စွယ်တော်ရိပ် ဖောင်ဒေးရှင်း
စက်မှုတက္ကသိုလ်ထွက် (နည်းပညာတက္ကသိုလ် များအားလုံး အပါအ၀င်) အင်ဂျင်နီယာတို့၏ ဆရာအိုများအား ကျန်းမာရေး စောင့်ရှောက်သည့် စွယ်တော်ရိပ် ဖောင်ဒေးရှင်း……
စိတ်စေတနာ နှင့် သဒ္ဓါတရား အရင်းခံ၍ ရပ်ဝေးရပ်နီး မှ လှူဒါန်းလိုပါက ……
ဆက်သွယ်ရန်……
ရန်ကုန် ။ ဦးဝင်းထိန်ဦး (Mech 72) 095170399
မန္တလေး ။ ဦးတင်လတ် (Mech 85) 092044382
နေပြည်တော် ။ ဦးဝင်းနိုင် (Civil 80) 095014942
စင်ကာပူ ။ ဦးဇော်ထွန်းနိုင် (Aero 95) 65- 96231637
ဦးဇော်ဝင်းထွဋ် (Mech 91) 65- 93885993
ဒေါ်ခိုင်ခိုင်ဝင်း (Ec 95) 65- 91183646
ၾသစေၾတ:လ် ။ ဦးစိန်ဝင်း (Civil 80)
အမေရိကား ။ ဦးလှမင်း (EC 69)
စွယ်တော်ရိပ်
ရုံး အဖွဲ့ ။ ရဲနိုင်အောင် 0973175272
အမှတ် ၇၅၊ သိမ်ဖြူလမ်း ၊ ရန်ကုန်။
စွယ်တော်ရိပ် ဖောင်ဒေးရှင်း……
အလုပ်အမှုဆောင် ကော်မတီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေး။
ယင်း အစည်းအဝေးတွင် အခြားသော ဆောင်ရွက်ရန်ကိစ္စများအား ဆွေးနွေး ဆုံးဖြတ် အတည်ပြုခဲ့သည့် အပြင်၊ စာရေးသူ အချိန်ယူရေးသားတင်ပြသည့် “ဖွဲ့ စည်းပုံ စည်းမျဉ်း ” မူကြမ်း ကိုလည်း တက်ရောက်သူ အလုပ်အမှုဆောင် အဖွဲ့ဝင် အားလုံးက အကြမ်းအားဖြင့် သဘောတူကြသည်။
ဤ နေရာတွင် အထူးတင်ပြလိုသည့် အချက်မှာ၊ ဖွဲ့စည်းပုံစည်းမျဉ်းပါ အခန်း (၃) ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက် နှင့် အခန်း (၄) ဖောင်ဒေးရှင်း ဖွဲ့စည်းခြင်း တို့နှင့် ပတ်သက်သော စာသားနှင့် ဖွင့်ဆိုချက် ကို ရှင်းလင်းလိုပါသည်။
အခန်း (၃) ။ ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်
၎။ (က) ဆရာများ၏လူမှုရေးကိစ္စ အ၀၀တွင် ပါဝင်ကူညီ စောင့်ရှောက်ခြင်း။
(ခ) ဆရာများအတွက် လိုအပ်သော ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ခြင်း ကိစ္စအား အလုပ်အမှုဆောင်အဖွဲ့၏ဆုံးဖြတ်ချက်အရ အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ပေးခြင်း။
(ဂ) မျိုးဆက်သစ် တက်လူ အင်ဂျင်နီယာငယ်များနှင့် စက်မှုတက္ကသိုလ် ကျောင်းသားများ၏ အရည်အသွေးတိုးတက် ဖွံ့ ဖြိုးရေးကို ဆောင်ရွက်ပေးခြင်း။
အခန်း (၄) ။ ဖောင်ဒေးရှင်း ဖွဲ့စည်းခြင်း။
၅။ ဤ ဖွဲ့စည်းပုံစည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးရန်နှင့် အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်ရန်အတွက် အောက်ပါ အခြေခံမူများနှင့် အညီ ဖွဲ့စည်းသည်။
(က) ဆရာ နှင့် အင်ဂျင်နီယာ (စက်မှုတက္ကသိုလ်ကျောင်းသားကျောင်းသူဟောင်း) များ ပါဝင်သောသူ များဖြင့် ဖွဲ့စည်းသည့် ဖောင်ဒေးရှင်း ဖြစ်ခြင်း။
(ခ) အစိုးရ နှင့် မသက်ဆိုင်သော ဖောင်ဒေးရှင်း ဖြစ်ခြင်း။
(ဂ) ဘဏ္ဍာငွေ အမြတ်အစွန်းသို့ ဦးတည်သော ဖောင်ဒေးရှင်း မဟုတ်ခြင်း။
(ဃ) ဆရာများ၏ လူမှုရေး၊ ကျန်းမာရေးနှင့် တကွ အင်ဂျင်နီယာငယ်များ၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သည့် ဖောင်ဒေးရှင်း သက်သက် ဖြစ်ခြင်း။
အခန်း (၃) ရှိ ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက် ကို အထူးရှင်းပြရန်လိုမည် မထင်ပါ။
အခန်း(၃)၊ အပိုဒ် ၄ (က)(ခ) တို့အရ… ဆရာများအတွက် ကျန်းမာရေးရော လူမှုရေး ရော၊ အားလုံးသည် ပဓါန သာဖြစ်၏။ ဆရာများ ကိစ္စကို မည်သည့် ကိစ္စကမှ ကျော်လွှားဖြစ်ပေါ် ဆောင်ရွက်ရန် မရှိပါ၊ မဖြစ်ပါ။
သို့သော်…..
အခန်း(၃) အပိုဒ် ၄ (ဂ) ရှိ မျိုးဆက်သစ် တက်လူ အင်ဂျင်နီယာငယ်များ အတွက် ဆောင်ရွက်ရန် ရှိသော လုပ်ငန်း တို့မှာ ဦးစားပေး နံပါတ် (၁) မဟုတ်သော်ငြားလည်း ဖောင်ဒေးရှင်း၏တည်ထောင်သက် ရင့်လာသည်နှင့်အမျှ၊ ရံပုံငွေ အင်အား လုံလောက်စွာတိုးပွါးလာသည် နှင့်အမျှ…၊ ယင်းကိစ္စကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါသည်။
အခန်း (၄) ပါ ဖောင်ဒေးရှင်း ဖွဲ့စည်းခြင်း ရည်ရွယ်ချက် မှာလည်း ရှင်းပါသည်။
အခန်း(၄) အပိုဒ် ၅(ခ) အရ၊ဤဖောင်ဒေးရှင်းသည် ” အစိုးရနှင့် မသက်ဆိုင်သော ဖောင်ဒေးရှင်း ” ဖြစ်ကြောင်း…။
အပိုဒ် ၅(ဂ) အရ ” ဘဏ္ဍာငွေ အမြတ်အစွန်းသို့ ဦးတည်သော ဖောင်ဒေးရှင်း မဟုတ်ခြင်း ” ။
အတက်ပါ စာပိုဒ်၅(ခ) နှင့် ၅(ဂ) တို့ သည် စာရေးသူတို့ ဖောင်ဒေးရှင်း၏ လုပ်ငန်း အနေဖြင့် အင်ဂျင်နီယာ များနှင့် ပတ်သက်ပင် ပတ်သက်နေပါသော်လည်း အလှူငွေ ပေါ်၌သာ ရပ်တည်ခြင်း၊ နိုင်ငံတော် အစိုးရနှင့် ဆက်စပ်မှု မရှိခြင်း၊ ဟူသော အချက်နှစ်ချက် တည်းကို ကြည့်လျှင်ပင် ……..
ဤ ” စွယ်တော်ရိပ် ဖောင်ဒေးရှင်း ” သည်…….
မည်သည့် အသင်း အဖွဲ့၊ မည်သည့် ဖောင်ဒေးရှင်း၊ မည်သည့် အဖွဲ့အစည်း သမဂ္ဂ နှင့် မဆို လုံးဝ ခြာနား၊ တစ်မူ ကွဲပြားကြောင်း သိသာနေပါသည်။ မည်သည့် အသင်း၊ အဖွဲ့အစည်းနှင့်လည်း ယှဉ်လျက် ရပ်တည် ဖြစ်ပေါ် နေရသည့် အနေအထား တွင် မရှိပါ…။
ထို့ကြောင့်၊ စွယ်တော်ရိပ် ဖောင်ဒေးရှင်း ၏ သန့်စင် မွန်မြတ်လှသော ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင်အထည် ပေါ်လာစေရန် အင်ဂျင်နီယာကြီးငယ် အားလုံး မေတ္တာ စေတနာ အပြည့်ဖြင့် ပါဝင် ပံ့ပိုးပေးကြပါ ခင်ဗျား။
Categories: Uncategorized