Cartoon

Myint Pe

For archive (Updated on February 1, 2019)

by U Myint Pe (M 72)

နှစ်ပါတ်လည်ညီလာခံနဲ့  ပြခန်းများမှာ ပါဝင်ဆောင်ရွက်ခဲ့ ကြတဲ့ MES YE
များ (YGN, MDY, TGY ) အတွက် ဂုဏ်ပြုညစာစားပွဲလေးကို 15-1-2013
မှာလုပ်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဆိုကြ၊ ကကြ၊ပျော်ကြပြီး ပွဲသိမ်းတော့ 
ဆရာများကို YE များက ကန်တော့ ကြပါတယ်။ ဆရာများကလဲ ဘ၀နဲ့ ရင်းပြီးရထားတဲ
့ဆုံးမစကားလက်ဆောင်ပေးကြတယ်။ ဆရာကိုကို(စက်မှုတက္ကသိုလ်) က၊
မိဘကိုရိုသေစွာလုပ်ကြွေးပြုစုသူဟာ တသက်တာ ဆင်းရဲဒုက္ခ
ဘေးအန္တရာယ်မှလွတ်ကင်းကြောင်း လက်တွေ့  သက်သေပြပြောကြားပေးသွားပါတယ်။ YE
များအတွက်စိတ်ထဲမှာကျေနပ်ပြီး ကားမောင်း အပြန်လမ်းကျကာမှ
အကောင်းဆုံးနမူနာဖြစ်တဲ့  ကိုယ်အကြောင်းကိုယ် မပြောပြလိုက်မိတာသတိရတော
့တယ်။ လူငယ်များအတွက် အသိပေးချင်တာမို့  အဲဒါလေးပြန်ရေးတင်လိုက်ပါတယ်။

ကျွန်တော့်ဖခင်နာမကျန်းဖြစ်တော့  ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ဆင်တဲကနေ
ပဲခူးကိုဆင်းခဲ့ ပါတယ်။ စက်ရုံမှာတာဝန်ထမ်းဆောင်ဆဲဆိုတော့  မိမိလစာတွေ
ခံစားခွင့်တွေအားလုံးကြိုတင်ထုတ်ခဲ့ ပြီး အဖေ့ ကို
ရန်ကုန်ဆေးရုံကြီးဆီတင်ပြီးကုပေးပါတယ်။ ဆေးရုံမှာ အဖေ့ ကုတင်ဘေး
ခုံတန်းရှည်သေးသေးလေးမှာ ဖြစ်သလိုမှေးပြီး နေ့ ည အဖေ့ ကိုပြုစုပေးခဲ
့ပါတယ်။ နှစ်လကျော် ၃လရောက်တော့  ပါသမျှငွေကုန် အားကိုးရာမဲ့ ပြီး အဖေ
ရော ကျွန်တော်ပါ ဒုက္ခရောက်လုဆဲဆဲ မှာ ထူးဆန်းစွာ ဘဲ အဲဒီအကျပ်အတည်းကနေ
လွတ်မြောက်ခဲ့ ပါတယ်၊ ဒီအကြောင်းနောက်များကြုံကြိုက်မှရေးပါဦးမယ်။
ဒီလိုနဲ့ အဖေ့ ကိုအနီးကပ်ပြုစုရင်း အဖေ ကျွန်တော့်လက်ပေါ်မှာဆုံးပါတယ်။
အဖေ့ကို တသက်လုံး မြတ်နိုးချစ်ခင်ခဲ့ သလို အခုလို ပင်ပန်းဆင်းရဲစွာ
ပြုစုနေရစဉ်ကာလမှာ တချက်မှမငြိုမငြင်မိဘဲပြုစုခဲ့ လို့ 
ဘေးကုတင်ကလူနာရှင်တွေ နာစ်တွေကတောင် အသိအမှတ်ပြုတယ်၊ အဖေကတောင်” ငါ
့သားကိုအားနာလိုက်တာကွာ”လို့  မျက်ရည်ကလေးနဲ့ ပြောခဲ့ သေးတယ်။ ဒါနဲ့ ဘဲ
အဖေ့နောက်ဆုံးခရီးအတွက်အသေအချာပြုစုခွင့် ရခဲ့ တယ်ပေါ့။ အဖေ့ ဈာပနလဲ
အဆင်ပြေခဲ့ ပါတယ်။ ကျွန်တော်လဲ အဖေ့ ဈာပနအပြီး လပိုင်းအတွင်းမှာဘဲ
အဲဒီခေတ်က ခေတ်စားတဲ့ သင်္ဘောအင်ဂျင်နီယာလိုက်ခွင့် ပွင့်သွားပြီး
တဆင့်ထက်တဆင့်မြင့်ကာ အခုလို လုပ်ငန်းရှင်ဘ၀ရောက်ရတော့ တာဘဲ။

ဒါထက်ထူးတာပြောချင်လို့ ပါ။ ကျွန်တော်ကင်ဆာရောဂါ stage 3 + နဲ
့ဆေးရုံတက်ရပေမဲ့  သေဘေးကလွတ်ခဲ့ ပါတယ်။ ကျွန်တော့် ကို စင်္ကာပူလိုနေရာမှာ
ဆေးကုခွင့်ရအောင် သမီးငယ်က အစစအရာရာပြုစုစောင့်ရှောက်ပါတယ်။ သားမမွေးခဲ
့လို့  ငါ့ကျရင်စောင့်ရှောက်မဲ့ သူရှိမယ်မထင်ခဲ့ ပေမဲ့  အဖေ့ကို ပြူစုခဲ
့တဲ့ ကုသိုလ်ဟာ လက်ငင်းပြန်ပြီး အကျိုးပေးပါတယ်။ အော် အရေးကြီးတာပြောဘို
့ကတော့ ကျွန်တော် ကင်ဆာဖြစ်ပေမဲ့ သေဘေးကလွတ်ခဲ့ တဲ့ အကြောင်းတွေထဲမှာ
အဓိက ကတော့ ကင်ဆာရောဂါနဲ့ ဆုံးပါးခဲ့ တဲ့  အဖေ့ ကို
ကောင်းစွာပြုစုစောင့်ရှောက်ခဲ့ တဲ့ ကောင်းမှုကြောင့်ပါတယ်ဆိုတာ
လူငယ်တွေကိုအသိပေးချင်တာပါ။ ဒီတော့ ကာ ကျွန်တော်အသိပေးချင်တဲ့  Message
ကတော့ လူငယ်တွေအနေနဲ့  မိဘ သက်ရှိထင်ရှားရှိစဉ်မှာ
ကောင်းစွာပြုစုစောင့်ရှောက်ခြင်းနဲ့ မိမိဘ၀ရှေ့ ရေးကို
မိမိကောင်းမှုကုသိုလ်နဲ့  တည်ဆောက်သွားနှိုင်စေချင်လို
့ဒီစာလေးရေးလိုက်ခြင်းဖြစ်ပါတ်ာဗျာ။

Editor’s notes:

  • YE = Young Engineer
  • Ko Ko (Hset Hmu Tekkatho) was an understudy of Saya U Moe Aung (Tekkatho Moe War) during his RIT days. He is an accomplished writer and journalist. His publications include “Yangon Times” and a National Literary Award winning book.
  • Ko Myint Pe — with the help of Patrons Saya U Khin Maung Phone Ko (Vietnam Cartoons) and Saya U Aung Myint (Kyunt Ba Hone) — set up and maintained the RIT Cartoon Box. He and his fellow cartoonists (Aw Pi Kye, Joker, Thiha Latt, …) revived the Cartoon Box and published “RIT Cartoons” for SPZP-2012. The seed money was provided by Ko Aung Win. They donated the gains from the book sales to SPZP-2012. Sadhu, sadhu, sadhu

Categories: Cartoon

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s