Alumni

RIT (192) : Daw Than Yi

Posted in 2014 by Daw Than Yi (Maubin Ma Shwe Than, EP70)

RITအ ကြောင်းရေးလို့ရယ်ဘယ်မကုန်ဖြစ်နေပါပြီ

ဆရာတွေအ ကြောင်းရေးရင် ကိုမကုန် နိုင် ပါဘူး။

နှစ်တွေတော်တော်ကြာလာပြီဆိုတော့လဲတိတိကျကျသိပ်မမှတ်မိတော့ဘူ။

ကျမတို့ဆရာတွေရဲ့Characteristic တွေကလဲအမျိုးမျိုးဆိုတော့သူငယ်ချင်း

တွေစုံလို့အ ကြောင်းတိုက်ဆိုင် လာရင် ပြောပြောပြီးရီကြမိတယ်။

တချို့လဲ ကိုမြင့်ဖေ တို့ကာတွန်းဘောက်ထဲမှာပါ တတ်ပါတယ်။

ည နေလမ်းလျှောက် ရင်းအဲဒီ ကာတွန်းဘောက် ကိုကြည့်ရတာလဲ

ကျမတို့ဝတ္တရားတခုပေါ့။ကျောင်းသားတွေကလဲဘယ်လောက်များ

ဇ၀နညာဏ် ရွှင်ကြသလဲဆိုကျမတတိယနှစ်မှာထင် ပါတယ်။လျှပ်စစ်စာစောင်

ထွက်လို့ “လျှပ်စစ်စာစောင် ထွက်နေပြီ “လို့ကြော်ညာစာအောက်မှာ”က လေးဂျာနယ်

ထွက်နေပြီ”လို့ ရေးထားတယ်။ဘာကြောင့်လဲဆိုတော့ကျမအပါအ၀င် ကိုစန်းဦး

ကိုသိန်းထွန်း ကိုရဲဝင်း ကိုညွန့်ဖေ တို့က စာစောင် ထုတ်ဝေရေးအဖွဲ့ပုတဲ့လူတွေဖြစ်

နေလို့ပါဘဲ။အဖွဲ့ထဲမှာ ဦးစိုးသာ(၀န်ကြီးဖြစ်ဘူးသူဆိုတော့ အဲဒီတုန်းက ခေါ်သလို

ကိုစိုးသာလို့မ ခေါ်ရဲလို့ပါ ဟဲ ဟဲ )ဆရာဦးမိုးအောင် မမရီရီအောင် မို့မို့ရီ ကိုမျိုးမြင့်

ကိုလှမင်း တို့လဲစာစောင် အဖွဲ့ထဲမှာပါပါတယ်။

အများအားဖြင့်တော့ကျမတို့RIT

ကျောင်းဆင်းတွေက ၀န်ကြီး ဒုဝန်ကြီး ဦးဆောင် ညွှန်ကြားရေးမှူး ညွှန်ချုပ်စသဖြင့်

ဌာနဆိုင် ၇ာအကြီးအကဲတွေဖြစ်ကြ တော့ အ တွေ့များနေတဲ့သူတွေဆိုရင်တော့

ဦး ဒေါက်တာ ဒေါ် စသည်ဖြင့် တတ်ခေါ်သွားမိတာပေါ့ အလုပ်ထဲမှမဆုံဖြစ်ကြတဲ့သူတွေတော့ ကျောင်းတုန်းက

ခေါ်တဲ့အတိုင်း နှုတ်ကျိုးနေမိပါတယ်။ခုက တော့ငယ်တုန်း

ကအ ကြောင်းတွေပြန်ေ၇းပြတာမို့ ကိုတွေမ တွေ ဘယ်သူ

ရေ ဆိုတဲ့အသုံးအနှုံးအတိုင်းဘဲရေးပါရ စေ။

ဆ၇ာတွေအ ကြောင်းဘဲပြန်ဆက်ပါရ စေ

မြန်မာစာဌာနမှူး ဦးတိမ်ကြည်ဆိုလျင် အသံဝဲ၀ဲ မြန်မာစာဆရာမို့

အ ပြောလည်းကြွယ်ပါသည်။ သူရီစရာစကား ပြောတာမဟုတ်ဘဲ

အ ကြောင်းတွေကရီစရဖြစ်နေ၍ တ၀ါးဝါး တဟားဟား တတန်းလုံးမကြာခဏပွဲကျ

နေတတ်သည်။ဆရာ့ပုံစံကခပ်မှန်မှန်လေးလုပ်နေတတ်၍ တခါတရံပိုရီ၇သည်။

သင်္ချာဆရာဦးစိန် ရှမ်းဆိုလျင် သူသင် တာတွေ ဥပမာ လေးတွေပြောရင်းက

ရီစရာတွေဖြစ်ဖြစ်သွားတတ်သည်။တခါတခါများကြ တော့တရှူးရှူးတရှဲရှဲ နှင့်

ဒေါထတတ်သည်။ပထမသူဒေါသထွက်နေတာကိုမသိလိုက် နောက်မှဒေါသ

ထွက်ပြောနေမှန်းသိ၍မနည်းအ၇ှိန်သတ်လိုက်၇သည့်ကြုံခဲ့ဘူးပါသည်။

ပညာရေးဝန်ကြီးဖြစ်ခဲ့ဘူးသည့်ဒေါက်တာချမ်းငြိမ်းက ကျမတို့ဒုတိယနှစ်တွင် ဆရာ

အဖြစ် Lecture ပေးဘူးပါသည်။သူကလဲဘွဲ့ရခါစ ကျမတို့ကလည်း မိန်းက လေး

နည်းတော့ ရှေ့ ၂တန်းလောက်ဘဲမိန်းက လေးရှိပါတယ်။အဲဒီမိန်းက လေးတွေကြည့်

တယ်လို့အထင် ခံရမှာစိုးးလို့လား မသိပါဘူး။သူ့မျက်လုံးရဲ့မျက်ဆန်ကိုအထက်ကိုဘဲတင်

ထားတယ်။အမြဲအထက်ကိုဘဲကြည့်နေတတ်တယ်။ရှေ့ဆုံးအောက်ဆုံးခုံတန်းမှာ

ထိုင်နေတဲ့ကျမတို့မိန်းက လေးတွေက တော့ဆရာ့မျက်ဝန်းဖြူဖြူကိုဘဲတွေ့ရပါ

တယ်။ဆရာကအဲဒီလောက် ရှက်တတ်တာ။

အင်္ဂလိပ်စာဌာနကဆရာဆရာမ တွေပုံစံကလဲတစ်မျိုထူးခြားပါတယ်။

ကျမတို့ပထမနှစ်ကျောင်းဖွင့်စမှာဘဲပနှစ်တွေကိုတန်းခွဲခွဲဘို့အရည်အချင်းစစ်ပါတယ်။

ခေါင်းစဉ်တခုပေးပြီး Essay ရေးခိုင်းပါတယ်။ကျမကလဲ ၁၀ တန်းဖြေစဉ်အခါက

စာမေးပွဲဖြေခါနီးမှာသင် ရတဲ့ Punctuation တွေအသုံးချအတတ်ဆန်းပြီးေ၇းလိုက်

တာ ၃၆မှတ် moderation နဲ့အောင် ခဲ့တာ။ ILA စနစ်နဲ့ဆိုတော့တစ်မှတ်ဘဲရပြီး

ကျမ Position တော်တော် နောက်ရောက်သွားတာ။ကံကောင်းလို့သာRITမှာ

ချိတ်နိုင် ခဲ့တာ။အဲဒီအတွက်ကျမ နောင် တတရားနဲ့အတူအရမ်းခံစားနေရတဲ့အချိန်ပေါ့

ဒါနဲ့ကျမက Simple English နဲ့အဆန်းဘာမှမကွန့်တော့ဘဲအ ကောင်းဆုံးကြိုးစား

ရေးလိုက်တာ အ တော်ဆုံးအခန်း(၁)မှာပါသွားပါလေ ရော။သင် တဲ့ဆရာက

Mr.D.Rodger။ ဆရာက ဗိုလ်ကပြားဖြစ်ပုံရပါတယ်။အသံထွက်ကလဲတော်တော်

ဗိုလ်ဆန် သင်တော့လဲ အ တော်ဆုံးအတန်းဆိုပြီးdebate မကြာခဏလုပ်ခိုင်းတယ်။

အတန်းထဲပါလာသူတွေကလဲ Ahmad Sumer ဆိုတဲ့ဗိုလ်နဲ့ကုလားနဲ့စပ်ပုံရတဲ့ကပြားး

တ ယောက်။သူက အ၈င်္လိပ်စကားကို မွှတ်နေ အောင်ပြောတတ်တယ်။နောက်ပေါင်း

ထုတ်ပန်ချာပီသူ့နာမည်တော့ပါးစပ်ဖျားတင်မေ့နေတယ်။ကျမတို့ပနှစ်လူ၅၅၀မှာ

RollNo.1နဲ့ဝင် လာတဲ့ ကိုဇော်မင်းလဲ ပါတယ်ထင် တာဘဲ။RollNo.2,3,5….9တခုခု

ဖြစ်နိုင် တဲ့ကျောက်ဆည်သားကိုချိုအေး။နောက်မိတ္ထီလာသားကိုမြင့်သန်း

မိန်းက လေးထဲက တော့ အင်္ဂလိပ်စာပါမောက္ခဆရာကြီးဦးမျိုးမင်းသမီး

မင်းသက်မွန် သံအမတ်ကြီးသမီး စောယုမော် (သူငယ်ချင်းတွေမှားရင်

ပြင် လည်းပြင် သီးလည်းခံကြပါနော်)သူငယ်ချင်းတွေအမှတ်တရအ နေ

နဲ့များများထည့်ရေးချင် လို့ပါနော်။ဂုဏ်ပုဒ်တွေထည့် ရေးရတာလည်း

အင်္ဂလိပ်စာတော်ကြောင်းရှင်းမပြဘဲ သိသာနိုင် ရန်အတွက်သာပါ။

ကျမ ကလဲသွက်သွက်လက်လက်ပြုံးရွှင်ရွှင်နေတတ်သူ ကျောင်းမှာ

အပတ်စဉ်ထုတ်နေတဲ့စာစောင်လေးမှာ”မအူပင် မ ရွှေသန်း”နာမည်

နဲ့အင် ဂျင် နီယာစကားလုံး( Newton third law နဲ့ပြောရ ရင် ကွယ်)

မျိုးလေးတွေနဲ့ဟာသဆန်ဆန်ကဗျာလေးတွေ အပတ်စဉ်နီးပါးရေး

နေကျမို့ထင် ပါရဲ့ ကျမကိုအတင်း Debate မှာပါဝင်ပြောခိုင်းတယ်။

ဒီလောက်English ကောင်းသူတွေရဲ့ရှေ့မှာ တောကတက်လာတဲ့

ကျမက ဘယ်လိုအသံထွက် ရဲပါ့မလဲ။ကျမမှာဘေးကြတ်နံကြတ်

ကျမ တကယ်မပြောနိုင် ပါဘူးဆိုတာ မနည်းတောင်းပန်ရတယ်။

ဒုနှစ်ရောက်တော့ဆရာဦးဝင်းမရ အခန်းရောက်သွားပြန်ရော

ဆရာကလည်းကျမစာေ၇းတာဝါသနာပါမှန်းသိတော့အင်္ဂလိပ်စာ

အုပ်များများဖတ်ဖို့ ဖတ်သင့်တဲ့စာအုပ် ၄,၅,၁၀အုပ်နာမည်တွေရေး

ချပေးတယ်။စာများများဖတ်မှသူတို့သုံးနေကြတဲ့အသုံးအနှုံးတွေသုံး

တွေသိပြီးစာလှလှပပချောချောမွေ့မွေ့ေ၇းနိုင်မှာတဲ့။တကယ်တော့

ဆရာနှစ်ယောက်လုံးက ကျမကိုဇိကုတ်ပြီးနတ်ပြည်အတင်းတင် တဲ့

ဆရာစိတ်အပြည့်ရှိတဲ့ဆရာတွေပါ။ဌာမဆိုင် ရာပွဲလမ်းလေးတွေရှိတဲ့အခါ

မှာတော့ဆ၇ာနှစ်ယောက်လုံး လှုတ်ခါရမ်းပြီးElvis Presley လို ဂီတာတီး

သီချင်းအာရပါးရ သီဆိုတတ်ကြပါတယ်။

အင်္ဂလိပ်စာဌာနကဘဲ ဆရာမကြီးဒေါ်ရင် ရင်မြက တော့ အဲဒီအချိန်တုန်းက

ဆရာမ တွေအားလုံးထဲမှာစတိုင် အမိဆုံးလို့ကျမထင်ပါတယ်။လူကလှသ

လောက် လမ်းလျှောက်ပုံကစတိုင် ကျလွန်းလို့သူသွားရင်ငေးကြည့်ရပါတယ်။

ဆရာတွေအ ကြောင်းရေးစရာအများကြီးပါ။သူတို့ အ.ကြောင်းတကယ်ရေးမယ်

စဉ်းစားလိုက်မှအဖြစ်အပျက်ေ၀၀ါးကုန်တယ်။

ရူပ ဗေဒဌာနကဆရာမကြီးဒေါ်ငြိမ်းကတော့ကျမတို့ပနှစ်ထဲကအသက်တော်တော်

ကြီးနေပါပြီ။အပျိုကြီးပီပီ စေ့စေ့စပ်စပ်နှင့်အသင် အပြ ကောင်းသူဖြစ်ပါသည်။

ဆက်ရေးပါမည်။ွ

Categories: Alumni

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s