟောသူဆိုတာ
မိတ်ကပ်မကူ
သနပ်ခါးမလိမ်း
မျက်နှာအပြောင်သားနဲ့
တွေ့ဆုံရာ နေရာတိုင်းမှာ
တဟားဟားရယ်တတ်တဲ့သူ

ဂျီဟောသူဆိုဆိုတာ
အပြောမချို
အပိုမပြော
ရင်ဘတ်ထဲကစကား
မျက်နှာမှာ အတိုင်းသားပေါ်တတ်တဲ့သူ

ဂျီးဟောသူဆိုတာ
ကျားဆိုရင်မောင်ဘွား
မဆိုရင် ညီအမ အလား
မခွဲခြားဘဲ
တသွေးတသားထဲ နေတတ်တဲ့သူ

ဂျီဟောသူဆိုတာ
ပုပု ဝဝ ပိန်ပိန် ရှည်ရှည်
လှလှ ပပ ခန့်ခန့် ထည်ထည်
ပန်းပျိုးတဲ့လက်နဲ့
မျိုးဆက်ကို ပျိုးထောင်
ဆေးစက်ကျရာ အရုပ်ထင်လို့
လောကကို အလှဆင်တတ်သူ

ဂျီဟောသူဆိုတာ
အမိတက္ကသိုလ် မဆိုထား
ဗမာပြည် တနံတလျား
ဘယ်နေရာမှာ ဘာလိုသတဲ့
နှစ်ခါမတွေးဘဲ မျှတတတ်သူ

ဂျီဟောသူဆိုတာ
မနာလိုကင်း ဝန်တိုရှင်းပြီး
ကွန်းခိုရာ ဒီစခန်းမှသည်
သဒ္ဒါတရား ပညာအားနဲ့
နိဗ္ဗာန်တိုင်အောင် လှမ်းကြမယ့်သူ။” တဲ့။

နောက်တစ်ယောက်သော ဂျီဟောသူ၏ ကဗျာကလည်း မခေ။

“ဂျီဟော ဆိုတာလေ
မဒီချောတွေအစီအရီနှောတဲ့
နေရာပါအေ။

ပုံမလာရုပ်ဆိုး ဂျမ်းတောမျိုးရယ်လို့ 
အမောင် တို့ ပြောင် ကဲ့ရဲ့ လှောင်လဲ
ညအခါ အဆောင်ရှေ့
မှောင်တစ်ကွေ့ က
ရွှေနားတော်သွင်းဧချင်းများနဲ့ ညွှတ်တွားခယ တသသ ဖြစ်ဖူးကြပါတယ်လေ။

မျက်နှာလို မျက်နှာရ ဆက်သတဲ့
ခေါက်ဆွဲကြော် အဖေါ်တွေနဲ့ ဟား
ဝါးကြရင်း ရယ်မော
ဟာသတွေလဲ ပြောဖူးတယ်။

လျှောက်ပြန်သံပေး
ခြေအေးဝမ်းယောင်
ကြောင်တောင်တောင်
အမောင်တို့  ကြား
ဂျီဟောသူတွေမာနကြီးသလား
သတင်းစကားနဲ့ 
စပျစ်သီးများလဲမချဉ်ခဲ့ ပေါင်

အခုတော့ တစ်နယ်စီ
အမိရင်ခွင်မှခွဲ
တကွဲစီပြန့် ကာကြဲပေမဲ့ 
စိတ်အတွေးထဲအမြဲဝင်
အရင်းချာ ညီအမလိုခင်သူတွေမို့ 
ပြန်လည်ကာဆုံတွေ့ ဖို့ 
အပြေးသာလှမ်းကာနွှဲ
ဂျီဟောသူ တို့ ပွဲ ။”

မရွှေထား
၇ .၁၁.၁၈ ပါတဲ့။

အနှီအနှီ ကဗျာရေးကောင်းကြသောဂျီဟောသူများ၏ကဗျာများကို ဆက်လက်တင်ပြပါရစေ။

ငါဟာလေ…
G hall သူ

မင်းပြောဖူးတယ်
ငါ့ကိုပဲ……

ပါးစပ်ကကြမ်းနှုတ်သရမ်းနဲ့
မုဆိုးတပိုင်းမိန်းမရိုင်းတဲ့

မျက်နှာထားကဆိုး
မာနမိုးထိုး
ကြည့်ရင်းနဲ့တောင်ကြောက်သတဲ့

တကယ်ဆိုရင်
မွန်မြတ်စိတ်ထား
နူးညံ့နှလုံးသားအား
မင်းမမြင်ခဲ့ပါလေ

တကယ်ဆိုရင်
ငါ့ဘဝမှာချမ်းသာတာဆိုလို့
မာနပဲရှိတဲ့
ဘဝသမားတယောက်ဆိုတာ
မင်းသိပါစေ
ချစ်မိတ်ဆွေ…..

Ssn(မစိုးစိုးနု)

. “#အိုဘယ့်ဂျီဟောသူ
.
. ပုခက်လွှဲဖို့ထက်
ကမ္ဘာကို တည်ဆောက်မဲ့ လက်တွေပေါ့
လက်ဖက်သုပ်ဆို ကျွမ်းချက်က
အဆောင်ဘေးက ကန်စွန်းရွက်ပါမကျန် ။

. စာကြိုးစားမဟဲ့ လို့
ပူငန်စပ်ခါးတွေနဲ့
တဝါးဝါး တဟားဟား
တညလုံးလည်း မအားရပေါင် ။
.
. နေ့တွေ ညတွေ အမှတ်မှား
မနက်နဲ့ ညစာပေါင်းစားလို့
ကျောင်းသွားမှ အိပ်ချင်
စာသင်ခုံ ရောက်မှ မှောက်အိပ်တတ်သူတို့ ။

. နှင်းဖွေးဖွေးနဲ့
ဒီဇင်္ဘာမနက်ခင်းလေး တစ်ခုပေါ့
လုံခြုံရေးက လာပေးတဲ့ စာကလေးတစ်စောင်
အိပ်မက်ထဲက မောင် . . မောင်များလား
ဝမ်းသာအားရ ဖွင့်ဖတ်မိကာမှ
ဟိုအကောင် လဒပေါ့
ငွေ တစ်ရာ လောက် ချေးပါလားတဲ့ . . ။
.
. နွေဦး(ရွှေဇာ)

“ဥတ္ကရ လေညင်း”

# ရွှင်ကြည် မနောဖြူကြတဲ့
အိုဘယ့်..ခင်ဂျီဟောသူအလှတို့။
# ငါတို့ နှလုံးသားမှာ ထာဝရ ခိုအိပ်
ဘဝ အမောတွေကို ချွေးသိပ်တတ်တဲ့
ငယ်ဘဝ ပုံရိပ်များ
လွမ်းမောစွာ ပြန်လည် ခံစားကြရအောင်။
# ဒီမြေမှာ စိမ်းလန်း၊ ရဲရင့်စွာ ခံ့ကျန်းခဲ့
ပန်းတို့ရဲ့ ဝိဥာဉ်
သာမာန် မျက်စေ့ နဲ့တော့ ဘယ်မြင်နိုင်မလဲ၊
မတူကွဲပြားသင်းရနံ့များကို ဆောင်
အထောင်ထောင် အသောင်းသောင်းသော
ပန်းတို့ဟာ
ဆန်းပြားစွာ တရောင်ထဲ ခြယ်
အဲဒါဟာ အဖြူ ထည် သက်သက်တဲ့။
# ရယ်ရွှင်ခြင်း ဟာသဥာဏ်
မောင်ကြီးတို့လိုပဲ ရှင်သန်သူများပါ့
အပြန်အလှန် ပေးခဲ့ Nick Name များ
တသက်စာ အမည်ပွားဖြစ်စေ။
#ရေများ ရေနိုင်
ငါတို့ ခြေလှမ်းကို ယိုင်စေခဲ့သူတွေ
ကလဲ့စားချေခဲ့ရ
သံဇကာကွက်ကြား က ဂျီဟော ရဲ့အမှတ်တရညနေများ
အဆောင်မှုးတွေ မကြားပါစေနဲ့။
#ရွှင်ကြည် မနောဖြူကြတဲ့
အိုဘယ့်…ခင်ဂျီဟောသူအလှတို့….
၁၅% ထဲမို့ အင်အားသုံး ဖိနှိပ်ခံခဲ့ရ
ခေတ်အဆက်ဆက်က ဂျီဟောသူများရဲ့ သမိုင်းကြွေး
ပေးဆပ်ချိန်တန်ပြီလေ၊
အလှဆုံးဆင်ယင်ခဲ့ အလှပဆုံးပြုံး
စပျစ်သီးချဉ်မဆုံး တဲ့
မြေခွေးငတုံးတို့ရဲ့ မျက်ရည်စက်
သဘောထားကြီးတဲ့လက်နဲ့ သုတ်ပါအံ့။
# ချစ်ခြင်းသက်သက် နဲ့ထိတွေ့
မမေ့ရက်စရာ ကာလများ
တို့ပြန်လည်ခံစားကြမယ်လေ၊
ဝေးဆဲခဏ နင့်ရင်ကစကား
ငါ့နှလုံးသားနဲ့ကြားရလဲ
နွေးထွေးပွေ့ဖက် ကျွက်ကျွက်ညံညံ
နင့်ရယ်သံကို နားမှာဆတ်ဆတ်
ထပ်ထပ်ခါခါ ကြားလိုပါလှ
တို့ ဆုံတွေ့ကြမယ်လေ။

မလဲ့လဲ့ရီ(ခ) မလေး(ချောက်)

G hall သူတွေ့ဆုံပွဲ
အမှတ်တရ ကဗျာ(၇)
ညီမလေး ဥမ္မာအောင် Mon Mon ရဲ့လက်ရာလေးပါ ကျေးဇူးအထူးတင်ပါတယ်နော်
……………………………

ရီသောသူ အသက်ရှည်၏
——————

ဂျီဟောသူမျက်နှာ စဉ်ချိုပြုံးလို့ 

ယဉ်တစ်ကိုယ်လုံးလည်း လှရက်တယ်။

ညဖက်မှာ အဆောင်ရှေ့ ဝဲလည်

ကဲတယ်နော့ ကိုလူပျိုတို့ 

အေဘီကဘဲတွေလား။

စီဒီဆောင်က ဝဲနေသလား။

အတည်မတွဲ အသည်းတွေများရင်တော့

လာကြံဖို့  စိတ်မကူးလေနဲ့။

တီစကွဲယားစာမိမယ်သာပြင်ထား။

အပီပဲများတဲ့ ဂျီဟောသူမမဆိုတာ

နန်းမြင့်သူ သဇင်ခက်ကဖွားတာမို့ 

လှမ်းဆင့်ယူ ချူ ဖို့ ရန်ခက်ပါတဲ့

စက်မှု ပျို များ။

(မဥမ္မာအောင်)

ငယ်သူငယ်ချင်း ဌေးဌေးဝင်း(ဒိုက်ဦး) ရဲ့ ကဗျာလေးလည်း ခံစားကြည့်ပါဦး။

#သံယောဇဉ်..ပွဲ

ဟိုး…တချိန်ထဲက
ဂျီဟောနဲ့ သဇင်
အမည်နာမတွေက
ရင်မှာ အစဉ်ကိန်းပါလို့
သမုဒယ..စွဲ~
ခုချိန်ခါ…ဂျီဟောသူများ
တွေ့ဆုံပွဲမှာဖြင့်
အနိစ္စ ဒုက္ခ အနတ္တ
သံဝေဂဥာဏ်နဲ့
ဘဝတွေ..အေးချမ်းပါစေကြောင်း…
မေတ္တာရေလောင်းကြမယ့်
သံယောဇဉ်..ပွဲ~🌷 တဲ့။

ကဗျာများစွာကျန်ရှိနေပါသေး၏။ မူရင်းကဗျာဆရာမများ(ဂျီဟောသူများ) ကို ခွင့်မတောင်းပဲ ကိုယ့်ဝေါမှာ တင်လိုကိမိသည့်အတွက်လည်း ကဗျာပိုင်ရှင်မမ၊ညီမ ဂျီဟောသူအပေါင်းအားတောင်းပန်အပ်ပါ၏။

ဂျီဟောကား မောင်လူပေနှင့် မစိမ်းပါ။အာအိုင်တီမှာ ခေတ္တကွန်းခိုဖူးခဲ့သူများနှင့်လည်း စိမ်းမည်မထင်။ အင်ဂျင်နီယာကျောင်းမို့ မိန်းကလေးရှားသည်။ ရှားပါးလှသောအင်ဂျင်နီယာကျောင်းသူ ဂျီဟောသူများမှာလည်း စာဂျပိုးတွေကများများ။ စာဂျပိုးမဟုတ်ပဲ ဗရုတ်ကျခဲ့သည့် ဂျီဟောသူအပေါင်းလည်း မနည်း။ ဂျူဒိုလက်ရွေးစင်၊ ခရာတေးခါးပတ်နက်ဂျီဟောသူတွေလည်းပါခဲ့၏။ အလှပဂေးတွေလည်း ရှိခဲ့လေတော့ ဂျီဟောဆောင်နှင့် မစိမ်းခဲ့တာ ဘာဆန်းမည်နည်း။

ဂျီဟောဆောင်ထဲမှ ဂျီဟောသူများနှင့် နီးစပ်လိုပါသော်လည်း သတ္တိအခံကခေါင်းပါးခဲ့သဖြင့် ဂျီဟောရှေ့မှာ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းယောင်၊ ချောင်းကြည့်ပြုံးပြန်၊ ချုံတိုးခြင်ကိုက်၊ ညောင်းကိုက်ဒူးနာ၊ အအေးပတ် အသံဝင် ဘဝများဖြင့် ပေးဆပ်ခဲ့ဖူးကြကုန်သော အာအိုင်တီကျောင်းသားများလည်းမနည်းလှသဖြင့် ထိုကျောင်းသားများအား အထူးအခွင့်အရေးပေးသည့်အနေဖြင့် အထူးဧည့်သည်တော်များအဖြစ် ဂျီဟောသူတွေဆုံပွဲမှာ ဖိတ်သင့်ပါကြောင်း ထပ်လောင်းတင်ပြရင်း ဂျီဟောအမှတ်တရ ဆောင်းပါးလေး အဆုံးသတ်ပါရစေ။

ချစ်တဲ့

မောင်လူပေ

( ဆရာဦးလှမင်း၊ နန်းခင်နွဲ့တို့၏ ဖေ့ဘွတ်မှ ဓါတ်ပုံ၊ကဗျာများ စာများကို ခွင့်မတောင်းပဲ ခပ်တည်တည် ယူ၍ရေးသည်။ ကဗျာပိုင်ရှင် ဂျီဟောသူအပေါင်း ကဗျာဖိုးတောင်းလိုပါက ယူအက်စ်သို့ ကြွရောက်တောင်းယူနိုင်ပါကြောင်း။😄)

Editor’s Notes :

RIT has produced Ah Nu Pyinnya Shins in general, and Laureate Poets (such as Tekkatho Moe War, Maung Sein Win [Padeegone]) in particular.

We appreciate the excellent Kabyars from the G-Hall Thu Myar. They can be displayed as wall posters, flyers and may be even booklets at the forthcoming G-Hall Reunion.

G-Hall Thu

G => Gorgeous girls (at their prime)

H => Highly intelligent and creative (decades after graduation)
A => Ambitious, articulate
L => Lively rebuttals to the jokers and cartoonists
L => Love me dearly OR “Beware, our T-square”

T => Talented poets
H => Home of the Belles
U => Union of five Balas : Kaya, Nyana, Bawga, Meikta, Caritta

Tazaungdaing

Thanks to sayas and alumni for sharing the photos from the G-Hall Tazaungdaing.

Categories: Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s