Uncategorized

RIT (539) : Swel Daw Yeik Magazine for SPZP-2016

Submissions may be made via e-mail to Saya U Moe Aung, “Cartoon” U Myint Pe, and Saya U Thiha Latt.

Hard copies (handwritten or typed) may be sent to Saya U Moe Aung.

စွယ်တော်ရိပ် မဂ္ဂဇင်း အတွက်

စာမူ ဖိတ်ခေါ်ခြင်း ….

၂ဝ၁၆ ဒီဇင်ဘာ ၂၉ ရန်ကုန်။
စက်မှုတက္ကသိုလ် ကျောင်းသူကျောင်းသားဟောင်းများ၏ တစ်ကမ္ဘာလုံးဆိုင်ရာ
ဆရာပူဇော်ပွဲ အထိမ်းအမှတ် ထုတ်ဝေမည့် …..

စွယ်တော်ရိပ် မဂ္ဂဇင်း

စာမူ ဖိတ်ခေါ်ခြင်း။ (မြန်မာဘာသာ ဖြင့်သာ ထုတ်ဝေမည်)

စွယ်တော်ရိပ်မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြနိုင်ရန် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများထံမှ အောက်ပါစည်းကမ်းချက်အတိုင်း မြန်မာဘာသာဖြင့် စာမူရေးသားရိုက်နှိပ် ပေးပို့ကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။

စာမူအမျိုးအစားနှင့် ကန့်သတ်ချက်များ။

ဝတ္ထု။ တို — အေဖိုး (A4) စာရွက်ဖြင့် (၇) မျက်နှာထက်မများ (ခြွင်းချက် အတိုးအလျှော့အနည်းငယ်ရှိ)
ဝတ္ထု။ ရှည် — (၁၅) မျက်နှာထက်မများ။
ဆောင်းပါး။ (၅)- (၇) မျက်နှာထက်မများ။ (ရုပ်ပုံပါလျှင် သေချာစွာရေးဆွဲစေလိုပါသည်)။
ပြဇာတ်။ (၅)- (၇) မျက်နှာထက်မများ။
စာတမ်း။ (၅) မျက်နှာထက်မများ။
ကဗျာ။ စာညွန့် စသည်… စာမျက်နှာ ကန့်သတ်ချက်မရှိ။

စာမူပေးပို့သူအားလုံးသည် စာမူပေါ်တွင် ကလောင်အမည်၊ အမည်ရင်း၊ အောင်မြင်သည့် ခုနှစ် နှင့် အထူးပြုဘာသာရပ် (သို့မဟုတ် – ကျောင်းတက်လက်စ ခုနှစ်)၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ် (ရှိလျှင်) နှင့် မိမိကိုယ်တိုင်ရေးသားသောစာမူသည် မည်သည့်နေရာတွင်မှ ဖော်ပြခံရခြင်းမရှိသေးကြောင်း ဝန်ခံချက်။
(အထူးသဖြင့် – ဖေ့စ်ဘွတ်ခ် ပေါ်တွင် ရေးသားခဲ့ဖူးသည့် စာစုများ
မဟုတ်သည့် စာမျိုးကို ပို၍လိုလားပါသည်)။

ကာတွန်း။

– စာရွက်အဖြူပေါ်တွင် မင်အနက်ဖြင့်ထင်ရှားစွာ ရေးဆွဲရမည်။
— လက်ရေးစာလုံး ပီသရပါမည်။
— ပုံပေါ်တွင် အမည်၊ သို့မဟုတ် ကလောင်အမည် လက်မှတ်ရေးထိုးရပါမည်။
— ပုံနှိပ်သည့်အရွယ်အစားထက် ၂ ဆ၊ ၃ ဆ ကြီး၍ ရေးဆွဲပါက ပိုမိုကောင်းမွန်ပါမည်။
— တစ်ကွက်ကာတွန်း၊ တစ်မျက်နှာကာတွန်း၊ ကွက်ဆက်ကာတွန်း စသဖြင့် နှစ်သက်ရာ ရေးဆွဲနိုင်ပါသည်။

စာမူ ပိတ်ရက်။ ။ ၂ဝ၁၆ စက်တင်ဘာ (၁၅)ရက်။

အောက်ပါ e-mail လိပ်စာ သို့ Word Format နှင့် Pdf Format ဖြင့် ပေးပို့ရန်။

e-mail : umoe.aung@yahoo.com (U Moe Aung)
mpsmartest@gmail.com (U Myint Pe)
thihalatttx@gmail.com (U Thiha Latt)

Hard Copy ပေးပို့သူများအတွက် ကျောင်းအောက်တွင် စာမူပုံးထားပေးရန် စီစဉ်ပေးပါမည်။

(မှတ်ချက်။ သတ်မှတ်ထားသည့် စည်းကမ်းနှင့် မကိုက်ညီသော စာမူများအား လက်ခံစဉ်းစားပေးမည်မဟုတ်ပါ)

စာမူအတွက် ရိုးရိုးလက်ရေုးမူ သို့မဟုတ် လက်နှိပ်စက်မူ Hard Copy ကို စာတိုက်မှ ပေးပို့လိုသူများ
အောက်ပါလိပ်စာအတိုင်း တံဆိပ်ခေါင်းပြည့်စုံစွာကပ်၍ ပေးပို့နိုင်ပါသည်။

ဦးမိုးအောင်
စွယ်တော်ရိပ်မဂ္ဂဇင်း အတွက် စာမူ
အမှတ် ၁၅ ရန်ကုန်အင်းစိန်လမ်း
(ဦးထွန်းလင်းခြံလမ်းထောင့်)
(၁) ရပ်ကွက် ၊ ကမာရွတ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

Categories: Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s